MCA Network
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.ဤ Podcast သည် မြန်မာ့လူမှုနယ်ပယ်မှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းစုံကို အများသူငှာအား မသန်စွမ်းမှု အသိပညာ မြှင့်တင်ပေးရန်အတွက် လွတ်လပ်သော တွေးခေါ်ဆင်ခြင်နိုင်မှုဖြင့် မျှဝေလိုကြသူများ၏ အသံများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
မိခင်များရဲ့ စကားသံ အပိုင်း (၁) 05.02.2022 42:59
ဒီအပတ်ကစတင်ပြီး"မိခင်များရဲ့ စကားသံ" အစီအစဉ်သစ်ကို ရေရှည်ထုတ်လွှင့်သွားဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။ ဒီအစီအစဉ်မှာတော့ မသန်စွမ်းမိခင်များ ကိုယ်တိုင်သာမက မသန်စွမ်းသူများကို မွေးထုတ်ပေးခဲ့တဲ့ မိခင်များရဲ့ စကားသံများအဖြစ် သူတို့တွေရဲ့ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ရင်တွင်းဖြစ်ခံစားချက်တွေနဲ့ ရှုထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြချက် ကဏ္ဍစုံကို MCA Network နဲ့အတူ မသန်စွမ်းအသိုက်အဝန်းက မိခင်များက လက်တ...
ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၂) 29.01.2022 35:01
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရိုက်ကူးခွင့်ရခဲ့တဲ့ မသန်စွမ်းဇာတ်ကောင်တွေထဲက ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ခရီးဆက်သူ Traveller ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ မစိုးမိုးဦးကနေ ရုပ်ရှင်ဖန်တီးစဉ်က အမှတ်တရများ၊ ပထမဦးဆုံးအကြိမ် ပိတ်ကားပေါ်မှာ ပရိတ်သတ်နဲ့အတူ စတင်ကြည့်ရှုခွင့်ရစဉ်က ခံစားချက်၊ မိမိ...
ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၁) 22.01.2022 34:45
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ တစ်ယောက်အနေနဲ့ တင်ပြပေးချင်တာကတော့ အရင်က လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံတကာက မသန်စွမ်းဇာတ်ကောင်တွေအပြင် ကိုယ်တိုင်ရိုက်ကူးပုံဖော်ခွင့်ရခဲ့တဲ့ မြန်မာ့မသန်စွမ်းမှုနယ်ပယ်က မှတ်တမ်းရုပ်ရှင်များနဲ့ ဇာတ်ကောင်များအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် မသန်စွမ်းရုပ်ရှင်တွေ ဖန်တီးကြတဲ...
ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း အပိုင်း (၂) 15.01.2022 58:11
ဆောင်းရာသီချစ်သူများရဲ့ အမှတ်တရ စကားသံများနဲ့အတူ ၂၀၂၁ ကနေ ၂၀၂၂ ကာလ အကူအပြောင်းမှာရှိနေတဲ့ ခံစားချက်တွေကိုပါ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး နားဆင်စေချင်တဲ့အတွက် ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင်က“ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း” ဒုတိယပိုင်းမှာ မောင်ကောင်းထွန်းနဲ့ မိခင် ဒေါ်မိမိခိုင်အပြင် ဟန်လီတို့ရဲ့ ဆောင်းရာသီအမှတ်တရများကို မေးမြန်းထားပြီး မောင်ကောင်းထွန်းရဲ့ မင်္ဂလာဆုတောင်း စောင်းလက်သံကိုလည်း နားဆ...
ဟေမာန်လရဲ့ ရင်ခုန်သံ စကားဝိုင်း အပိုင်း (၁) 08.01.2022 1:00:10
လူအတော်များများက ဆောင်းရာသီနဲ့ ပတ်သက်လာရင် အမှတ်တရလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်၊ အခုလို ဆောင်းရာသီမှာ ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကြီးတွေ ရှိနေခြင်းကလည်း အမှတ်တရပေါင်းများစွာကို ကျန်ရစ်စေပါတယ်၊ ဒါတင်မကသေးပါဘူး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့တိုင်း အမျိုးမျိုးသော လှုပ်ရှားမှုတွေနဲ့ ကျင်းပလေ့ရှိကြတာဖြစ်လို့ မသန်စွမ်းသူတွေအတွက်လည်း ဆောင်းရာသီမှာ အမှတ်တရ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၂) 25.12.2021 50:15
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" ခေါင်းစဉ်အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတဲ့ ရုပ်ရှင်ကတော့ "Come As You Are" ဖြစ်ပြီး ဒီရုပ်ရှင်ကားရဲ့ ဆိုလိုရင်းကတော့ မသန်စွမ်းသူတွေရဲ့ ဘ၀မှာ ကျန်းမာသင့်လျှော်သော ရင်းနှီးမှုတည်ဆောက်ခြင်းနဲ့အတူ လိင်ပိုင်းဆိုင်ရာ အခန်းကဏ္ဍများမှာ တန်းတူအခွင့်အရေးရရှိနိုင်ဖို့ လိုအပ်ကြောင်းကို မီးမောင်းထိုးပြ...
ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ အပိုင်း(၁) 18.12.2021 1:02:04
ဒီအပတ်မှာတော့ "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ" အကြောင်းကို ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်ကနေ ရှေရှည်ဖော်ထုတ်ပေးသွားဖို့ အစပြုတဲ့အနေနဲ့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးနဲ့အတူ ပူးတွဲတင်ဆက်မည့်သူများကတော့ ရုပ်ရှင်ဒါရိုက်တာ သမီးမြတ်ကျော်နဲ့ Filmmaker စိုင်းနော်ခမ်းတို့ပဲ ဖြစ်ပါတယ်။ ခွဲထွက်လာသော ရုပ်ရှင်ဆိုတာကတော့ ပင်မရုပ်ရှင် ရေစီးကြောင်းမှာ တင...
လမ်းပေါ်က သီချင်းသည် အနှစ်ချုပ်ဆွေးနွေးခြင်း 11.12.2021 1:10:44
လမ်းပေါ်က သီချင်းသည် နောက်ဆုံးပိုင်း အနှစ်ချုပ်မှာတော့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများဖြစ်တဲ့ မနွေးဇာခြည်စိုးနဲ့ ကိုပြည့်ဖြိုးအောင်တို့က မသန်စွမ်းသီချင်းသည်များနဲ့ အများပြည်သူတို့ရဲ့ နှစ်ဖက်ရှုထောင့်၊ နှစ်ဖက်အမြင်များနဲ့သုံးသပ်ပြီး အသေးစိတ်အကြံပြုချက်များ ဆွေးနွေးပေးထားတဲ့အပြင် ဗဟုသုတရဖွယ် ကျောထောက်နောက်ခံ ဇာတ်လမ်းများကိုပါ မိတ်ဆက်ပေးထားပါတယ်။ ယခုခေါင်းစဉ်နှင့် တင်ဆက်မှုအလုံးစုံသည် အပြုသဘေ...
လမ်းပေါ်က သီချင်းသည် အပိုင်း(၃) 04.12.2021 1:09:59
လမ်းပေါ်က သီချင်းသည် အပိုင်း (၃)မှာတော့ မသန်စွမ်းမှုနယ်ပယ်စုံက အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များရဲ့ ဆွေးနွေးချက်များကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ လမ်းပေါ်မှ သီချင်းသည်များကို စတိတ်စင်ပေါ်အထိ ရောက်ရှိလာပြီး ဂုဏ်သိက္ခာရှိရှိ အနုပညာကြေးနဲ့ ပြည်သူကိုဖျော်ဖြေနိုင်လာဖို့အတွက် သူတို့ကို ဘယ်လိုမြှင့်တင်သင့်တယ်၊ ဖေးမသင့်တယ်၊ နားလည်ပေးသင့်တယ်ဆိုတာတွေအပြင် ရေရှည်အတွက် ဘယ်လိုစံမံပေးသင့်သလဲ...
လမ်းပေါ်က သီချင်းသည် အပိုင်း(၂) 27.11.2021 1:04:03
လမ်းပေါ်က သီချင်းသည် အပိုင်း (၂)မှာတော့ မသန်စွမ်းအသိုက်အဝန်းက အနုပညာရှင် လူငယ်များရဲ့ အားတက်သရော ပါဝင်ဆွေးနွေးမှုများနဲ့အတူ "ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်"ဆိုတဲ့ သီချင်းနဲ့ လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အမြင်အာရုံ မသန်စွမ်းအဆိုရှင် အစ်မတစ်ဦးနဲ့အတူ လမ်းပေါ်မှာပူးတွဲဖျော်ဖြေပေးခဲ့တဲ့ မူရင်းအဆိုရှင် ချယ်ရီသင်းနဲ့လည်း အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက မေးမြန်းဆွေးနွေးထားပါတယ်။ တစ်ကယ်တော့ မသ...
လမ်းပေါ်က သီချင်းသည် အပိုင်း(၁) 20.11.2021 1:03:50
လမ်းပေါ်က သီချင်းသည်ဆိုတာ မိမိတို့ဂီတပညာနဲ့ လမ်းပေါ်မှာ အသက်မွေးဝမ်းကြောင်းပြုနေသူများကို ဆိုလိုပါတယ်။ မိတ်ဆွေတို့အနေနဲ့ လမ်းပေါ်က သီချင်းသည်များနဲ့ ပတ်သက်ပြီး မြင်ဖူး၊ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို အစီအစဉ်တင်ဆက်သူ မနွေးဇာခြည်စိုးက သီချင်းသည်များကို လူတွေ့မေးမြန်းထားပါတယ်။ သူတို့တွေ ဘာကြောင့် လမ်းပေါ်ကို ရောက်လာရသလဲဆိုတော့ အခုလိုခက်ခဲကြပ်တည်းတဲ့ ကာလမှာ စားဝတ်နေရေးအတွက် ကိုယ်တတ်သိနားလည်တ...
နားထောင်သူအဖြစ်မှ တင်ဆက်သူအဖြစ်သို့ 13.11.2021 41:18
ကျွန်ုပ်တို့ Myanmar CinemAbility Network ရဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" အစီအစဉ် တင်ဆက်မှုအကြောင်း မိတ်ဆက်နဲ့ ပရိတ်သတ်များကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်ကြောင်းအပြင် အတွေ့အကြုံလိုအပ်မယ့်သူတွေအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ ဝေမျှပေးခြင်း၊ တင်ဆက်ပုံကောင်းမွန်စေရန် အကြံဉာဏ်များပေးခြင်းနဲ့အတူ ကျင့်ဝတ်နဲ့ညီညွတ်တဲ့ တင်ဆက်သူကောင်းတွေဖြစ်လာစေဖို့ အလေ့အကျင့်ကောင်းများနဲ့အတူ မိမိရဲ့ဝေမျှလိုရာများကိ...
Podcast မိတ်ဆက်ဏ္ဍ 10.11.2021 8:01
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် စနေနေ့ည ၇ နာရီမှာ စတင်လွှင့်တင်မယ့် ကျွန်ုပ်တို့ Myanmar CinemAbility Network ရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့ "ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး" အသံလွှင့်အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ ပရိတ်သတ်များအနေနဲ့ ဒီအစီအစဉ်က အပတ်စဉ်ထုတ်လွှင့်မယ့် အကြောင်းအရာစုံကို နားထောင်လိုပါက Facebook Page ကို Like ဒါမှမဟုတ် Follow လုပ်ထားဖို့လိုသလို Anchor မှာလည်း Subscribe လုပ်ထားနိုင်ကြောင်း အ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.