Lynn

Podcast by Lynn

Arts MY ↓ 96 episodes

I recite audiobooks especially poems.

Author

Lynn

Category

Arts

Podcast website

minthawsoe.blogspot.com

Latest episode

Jun 22, 2024

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

မောင်ယုပိုင် - ရေခဲပြင်ကြီးတစ်ခုအောက်မှာ 08.06.2020

မောင်ယုပိုင်၏ ရေခဲပြင်ကြီးတစ်ခုအောက်မှာ ကဗျာကို ရွတ်ဆိုခြင်း ဖြစ်ပါသည်

ရှိန်ဝါ - ဟင်းချက်နည်းလမ်းညွှန် 28.05.2020

ဘတ်စ်ကားလက်ကိုင်ကွင်းကို လွတ်သွားတဲ့ ခဏမှာတင်ပဲ သူ့ကို ပြင်းပြင်းရှရှ သတိရမိတယ်။ ငါ ချော်လဲတော့ တကားလုံးက လူတွေ စိုးရိမ်တကြီးနဲ့ အရမ်းချစ်တယ်နော်လို့ လှမ်းအော်ကြတယ်။ ငါ့မှာ ငါးရာတန်ပဲရှိတော့ ဘတ်စ်ကားကနေ တဆင့် နိုင်ငံတော်ဆီမှာ အကြွေးသုံးရာ ရစရာရှိနေတယ်။ အဲ့ဒါ ငါ့ကောင်မလေးက ပြန်ဆပ်မှာပဲဆိုပြီး အေးအေးဆေးဆေး အိပ်နေလိုက်တော့တယ်။ မိုးရွာနေပုံက တကယ့်ကို အေးအေးဆေးဆေး၊ တချောင်းချင်းစီ ကျနေသလိုမျိုး။ မင်းဟာ...

ဇေယျာလင်း (ဘာသာပြန်) - မင်းရဲ့လက် 10.05.2020

Han Dong ၏ Your Hand

မောင်ဒေး (ဘာသာပြန်) - ကမ္ဘာကြီးကို မင်းရဲ့ပခုံးနဲ့ ထမ်းထားတယ် 10.05.2020

Carlos Drummond De Andrade ၏ You carry the world on your shoulders

မောင်ဒေး (ဘာသာပြန်) - ဂါဝန် 10.05.2020

Carlos Drummond De Andrade ၏ Story of the Dress

ဇေယျာလင်း - အမှတ်ရမှုတွေ 08.05.2020

ဆရာဇေယျာလင်း၏ အမှတ်ရမှုတွေ (ချစ်လို့ပေါ့ ကဗျာစာအုပ်မှ)

မောင်ဒေး (ဘာသာပြန်) - စစ်ပွဲကာလတစ်လျှောက် ကျွန်တော်တို့ ပျော်ပျော်ပဲနေခဲ့ကြတယ် 07.05.2020

We Lived Happily During The War by Ilya Kaminsky

ဇော်ဇော်အောင် - ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏ 03.05.2020

ဇော်ဇော်အောင်၏ ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏

ဝင်းမြင့် - အစပ် 03.05.2020

ဟိုစပ်စပ် ဒီစပ်စပ် ဘာမှ ဟုတ်တိပတ်တိ ဖြစ်ထွန်းပေါက်မြောက်အောင် မလုပ်ဘူး အဖေ၊ ကျွန်တော် ကဗျာစပ်နေပါတယ်၊ ဆေးစပ်နေပါတယ်၊ အရောင်တွေ စပ်နေပါတယ်၊ သီချင်းတွေ စပ်နေပါတယ်၊ စပ်တာမှ ရှူးရှူးရှဲရှဲမြည်အောင် စပ်ချင်တာပါ၊ စပ်တာတော့ စပ်တာပေါ့၊ ဒါပေမဲ့ မင်းစပ်တဲ့အစပ်က သူများပါးစပ်ထဲ၊ လျှာထဲ စွဲသွားအောင်စပ်တဲ့ အစပ်မျိုးလား မင်းတစ်ယောက်တည်းစပ်နေရုံနဲ့ ပြီးမလား သူတို့ စပ်စပ် မစပ်စပ် အဓိကမဟုတ်ဘူးမဟုတ်လား၊ ကျွန်တော် စပ...

ဏေသစ် - ဇင်မောင်ကျော်ကိုကိုသန့် 03.05.2020

ထီးတစ်လက်ကို ကောက်ကိုင်ပြီး မိုးထဲလေထဲ ပြေးဆင်းသွားတဲ့ ကောင်မလေးနောက်ကို ပြေးလိုက်တယ်။ ချက်ချင်းပဲ ဆောင်း ရောက်သွားတယ်။ နောက်တစ်ခါ မျက်စိဖွင့်ကြည့်တော့ သူချစ်တဲ့ ကောင်မလေးဟာ လေဆိပ်တိုင်းမှာ ရောက်နေပြီ။ ဇင်မောင်ကျော်ကိုကိုသန့် လှမ်းခေါ်တယ်။ ကိုယ် အားပေးတဲ့ အသင်း ဂိုးပေါက်ချော်သွားတဲ့ ဟာခနဲ အသံမျိုးနဲ့။ လက်နှစ်ဖက်ကို နောက်ပစ်ထားခြင်းဟာ ကိုယ့်လက်ထဲ ဘာမှ ရှိမနေတဲ့အကြောင်း ကိုယ့်ကိုယ်ကို ပြန် အသိမပေးတာ...

နေမျိုးဆက်လူ - မိန်းကလေး 26.04.2020

ကျွန်မ မောင်လေးလေ၊ မနက်က ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတာ၊ ခုညနေ ပြန်လာတော့ တစ်စစီ၊ လွယ်အိတ်တောင် မပါဘူး ဒါတောင် တခြားသူက ပြန်လာပို့ပေးလို့ ဘယ်လောက်တောင် တစ်စစီလည်း ဆိုရင် ခေါင်းနဲ့ ကလီစာတွေကို တစ်ထုပ်၊ ကျန်တာတွေကို တစ်ထုပ် ကျနော်တို့ မြို့မှာ အမှိုက်ပစ်တဲ့ အိတ်အမည်းတွေနဲ့ ထုပ်ပြီး ပြန်လာတာ၊ စစ်ကြည့်တော့ ခြေထောက်တစ်ဖက်နဲ့ လက်ချောင်းနှစ်ချောင်းလိုနေတယ်၊ ဘယ်ဘက် လက်ခလယ်မှာတော့ လက်စွပ်အရာကြီးနဲ့၊ လက်စ...

ပိုင်စိုးဝေ - လူဆိုတာ အနွေးဓာတ်လိုတယ် 26.04.2020

လူဆိုတာ အနွေးဓာတ်လိုတယ် မြနှင်းဝေရေ မင်းမရှိရင် ငါ မဖြစ်ဘူးကွဲ့ လူဆိုတာ အနွေးဓာတ်လိုတယ်။ အနွေးဓာတ်ဟာ တောင်အရပ်က စပြီး အမြဲ လာတယ်။ မြနှင်းဝေရေ တို့၊ ပင်လယ်တွေဆီ သွားကြစို့ အနွေးဓာတ်ဟာ တောင်အရပ်က စပြီး အမြဲတမ်း လာတယ်။ ဂုဏ်သိက္ခာနဲ့ ဘဝကို လျှော်ကြေးအဖြစ် ပေးဆပ်ကာ ကော်ပီသီချင်းတွေနဲ့ ဝမ်းစာရှာပြီး ကဗျာဆရာအဖြစ် သေလိုတဲ့ ငါ့မိတ်ဆွေလည်း အနွေးဓာတ် လိုအပ်ခဲ့မယ်။ ကြယ်တွေနဲ့ တိုးတိုက်မိမတတ် မှောင်မှောင်မည်းမ...

ဇော်ဇော်အောင် - ယုဇနမခင်ပျို 18.04.2020

ဇော်ဇော်အောင်၏ ယုဇနမခင်ပျို

ဇေယျာလင်း - မမလီဇာ လိုင်ဇာရောက်ဖူးလား 18.04.2020

မမလီဆာဟာ “ဒိုင်းနမိုက်” ပဲ ကျွန်တော် ကရင်တပ်သားလေးဘ၀ထဲက မမလီဆာကိုစွဲခဲ့တာ ဂစ်တာသံတွေ တဒိုင်းဒိုင်းကြားရင်းနဲ့အိပ်ပျက်ခဲ့ရတယ် မာနယ်ပလောမှာ ခရစ္စမတ်ပွဲတော်နေ့မှာလည်း လိုင်ဇာဟာ ဒိုင်းနမိုက်ပဲ လက်ဝါးကပ်တိုင်ပေါ်ကခရစ်တော်ဟာ လောင်ချာစာ မိသွားတယ် “ဒိုင်းနမိုက်”၊ တိုင်းရင်းသားကိုချစ်တဲ့အရသာ “ဒိုင်းနမိုက်” လမ်းဘေးမှာ တန်းစီနေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားက မတင်သွင်းဘူး စစ်လေယာဉ်တွေ မောင်းလာတဲ့ ကိုကိုဗိုလ်ကြီ...

မောင်သိန်းဇော် - မီးဖွင့်လိုက် 18.04.2020

နေမွန်းတည့် ငါ့အိမ်မှာ အမှောင်တွေ သိပ်သည်းလွန်းလှသမို့ မီးဖွင့်လိုက် ခန်းလုံးပြည့်မှောင်တဲ့ အမှောင်ထဲ တိမ်ရောင်စုံ မမြင်ရ၊ ပင်လယ်စင်ရော်နဲ့လှိုင်းလုံးများ မမြင်ရ၊ စိမ်းညို့တောင်တန်းတွေ မမြင်ရ၊ ငါ့ရဲ့ တစ်ခန်းလုံးမှောင်ရဲ့ မီးဖွင့်လိုက် ချစ်ခြင်းစကားဖွင့်ဟတဲ့ မျက်လုံးလေးကို မမြင်ရအောင် မှောင်မည်း၊ အလှတရားနဲ့ ၀င်းမှည့်တဲ့ သီချင်းသံကို မကြားရအောင် မှောင်မည်း ပုပ်အဲ့အဲ့အမှောင်တွေသာ ပြည့်နှက်၊ ပြီးတော့...

စိုင်းဝင်းမြင့် - မောင်ချောနွယ်နှင့် ကမ္ဘာလဆန်းတစ်ရက် 12.04.2020

ဆရာမောင်ချောနွယ် မကြာခဏပြောတတ်တာရှိတယ် လူညံ့တွေ ဖြစ်ထွန်းတဲ့တိုင်းပြည်တဲ့ ဖြစ်ထွန်းတယ်ဆိုတာ အရင်က မိုးတိမ်ဖြစ်ထွန်းတာတို့ ဒီမြေမှာ စပါးဖြစ်ထွန်း ပဲပြောင်းနှမ်းဝါ ဖြစ်ထွန်းတာတို့ ကောင်းတဲ့ လှတဲ့ဘက် တစ်ခုခုထွန်းပေါက်တဲ့အခါ အများထဲကတစ်ခုတစ်ယောက် ပြီးတော့များစွာ အဲဒီလို ပေါ့စတစ်တွေနဲ့သွားတာကိုပြောတာ ဆရာမောင်ချောနွယ်က လူညံ့တွေပေါတဲ့တိုင်းပြည် ထွန်းကားတဲ့မြို့ကြီးတစ်မြို့ လူညံ့တွေဖြစ်ထွန်းနေတာပါကွာ ဗိုလ...

မောင်သိန်းဇော် - ဂျွန်ကပြောတယ် အားလုံးမြစ်ဆီသို့ 11.04.2020

စိတ် ကလေး မလွမ်းအောင် နေလို့ မရဘူး လွမ်း လွမ်းနေ ၊ သူ့ခမျာ မပျော်အောင်လည်း နေလို့ မရဘူး ၊ ပျော် ပျော်နေ ဟေး ဂျွန် အချစ်ကို မနိုင်မနင်းသယ်ဆောင်လာတဲ့ တစ်မျှော်တစ်ခေါ်အနမ်းရဲ့ ဟိုး အတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့ ၊ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့ လေယာဉ်ပျံကြီး နဲ့မှ မဟုတ်ပါဘူး ၊ ပျံလွှားငှက်လေး နဲ့လည်း လိုက်မယ် ။ ဒီ လောကီမှာ ဒီပါးပြင်လေးကို ဒီ နှစ်လုံးသားအရူးအမူးလေးက ဘယ့်နှယ့်လုပ်လို့မှ သူစိ...

ဇာတိ(အန္တိမ) - ကျွန်တော် မသိပဲ မိုးတွေရွာသွားတယ် … မကြည်ဖြူ 11.04.2020

အသံနဲ့လဲ ရောက်ရပါစေ …. အလင်းနဲ့လဲ ရောက်ရပါစေ …. မကြည်ဖြူ …. ၊၊ ၊၊ အဖြူရောင်နဲ့ သီးတဲ့ စတော်ဘယ်ရီသီးလေးထဲမှာ မကြည်ဖြူကို ကျွန်တော်တွေ့တယ် ၊ အဖြူရောင်နဲ့ တီးတဲ့ စန္ဒရားခလုတ်တွေထဲမှာ မကြည်ဖြူ အသံကို ကျွန်တော်ကြားတယ် ၊ ပြီးတော့ …. ကမ္ဘာပေါ်မှာ တခြားကမ္ဘာတစ်ခုကို ကျွန်တော် ရှာဖွေတွေ့ရှိတယ် ၊၊ ကျွန်တော် ဘယ်သူနဲ့မှ မတိုင်ပင်ပဲ ရူးသွားမိတယ် ထင်တယ် မကြည်ဖြူ ကို မွေးတဲ့နေ့လေးဟာ ကမ္ဘာကြီး စတင်ဖြစ်ပေါ်ရာနေ့လိ...

ဆပ်ရိပ် - ငါမင်းကိုသတိရတယ် ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ် 05.04.2020

အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။ နွေရက်တွေမှာ တစ်ယောက်တည်း လူးလိမ့်ရင်း၊ မိုးရက်တွေမှာ စိုထိုင်းအုံ့မှိုင်းရင်း ၊ ဒီဇင်ဘာရောက်ရင် အေးစိမ့်မှုကို မျှော်လင့်ရင်းပေါ့။ သီချင်းတပိုင်းတစနဲ့ပဲဖြစ်ဖြစ် ရေမွှေးနံ့လေးကြောင့်ပဲဖြစ်ဖြစ် အရာအားလုံးပြန်မြင်ရဖို့ အရာဝတ္ထုသေးသေးလေးတွေကိုပဲ တကယ်တမ်းလိုအပ်ပါတယ်။ နေ့စဉ်ဘဝမှာ မင်းလိုပဲ လူတွေဟာ ဝင်ထွက်သွားလာနေမှာပေါ့။ပြီးတော့ မင်...

ဝင်းမြင့် - ရည်းစားစာ 05.04.2020

ကျွန်တော့်ရဲ့ မခင်သစ်ပင် ။ အချစ်ဆိုတာ ပွဲလမ်းသဘင် ဖြစ်ရင် ကျွန်တော်နဲ့ မခင်သစ်ပင်ရဲ့ ဇာတ်မှာ ဘယ်သူ ကန့်လန့်ကာလဲ တောတောင် လျှိုမြောင် ပိတ်ကားရှေ့ ကျွန်တော်အော်ခေါ်နေတာ အနှစ်သုံးဆယ် ။ မခင်သစ်ပင် ဇာတ်လမ်းအရ ငိုချင်လည်း ငိုမယ် ပျော်ချင်လည်း ပျော်ရမယ် ကျွန်တော် တယော မထိုးတတ်ဘူး ရောမမြို့ကြီး မီးလောင်ရင်လည်း ကြည့်မနေနိုင်ဘူး ကျွန်တော်ဟာ သာမန်လူဖြစ်ပြီး ကျွန်တော်ဟာ ချစ်တတ်လို့ ။ မခင်သစ်ပင် ကျွန်တော်တို့...

နေမျိုး - တစ်စုံတစ်ယောက်ကို သင် ချစ်တော့မည်ဆိုလျှင် 05.04.2020

တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် ပထမဦးဆုံးစဉ်းစားထားဖို့ လိုတာက သင့်ဝိညာဉ်ကို ဘယ်အတိုင်းအတာအထိ ခွဲဝေပေးနိုင်သလဲ ဆိုတာပါပဲ။ အဲဒီအချက်ကို သိရှိပြီးရင် နောက်ထပ် သင်နားလည်ထားရမှာက လက်တွေ့မှာ သင် ခွဲဝေပေးနိုင်တာထက် အနည်းဆုံး၂ဆပိုပြီး အသုံးပြုရမှာဖြစ်တယ် ဆိုတာပါပဲ။ တစ်စုံတစ်ယောက်ကို သင် ချစ်တော့မယ်ဆိုရင် သူဝမ်းနည်းတဲ့အခါ သင် မျက်ရည်ကျရလိမ့်မယ်၊ သူပျော်ရွှင်တဲ့အခါ သင် ရယ်မောရမှာ ဖြစ်တယ်။ တစ်စုံတစ်...

Listen to the Podcast by Lynn podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.