Democratic Voice of Burma

DVB News

News MY ↓ 1459 episodes

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Author

Democratic Voice of Burma

Category

News

Podcast website

burmese.dvb.no

Latest episode

Jul 10, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

စစ်ကောင်စီ၏ ပညာရေးညီလာခံ မျှော်လင့်စရာမရှိဟု CDM ပညာရေးဝန်ထမ်းများပြော 26.05.2023

အာဏာသိမ်းကောင်စီအောက်မှာ ကျင်းပတဲ့ ပညာရေးညီလာခံက ဘာမှ မျှော်လင့်စရာမရှိဘူးလို့ CDM ပညာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ကရင်နီပြည်က ကိုယ်ထူကိုယ်ထကျောင်းများတွင် ဗုံးခိုကျင်းတူးပြီး ပညာသင်ကြားနေရ 25.05.2023

ရှမ်းပြည်နယ်အစပ်နဲ့ ကယား(ကရင်နီ) ပြည်နယ်အတွင်းက ကိုယ်ထူကိုယ်ထစစ် ဘေးရှောင်စာသင်ကျောင်း အများစုဟာ ဗုံးခိုကျင်း တွေတူးထားရပြီးပညာရေးကို အသက်နဲ့ရင်းကာ သင်ကြားနေရပါတယ်။

မုန်တိုင်းပြီး တပတ်ကျော်ကြာသည်ထိ ရခိုင်ပြည်သူများဆီ လူသားစာနာမှုအကူအညီ မရောက်သေး 24.05.2023

မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို မုန်တိုင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ မရောက်ရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုန်တိုင်းကြောင့် ကျေးရွာ ၇၀ ကျော် ဆားငန်ရေဝင်ရောက်လို့ သောက်သုံးရေ ခက်ခဲနေ 23.05.2023

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက်မှာ ကုလားတန်မြစ်ကြောင်းနဲ့ မယူမြစ်ကြောင်းက ကျေးရွာ ၇၀ ကျော်လောက်ကို ဆားငန်ရေတွေ ဝင်ရောက်လို့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်နေပါတယ်။

မွန်ပြည်သစ်ပါတီ PPST ကနေ နုတ်ထွက် 22.05.2023

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  ပါဝင်လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့ စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST ကနေ မွန်ပြည်သစ်ပါတီက နုတ်ထွက်သွားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့် 22.05.2023

၂၀၂၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်သံအမတ်ကြီးဦး ကျော်မိုးထွန်းအတွက် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အမေရိ ကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းခဲ့ပါတယ်။

မိုခါမုန်တိုင်းနှင့် ထိုင်းရွေးကောက်ပွဲသုံးသပ်ချက် DVB Weekly News Digest အစီအစဉ်။(20MAY2023) 21.05.2023

အခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်သွားတဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ထိုင်းရွေးကောက်ပွဲအကြောင်း ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

အမေရိကန် မြို့ကြီး ၇ မြို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ် 20.05.2023

မြို့တော်ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအပါအဝင် အမေရိကန်နိုင်ငံအတွင်းရှိ  တရုတ်ကောင်စစ်ရုံးတွေရှိတဲ့ မြို့  ၇ မြို့မှာ မေလ ၁၉ ရက်ကနေ  ဇွန်လ ၁၉ ရက် အထိ အချိန်တလကြာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်သွားမယ်လို့  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

တောင်ငူအကျဉ်းထောင်က သေနတ်လုပြေးခဲ့သည့် အကျဥ်းသား ၉ ဦး လွတ်မြောက်နယ်မြေ ရောက်ရှိ 19.05.2023

ပဲခူးတိုင်း၊တောင်ငူမြို့အကျဉ်းထောင်မှာ မေ ၁၈ ရက် ညနေ ၃ နာရီလောက်က အကျဉ်းထောင်လုံခြုံ ရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက်လုံး လွတ်‌မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်ကပြောပါတယ်။ အကျဥ်းထောင်ထဲကနေ ရုံးထုတ်ဖို့ခေါ်လာချိန်မှာ ထောင်လုံခြုံရေးတွေဆီကသေနတ်လုပြီး အပြန်အလှန် ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ပြည်သူ့က...

ICJမှာ တန်ပြန်လျှောက်လဲချက်တင်ရန် အချိန်ဆွဲနေခြင်းဟာ မြန်မာနိုင်ငံသားများအတွက်နစ်နာမှုရှိနေ 19.05.2023

ICJ တရားရုံးမှာ တန်ပြန်လျှောက်လဲချက်တင်ဖို့ အချိန်ဆွဲနေတဲ့ စစ်ကောင်စီရဲ့တောင်းဆိုချက်ကို တရားရုံးက ခွင့်ပြုပေးနေတာက မြန်မာနိုင်ငံသားအားလုံးအတွက် နစ်နာမှုရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကားရောက် ဗင်နီဇွဲလားရွှေ့ပြောင်းအခြေချသူတဉီး၏ ကြောက်မက်ဖွယ် လာရာခရီး 19.05.2023

အမေရိကားရောက် ဗင်နီဇွဲလားရွှေ့ပြောင်းအခြေချသူတဉီးက သူတို့ လာရာလမ်းခရီးရဲ့ ကြောက်မက်ဖွယ်bအခက်အခဲတွေ ပြန်လည်ပြောပြတာကို တင်ဆက်ပေးထားပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေ ရိုဟင်ဂျာစခန်းများက သေဆုံးသူ ၁၀၀ ကျော်အလောင်းကို သင်္ဂြိုလ်ပြီး 18.05.2023

မိုခါမုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သင်္ဂြိုလ်ပြီးအလောင်း ၁၀၀ ကျော်ရှိနေပြီး နောက်ထပ်သေဆုံးသူဦးရေ ဒီထက်တိုးလာနိုင်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်ဈေးတက်၊ ပြည်သူတွေ စားနပ်ရိက္ခာနဲ့ သောက်ရေ လိုအပ်နေ 17.05.2023

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်တစ်အိတ်ကိုကျပ်နှစ်သောင်းလောက်ဈေးတက်လာပြီးမုန်တိုင်းရှောင် ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ သောက်ရေ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်အဖွဲအစည်းတွေက ပြောဆိုလိုက်ပါတယ်။

မိုခါဆိုင်ကလုန်းကြောင့်ပျက်စီးမှုကို အမြန်ဆုံးအကူအညီပေးဖို့ AA တောင်းဆို 16.05.2023

မိုခါဆိုင်ကလုန်းကြောင့်ဆုံးရှုံးပျက်ဆီးမှုတွေကို ရခိုင့်တပ်တော် အေအေက စာရင်း စတင်ကောက်ယူနေပြီး စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူတွေဆီကို နိုင်ငံတကာအနေနဲ့ အကူအညီ အမြန်ပေးဖို့ အေအေဘက်က တောင်းဆိုလိုက်ပါတယ်။

မိုခါမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့  မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ထန်းတပင်မြို့နယ်၌ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ် 14.05.2023

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက်မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါပျောက်ဆုံးနေပါတယ်။

အမေရိကန်ရောက်မြန်မာများ တရုတ်သံရုံးရှေ့ ဆန္ဒပြ 13.05.2023

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့  တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေက တရုတ်နိုင်ငံအလံကို မြေမှာချနင်းပြီး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မေလ ၁၂ ရက်က  ဆန္ဒပြခဲ့ကြပါတယ်။

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့နယ်ကို ဦးတည်နေ 11.05.2023

စစ်တွေကို ဦးတည်နေတဲ့ အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း ၄ ခုရှိ လူဦးရေ ၂ သန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ကြဖို့ မိုးလေဝသပညာရှင်က တိုက်တွန်းလိုက်ပါတယ်။ http://burmese.dvb.no/archives/592696

မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးရှောင်ရန် ဒေသခံမျာကို အေအေ ကူညီပေးနေ 11.05.2023

ရခိုင်ပြည်နယ်နေရာတချို့မှာ မိုခါမုန်တိုင်းဘေးရှောင်ဖို့ ရက္ချိုင့်တပ်တော် (အေအေ)က ကူညီပေးနေပေမယ့် ဒေသအများစုမှာတော့ ပြင်ဆင်မှုတွေဘာမှမလုပ်ရသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။ http://burmese.dvb.no/archives/592715

ထိုင်းရွေးကောက်ပွဲ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်မလား 10.05.2023

မေလ ၁၄ ရက်မှာ ပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲရလဒ်က မြန်မာ့ နွေဦးတော်လှန်ရေးအတွက် အထောက်အ ပံ့ဖြစ်နိုင်မလား၊ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။ ဒီအကြောင်းကို ထိုင်းနဲ့ မြန်မာ နိုင်ငံရေး သုတေသီတွေကို   မေးမြန်းတင်ဆက်ပေးမှာပါ။

အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိလာနိုင် 09.05.2023

မြန်မာ့အရေးကို အဓိကဆွေးနွေးမယ့် အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိ လာနိုင်တယ်လို့လေ့လာသူ တွေက သုံးသပ်ထားပါတယ်။

မုန်တိုင်းဝင်နိုင်သဖြင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်း 08.05.2023

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းအဆင့် မေလ ၁၀ ရက်မှာ ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတွေနဲ့ ရေကြီးနိုင်တဲ့ နေရာတွေ အထူး သတိထားကြဖို့ မိုးလေဝသ ပညာရှင်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဈေးကစားလိုသူများကြောင့် မြန်မာပြည်တွင်း ဆန်ဈေးတက် 07.05.2023

မြန်မာပြည်တွင်းမှာ စပါးတွေရှိပေမဲ့လည်း ဆန်ဈေးကစားလိုသူတွေကြောင့် ဈေးတွေ တက်လာတဲ့အပြင် လက္ကားဈေးကွက်တွေမှာ ဆန်ပြတ်လပ်တာတွေ ဖြစ်နေတယ်လို့ ဆန်စပါးကုန်သည်တွေက ပြောပါတယ်။

မြန်မာတွင် တရက်တည်း ကိုဗစ်လူနာသစ် ၂၀၀ ခန့် စံချိန်တင်ထပ်မံတွေ့ရှိ 06.05.2023

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ နေ့စဉ် ရာနဲ့ချီထပ်တွေ့နေပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။

Listen to the DVB News podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.