Democratic Voice of Burma

DVB News

News MY ↓ 1459 episodes

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Author

Democratic Voice of Burma

Category

News

Podcast website

burmese.dvb.no

Latest episode

Jul 10, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

DVB Newsbreak 5.5 ( ၃၀ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 30.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၃၀  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စစ်ကောင်စီရဲ့တပ်စခန်း ၆၀ ကျော်ကို သိမ်းပိုက်ထားတဲ့သတင်း  -သိန္နီမြို့နယ်မှာ  ရွာသားတွေ လက်နက်ကြီးထိမှန်ပြီ ဒေသခံ  ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရတဲ့ သတင်းနဲ့  -ထိုင်းလဝကအရာရှိ လက်မှတ်တုနဲ့ ဝင်ရောက်လာတဲ့  မြန်မာ ၂၀ ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ရမှာပါ

စစ်ကောင်စီတပ်စခန်း ၆၀ ကျော်ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ သိမ်း 30.10.2023

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်း ၆၀ ကျော်ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက သိမ်းပိုက်ထားပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်သူပေးပို့ထားပါတယ်။

"ထောင်ဝင်စာနှင့် ဖြတ်စားလာဘ်စား ထောင်အာဏာပိုင်များ"(WeeklyNewsDigest 28OCT2023) 29.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ထောင်ဝင်စာနှင့် ဖြတ်စားလာဘ်စား ထောင်အာဏာပိုင်များ၊ ကချင်တော်လှန်ရေး ၆၃ နှစ် ၊ ရုပ်သေးမီဒီယာကောင်စီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ရှမ်းမြောက်စစ်ရေးအဓိကနေရာများကို သိမ်းပိုက်နိုင်ဟု မဟာမိတ် ၃ ဖွဲ့ ကြေညာ၊ 28.10.2023

ရှမ်းပြည်နယ်မြောက်ပိုင်းက ချင်းရွှေဟော်တံတား ၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြို့တို့က စစ်ရေးအဓိကကျတဲ့ နေရာအများအပြားကို သိမ်းပိုက် ချေမှုန်းနိုင်ခဲ့ပြီး အခုအချိန်အထိ စခန်းသိမ်းတိုက်ပွဲတွေအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေရာအနှံ့ ဆက်ဖြစ်နေတယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက အောက်တိုဘာ ၂၇ ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ထုတ်ပြန်ပါတယ်။ စစ်ဆင်...

မြန်မာ ကျောင်းသားလူငယ်မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ဆုံးရှုံးနိုင် 28.10.2023

မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ်မျိုးဆက်တခုလုံး ပညာသင်ကြားခွင့်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းမှာ ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဖူးအိအိနွယ် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 ( ၂၇ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 27.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ရှမ်းပြည်မြောက်ပိုင်းနေရာအနှံ့ စစ်ရေးအဓိကနေရာတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက တချိန်တည်း စီးနင်းတိုက်ခိုက်ခဲ့တဲ့သတင်း  -ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာ ဆေးကုသမှုခံယူတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းက ဖမ်းဆီးငွေညှစ်နေတဲ့သတင်းနဲ့  -မြန်မာကာစီနိုလောင်းကစားရုံတွေမှာ လူကုန်ကူးခံရတဲ...

ကရင်နီပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ မကြာခင်ဖော်ဆောင်သွားမည် 27.10.2023

ကရင်နီပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေမကြာခင်ဖော်ဆောင်သွားမှာဖြစ်ပြီး တပ်ဖွဲ့ဝင်အားလုံး လက်နက်တပ်ဆင်ပေး နိုင်တဲ့နေ့က ကရင်နီပြည်နယ် အပြီးတိုင်လွတ်လပ်တဲ့နေ့ဖြစ်တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ်KNDF ရဲ့ ဒုစစ်ဦးစီးချုပ်ကပြောပါတယ်။ ဒီသတင်းကိုအောင်သူပေးပို့ထားတာပါ။

DVB Newsbreak 5.5 ( ၂၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 26.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ အန်အယ်လ်ဒီ ဝန်ကြီးတွေ  ထောင်ဝင်စာတွေ့ ခွင့်မရတဲ့သတင်း   -မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၀ ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုလိုက်တဲ့သတင်းနဲ့  -ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်ရန်ဖို့ရှိတဲ့အတွက် ရေယာဉ်တွေ သင်္ဘောတွေ ဖြတ်သ...

ဖာပွန်ခရိုင်တွင်းက စစ်ကောင်စီစခန်းများ ရိက္ခာပြတ်လပ်၊ ဒေသခံ ပြည်သူဆီက စားနပ်ရိက္ခာများ လုယူ 26.10.2023

ကရင်ပြည်နယ်ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီရဲ့တပ်စခန်းတွေဟာ လမ်းပိတ်ဆို့ခံထားရတာကြောင့်ရိက္ခာပြတ်လပ်နေပြီး   ‌ဒေသခံပြည်သူတွေဆီက စားနပ်ရိက္ခာတွေကို အတင်းအဓမ္မလုယူတာ တွေ ရှိတယ်လို့  တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်းကို အောင်ခန့်က ပေးပို့ထားပါတယ်။

နိုင်ငံရေးပါတီများအနေနဲ့ ပါတီဝင် အင်အားတင်ပြဖို့နဲ့ ရုံးခန်းများဖွင့်ဖို့ ပြောဆို 26.10.2023

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကာလအတွင်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင် အင်အားတင်ပြဖို့နဲ့ ရုံးခန်းတွေဖွင့်ဖို့ ပြောဆိုထားပါတယ်။ ပါတီတွေဘက်ကရော ဘယ်လောက်အထိ လိုက်ပါလုပ်ဆောင်ထားနိုင်လဲ သိနိုင်ဖို့ စိုးသူအောင်က မေးမြန်းတင်ဆက်ထားပါတယ်။

DVB Newsbreak 5.5 ( ၂၅ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 25.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  - ရန်ကုန်မှာ ရွှေတိဂုံဘုရားအပါအဝင် နေရာတော်များများမှာ ရေကြီး ရေလျှံနေတဲ့သတင်း  -အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်ကြဖို့  ကေအိုင်အို နှစ်ပတ်လည်နေ့မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်တဲ့သတင်းနဲ့  -မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ခ...

DVB Newsbreak 5.5 ( ၂၄ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 24.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့   -ဘီလူးချောင်းရေကြီးပြီး  ရှမ်း-ကရင်နီနယ်စပ် လယ်ဧက ထောင်ချီရေနစ်မြုပ်ပျက်စီးတဲသတင်း -ကလေးမြို့မှာ  ကျပ်ငွေဘီလီယံနှင့်ချီ တန်ဖိုးရှိသည့်  မူးယစ်ဆေးဝါးများ ဖမ်းမိတဲ့သတင်းနဲ့  -ပဲခူးမြို့နယ်၌  မိုးသည်းထန်စွာရွာသွန်းသဖြင့် ရိတ်သိမ်းစပါးတွေ ပျက်စီးသွားတဲ့သတင်းတွေကို နားဆင်ရမှာပါ။ 

DVB Newsbreak 5.5 ( ၂၃ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 23.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့   -မုန်တိုင်းငယ် မြန်မာဘက်ကို ဦးတည်မယ့် အခြေအနေမဘဲ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်နိုင်တဲ့ သတင်း  -မှော်ဘီလေတပ်  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ သတင်းနဲ့  -မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့  ထိုင်းနိုင်ငံသား ၁၂၀ ကို နေရပ်ပြန်ပို့ဖို့ ရှိနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

"စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ ဘေဂျင်းဖိုရမ်"DVB Weekly News Digest (22OCT2023) 22.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်ခေါင်းဆောင်တက်ခွင့်မရတဲ့ ဘေဂျင်း BRF ဖိုရမ်၊ အန်စီအေနဲ့ ABSDF ၊ ပိုမိုတောက်လောင်လာနေတဲ့ ဂါဇာစစ်မီး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

ကျောက်မဲမြို့နယ်၌ ရောဂါပျောက်တယ်ဆိုပြီး လူအများလာရောက် တောင်ချချောင်းရေချိုးနေ 22.10.2023

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်မန်းရွာအနီးက တောင်ကျရေမှာ ရေချိုးရင် ရောဂါပျောက်တယ်ဆိုပြီး လူတွေရာနဲ့ချီ အလုအယက်လာရောက်ရေချိုးနေကြပါတယ်။ ဒီသတင်းကို ဟန်နပေးပို့ထားပါတယ်။

နွေဦးတော်လှန်ရေးတွင် ဆက်လက်ပါဝင်သည့် အနုပညာရှင် နည်းပါးလာ 21.10.2023

ရုပ်ရှင်ဒါရိုက်တာ မင်းသား မင်းသမီး အဆိုတော်စတဲ့ အနုပညာရှင်တွေဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ ပါဝင်ခဲ့ကြပေ မဲ့ အခုအခါမှာတော့ မရှိသလောက် နည်းပါးသွားပြီလို့ CDM အနုပညာရှင်တွေက ပြောပါတယ်။

DVB Newsbreak 5.5 ( ၂၀ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 20.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ဘင်္ဂလားပင်လယ်အော်မှာ  မုန်တိုင်းငယ်ဖြစ်နိုင်တဲ့သတင်း  -စစ်ရှောင်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အာဆီယံကြေညာချက်ကို စစ်ကောင်စီက ကန့်ကွက်လိုက်တဲ့သတင်းနဲ့ -ရိုဟင်ဂျာ ဒုက္ခသည်အရေး အာရုံစိုက်ပေးဖို့  နိုင်ငံတကာကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်

DVB Newsbreak 5.5 ( ၁၉ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 19.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -စစ်ခေါင်းဆောင်မိသားစုပိုင်ကုမ္ပဏီအပါအဝင် စစ်တပ်ထုတ်ကုန်အမျိုး ၃၀ ကို အမည်ပျက်စာရင်း ထပ်သွင်းလိုက်တဲ့သတင်း -ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်စခန်းတစ်ခုကို  KIA နှင့် ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့သတင်းနဲ့ -မုံရွာထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်ကျဉ်း ၉ ဦး လျှော့ရက်ပိတ်ခံရပြီး ထောင်ဝန်ထမ်း ၅ ဦး အလုပ်ထုတ်ခံရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်

DVB Newsbreak 5.5 ( ၁၈ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 18.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  မြန်မာစစ်တပ်ရဲ့ နျူကလီးယားအစီအစဉ်တွေကို စောင့်ကြည့်စစ်ဆေးဖို့  မြန်မာသံအမတ်ကြီး က တိုက်တွန်းလိုက်တဲံ့သတင်း  မြန်မာဆန္ဒပြပွဲတွေကို  ဖြိုခွဲရာမှာ စစ်အုပ်စုက ကိုရီးယားထုတ် မျက်ရည်ယိုဗုံးသုံးတယ်လို့  AI ထုတ်ပြန်တဲ့သတင်း  မြန်မာစစ်တပ်ကို အရေးယူဖို့  အရပ်ဘက်အဖွဲ့အစည်း ၄၄၀ ဖွဲ့ တောင်းဆိုလိုက်တဲ့သတင်းတွေ နားဆင်ရမှာပါ 

DVB Newsbreak 5.5 ( ၁၇ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 17.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ စောမူတူးစေးဖိုးတို့  စစ်ခေါင်းဆောင်ကို သွားရောက်တွေ့ဆုံတဲ့သတင်း -ဖားကန့် အနန့်ပါဒေသကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့  -မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ HRW က ပြောကြားလိုက်တဲ့သတင်းတွေကို နားဆင်ကြရမှာပါ

DVB Newsbreak 5.5 ( ၁၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 16.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -တရုတ်အကျိုးစီးပွားကို အထိခံမှာမဟုတ်ဘူးလို့  စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း  -နေပြည်တော်မှာ တောင်ကျရေကြောင့် နေအိမ် ၂ လုံး မျောပါပြီး သားအမိ ၂‌ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့ -ရွှေပြည်သာမှာ ဥရောပနိုင်ငံတွေက  ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ တွေ့ရှိတဲ့သတင်းတွေကို နားဆင်ကြရမှာပါ

"အစ္စရေး-ဟားမတ်စ်စစ်ပွဲ"သုံးသပ်ချက်အပါအဝင် DVB Weekly News Digest 15.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဂါဇာကမ်းမြောင်ဒေသ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ကချင်စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု၊ ပဲခူးရေးဘေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

နမခစစ်ဌာနချုပ် (မုံရွာ) တွင် စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်တိုးချဲ့ချထား 14.10.2023

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော် ထပ်တိုးချထားလိုက်ပြီး ပျူစောထီးရွာတွေကို စစ်ကောင်စီက ရိက္ခာထောက်ပို့တာတွေ ပြန်လုပ်နေတယ်လို့ စစ်ကိုင်းဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသ၊ စစ်ဌာနချုပ် (မုံရွာ) မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်ထပ်တိုးချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

မူးမြစ်ရေလျှံပြီး စပါးဧက ၁၀၀၀ နီးပါး ပျက်စီး 14.10.2023

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ မူးမြစ်ရေလျှံတာကြောင့် ရေကြီးရေလျှံပြီး စပါးဧက ၁၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။ ပုလဲမြို့နယ်မှာတော့ စစ်ကောင်စီက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ပျူစောထီးတွေကို လက်တွေ့စစ်ဆင်ရေးသင်တန်းပေးနေတယ်လို့ ပုလဲမြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။ ဒီသတင်းကို သုတချမ်းသာပေးပို့ထားပါတယ်။ နားဆင်နိုင်ပါပြီ။

DVB Newsbreak 5.5 ( ၁၃ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 13.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လုံးဝမရှိတော့ဘူးလို့ KNU ၊ CNF နဲ့ ABSDF အဖွဲ့ ၃ ဖွဲ့က ကြေညာလိုက်တဲ့သတင်း  -ရှမ်းပြည်နယ် သီပေါ၊ နမ္မတူနဲ့ ကလောမှာ ရေကြီးနေတဲ့သတင်းနဲ့  -(UWSA) ဝ တပ်ဖွဲ့ အရာရှိ ၂ ယောက်ကို  တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

Listen to the DVB News podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.