Dawei Watch
Dawei Watch Podcast
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂၁ ရက်) 21.02.2023 6:09
ယနေ့(ဖေဖော်ဝါရီ ၂၁ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ထားဝယ်အရှေ့တောက သုံးရက်ကြာ တိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း - ပုလောမြို့နယ် ကဒဲရွာမှာ မီးရှို့ခံရတဲ့နေအိမ် ၁၆၀ ကျော်အထိရှိလာတဲ့အကြောင်း - ဆန္ဒပြမှု အားကောင်းတဲ့ လောင်းလုံးမှာလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့အကြောင်း - ထိုင်းတောင်ပိုင်းမှာ ကားတိုက်မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရတဲ့အခြေအနေ - ထားဝယ်မှာ ကြက်သွန်ဖ...
တနင်္သာရီသတင်း အစီအစဉ်မှာတော့ 20.02.2023 5:47
ယနေ့(ဖေဖော်ဝါရီ ၂၀ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ကော့သောင်းက ကျေးရွာသုံးရွာကို ထိန်းချုပ်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ကြေညာထားတဲ့အကြောင်း - ကရင်လက်နက်ကိုင်နှစ်ဖွဲ့ အမြန်ဆုံးစေ့စပ်ဆွေးနွေးကြဖို့ ကရင်ပြည်သူတွေထပ်ပြီးတောင်းဆိုလိုက်တဲ့အကြောင်း - တနင်္သာရီနဲ့ ပုလောမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့တဲ့အကြောင်း - ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်...
ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု 19.02.2023 11:38
ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။ Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ) 19.02.2023 12:16
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 18.02.2023 10:50
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ယခုအပတ်ရဲ့ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်မှု 18.02.2023 6:42
ဥရောပလိဂ်တွေဟာ ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တွေအကြား ပွဲဆက်တွေ များလာခဲ့ပါပြီ။ လက်ရှိကာလမှာ တန်းဆင်းဇုန်ပတ်ဝန်းကျင်ကို ရောက်နေတဲ့အသင်းတွေ၊ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို မျှော်လင့်နိုင်တဲ့ အလယ်အလတ်အသင်းတွေက အားထည့်ရုန်းကန်လာကြတဲ့အတွက် အသင်းကြီးတွေ အခက်တွေ့လာတာကို မြင်တွေ့နေရပါတယ်။ အခုတစ်ပတ် ဥရောပထိပ်သီးလိဂ်ပွဲစဉ်တွေကို လေ့လာ...
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၇ ရက်) 17.02.2023 5:46
ယနေ့(ဖေဖော်ဝါရီ ၁၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - မြိတ်မြို့ တုံးဗျောရွာတိုက်ပွဲအခြေအနေ - လောင်းလုံးက ပျူစောထီးလို့ဆိုတဲ့ အမျိုးသား ပစ်သတ်ခံရတာနဲ့ မြို့ခံ ၄ ဦး အဖမ်းခံရတဲ့အကြောင်း - မနေ့က စီးနင်းခံရတဲ့ ပုလောမြို့နယ် ကဒဲရွာဖြစ်စဉ်နောက်ဆက်တွဲဘာဆက်ဖြစ်လဲဆိုတာ - ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလိုက်တာ - ဖမ်းဆီးခံထားရတဲ့ ကံပေါက်ဒေသခံတွေရဲ့ အခြေအနေ - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအ...
အာဆင်နယ်ဟာ ပျောက်သောလမ်းမှာ စမ်းတဝါးထဲ ရောက်သွားခဲ့ရလေပြီလား 17.02.2023 4:46
ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။ အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ရမှတ်တူ၊ သွင်းဂိုး ကွာဟချက်နဲ့ အသာစီးယူပြီး အမှတ်ပေးဇယားထိပ်ဆ...
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၆ ရက်) 16.02.2023 5:20
ယနေ့(ဖေဖော်ဝါရီ ၁၆ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ပုလေားက ကျေးရွာနှစ်ရွာ စစ်ကောင်စီတပ်ဝင်စီးတာခံရတဲ့အကြောင်း - လောင်းလုံးက ပျူစောထီးခေါင်းဆောင်ရဲ့ ဆွေမျိုးတွေအားလုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးလိုက်တာ - သရက်ချောင်း ကျွဲဇပ်ရွာက အမျိုးသားကို ပစ်သတ်ခဲ့တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်လာတာ - ကော့သောင်းမြို့မှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိတဲ့အကြောင်း - ကမ္ဘာ့ရွေဈေးကျနေပ...
မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၂) 16.02.2023 7:11
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အင်းဂ် အီဘာဟတ်ဒ်တစ်ယောက် စဝ်ကြာဆိုင်နဲ့ လက်ထပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆီကို သင်္ဘောစီးပြီး ဇနီးမောင်နှံ အတူတကွ ရောက်လာတော့မှပဲ သူလက်ထပ်လိုက်သူဟာ သီပေါစော်ဘွားဖြစ်နေတာဆိုတာကို သိလိုက်ရတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆီရောက်တော့ သူရဲ့ခင်ပွန်းက သီပေါစော်ဘွားဖြစ်နေတဲ့အတွက် အင်းဂ် အီဘာဟတ်ဒ်ဟာ ချက်ချင်းဆိုသလိုပဲ မဟာဒေဝီ ဖြစ်သွားခဲ့ပါတယ်။ သီပေါဟော်နန...
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၅ ရက်) 15.02.2023 6:05
ယနေ့(ဖေဖော်ဝါရီ ၁၅ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဝကုန်းရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အကြောင်း - ပလမြို့က တိုရွာသားတစ်ဦး ပစ်သတ်ခံရတာ - ပုလောမြို့ပေါ် နေခွင့်မရတဲ့ ရှပ်ပုံရွာက စစ်ဘေးရှောင်တွေအခြေအနေ - မွန်ပြည်နယ် ပေါင်မြို့မှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရတဲ့ အကြောင်း - စပါး စံချိန်တင်မြင့်တက်နေတာဘာကြောင့်လဲ - ဒေသထွက် ဓနိယိုဈေးကွက် စတဲ့သတင်းအကြော...
ထိုင်းနိုင်ငံမှာ စျေးရောင်းလို့ မြန်မာတွေ အရေးယူခံရတာ ဘာကြောင့်လဲ 15.02.2023 5:49
ထိုင်းလူမျိုးတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေမှုအတွက် ထိထိရောက်ရောက် အရေးယူမယ်လို့ ထိုင်းအစိုးကထုတ်ပြန်ထားပါတယ်။ ဒီအလုပ်တွေထဲမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးလုပ်ကိုင်နေတဲ့ ကုန်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်း ၊ ဆံသလုပ်ငန်း ၊ ပစ္စည်းပို့လုပ်ငန်းနဲ့ အနှိပ်ခန်းတွေလည်းပါဝင်ပါတယ်။
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၄ ရက်) 14.02.2023 4:22
ယနေ့(ဖေဖော်ဝါရီ ၁၄ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - လဝက်လောက်အကြာ အဆက်အသွယ်ပြတ်နေတဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တပ်သားတွေနဲ့ အဆက်အသွယ်ပြန်ရတဲ့အကြောင်း - ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နံပြားကျွေးတဲ့ ဇနီးမောင်နှံ ခေါ်ယူစစ်ဆေးခံရတဲ့အကြောင်း - တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း - ဘန်ကောက်မှာ ဆောက်လုပ်ဆဲတိုက်ပြိုကျလို့ မြန်မာလုပ်သားတွေ ဒဏ်ရ...
တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ အက်ရာ ကောက်ကြောင်း 14.02.2023 5:41
ကရင်လက်နက်ကိုင် အက်ကြောင်းတွေ တငွေ့ငွေ့ဖြစ်နေတာကြာပါပြီ။ ပြီးခဲ့တဲ့ လကုန်ပိုင်းကမှ လူသိရှင်ကြားဖြစ်လာပြီး လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ပဋိပက္ခက အမြင့်ဆုံးအဆင့်အထိ ရောက်လာခဲ့တာပါ။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၃ ရက်) 13.02.2023 5:35
ယနေ့(ဖေဖော်ဝါရီ ၁၃ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ပလောက်မြို့မှာ ကလေးငယ်တွေ အပါအဝင် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၇ ဦးပစ်သတ်ခံလိုက်ရတဲ့အကြောင်း - စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အခြားတပ်ဖွဲ့တွေ ထွက်ခွာသွားဖို့ ကော်သူးလေ တပ်မတော်က ထုတ်ပြန်လိုက်တဲ့အကြောင်း - ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် တိုက်ပွဲဖြစ်ပြီး ယာယီလမ်းပိတ်သွားတဲ့အကြောင်း - ပလမြို့ တိုရွာက ဒေသခံနေအိမ်တွေ ဆက်တိုက်မီးရှို့ခံနေရတဲ့အခြေအ...
ရက် ၂၀ ကြာလာပေမဲ့ ဆိုင်ကယ်စီးခွင့်မရသေးတဲ့ ကံပေါက် 12.02.2023 1:31
ကံပေါက်ကျေးရွာအုပ်စုထဲက ရပ်ကွက်ဆယ်ခုကို ဆိုင်ကယ်စီးခွင့်ကန်သတ်ခံထား အခုဆိုရင် ရက် ၂၀ လောက်ရှိလာပါပြီ။ ဒါကြောင့် ဒေသခံတွေဟာ ရွာထဲသွားလာဖို့ ကျပ်သိန်းချီအကုန်ခံပြီး စက်ဘီးတွေဝယ်ယူနေရပါတယ်။
အတိတ်က ရွာဦးကျောင်း 12.02.2023 11:37
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တန်ဖိုးထားမြတ်နိုးဖွယ်ရာ ‘ရွာဦးကျောင်း’ အကြောင်းက...
တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ) 12.02.2023 13:52
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 11.02.2023 10:31
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း 11.02.2023 6:25
Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။ ဒါကြောင့် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့အသင်းတွေအနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲစ...
မန်ယူကို ရောင်းထုတ်မယ့် ဂလေဇာနဲ့ ဖာဂူဆန် 11.02.2023 5:46
မန်ယူကို ဂလေဇာမိသားစုက လက်လွှဲရောင်းချတော့မယ့်သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ အသင်းကို ဂလေဇာညီအစ်ကိုတွေ တကယ်ပဲ ရောင်းထုတ်ပေးလိုက်လေတော့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၀ ရက်) 10.02.2023 8:29
ယနေ့(ဖေဖော်ဝါရီ ၁၀ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ထားဝယ်သပိတ်ကော်မတီ လူထုစည်းရုံးရေး လုပ်နေချိန် သေနတ်ပစ်ခြိမ်းခြောက်ခံခဲ့ရတဲ့အကြောင်း - ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်တဲ့အကြောင်း - ထမင်းမစားရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်လေယာဉ်တွေပျံသန်းနေတဲ့အကြောင်း - စမ်းလှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းတွေ ရပ်နားသွားတဲ့အကြောင်း - လေ...
ပဋိပက္ခကြားက တောင်ပိုင်းဒေသ 10.02.2023 4:10
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာနေပါတယ်။ စစ်အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန်မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ တနင်္သာရီတိုင်းက မြို့နယ် ၂ ခုပါဝင်ခဲ့ပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၉ ရက်) 09.02.2023 6:41
ယနေ့(ဖေဖော်ဝါရီ ၉ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - အရပ်သားကား မိုင်းဆွဲခံရတဲ့အပေါ် ရေဖြူ PDF က တောင်းပန်ခဲ့တဲ့အကြောင်း - ပလမြိုနားမှာ တိုက်ပွဲဆက်ဖြစ်ပြီး နေအိမ်တွေ မီးလောင်ခဲ့တဲ့အကြောင်း - ပုလောမှာ လက်နက်ကြီးကျည်ကျလို့ ရွာသားငါးဦးဒဏ်ရာရခဲ့တဲ့အကြောင်း - ထိုင်းနိုင်ငံမှာ အထောက်အထားမမှန်ဘဲ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၃၀ ဖမ်းဆီးခံရတဲ့ အခြေအနေ - မလွဲတောင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးတွေ ထပ်ဖမ်း...
မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၁) 09.02.2023 5:38
မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၁) ------------------ Twilight Over Burma(My Life as a Shan Princess) ဆိုတဲ့ စကားလုံးကို စာပေနယ်ပယ်နဲ့ ရင်းနှီးသူတွေ ထိတွေ့ဖူးပြီးသား ဖြစ်နေနိုင်ပါတယ်။ တကယ့်ဘဝမှန်၊ တကယ့်ဖြစ်ရပ်မှန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသူ အင်းဂ် အီဘာဟတ်ဒ် ကိုယ်တိုင် ရေးသားတင်ဆက်ခဲ့တဲ့ စာအုပ်ပါ။ ဒ...
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.