Dawei Watch

Dawei Watch Podcast

News MY ↓ 1755 episodes

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Author

Dawei Watch

Category

News

Podcast website

daweiwatch.com

Latest episode

May 25, 2026

Where to listen?

Podcasts in the app Replaio Radio Coming soon

Podcasts are coming to the app soon. Install now and be the first to see a whole new take on podcasts

Get it on Google Play Install for free Android 5M+ downloads · 4.8 rating iOS soon

Episodes

ဩဂုတ်လ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 29.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီမြို့က နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရဲတပ်သားရဲ့ မိခင်ဒဏ်ရာရသွားတဲ့အကြောင်း - စစ်ကောင်စီရဲ့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခြေလျင်တပ်ရင်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးချတိုက်ခိုက်တာ - ပုလောက ကြဲရွာသားတစ်ဦးအသတ်ခံရပြီး အခြားရွာသားတစ်ဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင်...

လောဘ (သို့မဟုတ်) လောင်မြိုက်ခြင်း (သို့မဟုတ်) Kondraal Paavam 29.08.2023

Kondraal Paavam။ Dawei Watch ရဲ့ စိတ်အပန်းဖြေစရာ ရုပ်ရှင်ကမ္ဘာ အစီအစဉ်ထဲမှာ အခုတစ်ပတ် တင်ဆက်ပေးဖို့ ရွေးချယ်လိုက်တဲ့ ဇာတ်ကားလေးက Kondraal Paavam ပါပဲ။ ဒီဇာတ်ကားဟာ ပြဇာတ်အဖြစ် ကပြတော့လည်း နာမည်ကြီးခဲ့သလို ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့လည်း အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။ ရုပ်ရှင်ကားကောင်းတွေ ကြည့်ရှုရတာကို ဝါသနာပါတယ်ဆိုရင် ဒီဇာတ်ကားကို ဟောလိဝုဒ်ဇာတ်ကားနှစ်ကားဖြစ်တဲ့ ကင်မရွန်းဒီးယားဇ်ရဲ့ဇာတ်ကား The Bo...

ဩဂုတ်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 28.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ လူထောင်ချီထွက်ပြေးခဲ့ရပြီး ဒေသခံဆယ်ချီအဖမ်းခံရတဲ့အကြောင်း - ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့က မူးယစ်ဆေးရောင်းသူ သုံးဦးကိုဖမ်းထားတဲ့အကြောင်း - စစ်ကောင်စီတပ်က ပစ်လို့ဒဏ်ရာရသွားတဲ့ ရေဖြူမြို့နယ်က အမျိုးသမီးသေဆုံးသွားတာ - ကမ်းရိုးတန...

အရိပ်ကပွဲ ဘင်လည်ကားနှင့် တီဗွီဖန်သား အလွမ်းများ 28.08.2023

အာဝဇ္ဇာန်းကောင်းကောင်းနဲ့ ဇာတ်ကား၊ ဒါရိုက်တာ၊ ဝတ္ထု၊ ဇာတ်ညွှန်း၊ မင်းသား၊မင်းသမီး၊ ဇာတ်ပို့ ဇာတ်ရံ၊ လူကြမ်းပါမကျန် အမွှန်းတင်ပြီး အပြောရွှင်ရွှင်နဲ့ ကြော်ငြာနေတဲ့ အသံကိုကြားတာနဲ့ ကစားနေတာကို ရပ်ပြီး ဘင်လည်ကားနောက် ကလေးတွေ အပြေးလိုက်ကြပါပြီ။ ခေတ်ကတော့ မြစ်ရေတွေလိုပဲ စီးမြဲစီးနေဦးမှာပါ။ ငယ်စဉ်ကဖြတ်သန်းခဲ့ရတဲ့ အတိတ်ပုံရိပ်တွေကတော့ လွမ်းမောစရာအတိရှိနေပါတယ်။ Dawei Watch ရဲ့ ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအ...

မြန်မာ့ရေးရာ 27.08.2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ရက် ၂၀၀ ကျော်လာသော်လည်း ဆိုင်ကယ်စီးခွင့် မရသေးတဲ့ ကံပေါက် 26.08.2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသကို စစ်ကောင်စီက ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ထားတာ အခုဆိုရင် ရက်ပေါင်း ၂၀၀ ကျော်သွားပါပြီ။ ဆိုင်ကယ်စီးတဲ့အတွက် ပစ်ခတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ဆိုင်ကယ်စီးခွင့် မရတဲ့ ဒေသခံတွေဟာ အခက်အခဲများစွာ ကြုံတွေ့နေကြရပြီး ဘယ်အချိန်မှ ဆိုင်ကယ်စီးခွင့် ပြန်ပေးမယ်ဆိုတာ မသိကြရသေးပါဘူး။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ) 26.08.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ 26.08.2023

ပရီးမီးယားလိဂ် ပွဲစဉ်(၃)ဟာ မနေ့ကညမှာပဲ အစပြုခဲ့ပါတယ်။ ချယ်လ်ဆီးက လူတန်တောင်းကို သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ လက်ရှိဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပထမဆုံးသောနိုင်ပွဲ ရှာဖွေရရှိခြင်းပါပဲ။ ဒီနေ့ညမှာဆိုရင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီး ၄ သင်းရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်န...

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာအစီအစဉ် 26.08.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

ထမင်း ဆီဆမ်း စားဖို့ခက်လာတဲ့ ပြည်သူတွေ 25.08.2023

ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ၆၆၀၀ နဲ့ ပဲလုံးဆီတစ်ဘူးကို ကျပ် ၆၀၀၀ ဈေးပေါက်နေပါပြီ။ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှ လစာက ကျပ်တစ်သိန်းခွဲနီးပါး၊ တစ်ရက် ၄၈၀၀ ကျပ် ပဲရနေချိန်မှာ ဈေးအနည်းဆုံး ဆန်ကြမ်းက တစ်ပြည်ကို ၃၉၀၀ ကျပ် နီးပါးရှိနေပါတယ်။ အန္တရာယ်ကြားကနေ အလုပ်လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာက ထမင်းဆီဆမ်းစားဖို့တောင် မလုံလောက်တော့ပါဘူး။

ဩဂုတ်လ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 25.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချမှတ်လိုက်တဲ့အကြောင်း - ကလိန်အောင်မြို့မှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်နဲ့ဝင်တိုက်ခဲ့မှုမှာ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် - သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့တဲ...

ဩဂုတ်လ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 24.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်ဖမ်းဆီးတာခံရတဲ့ ထားဝယ်အရှေ့တောဒေသခံတွေ ပြန်လွတ်လာတဲ့အကြောင်း - ထားဝယ်မြို့နယ် ရေဝိုင်းရွာသွားလမ်းမှာ လူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာ - နှစ်ရက်ထဲ အခေါက်ရွှေဈေး ၁ သိန်းကျော် မြင့်တက်သွားတဲ့ အခြေအနေ - တနင်္သာရီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ‌က ကျောင်းပေ...

ပိုမိုခက်ခဲ ကျပ်တည်းလာတဲ့ စစ်ဘေးသင့်သူများ 24.08.2023

စစ်ဘေးရှောင် လုံးဝမရှိခဲ့တဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာသိမ်းမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ တစ်လထက်တစ်လ ပိုမိုများပြားလာနေပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေကြ သူတွေမှာလည်း အခက်အခဲ အကျပ်အတည်းမျိုးစုံကို ဖြတ်ကျော်နေရပါတယ်။ စစ်ဘေးရှောင်တွေ ဘာတွေကြုံတွေ့နေရပြီး ဘယ်လိုအကူအညီတွေ လိုအပ်နေတယ်ဆိုတာကို အခုဆောင်းပါးမှာ နားဆင်နိုင်ပါပြီ။

ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ် 24.08.2023

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင် နေထိုင်နေရသော ပြည်သူများမှာ ပိုမိုဆိုးရွားခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်။ လက်နက်ကိုင်...

တော်လှန်မြေက ပွင့်တဲ့ပန်းတွေ 24.08.2023

စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ တိ...

ဩဂုတ်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 23.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - မွန်ပြည်နယ် သံဖြူဇရပ်မြို့ ရေး ထားဝယ်ကားလမ်းဘေးက ထမင်းဆိုင်မှာလုပ်နေတဲ့ မိန်းခလေးငယ်တစ်ဦးကို ဆိုင်ရှင်နဲ့ လုပ်သားတွေက ညှင်းပန်းနှိက်စက်တဲ့အကြောင်း - လောင်းလုံးမြို့ရဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူရဲ့နေအိမ်အနီး ပစ်ခတ်မှုဖြစ်တဲ့အကြောင်း - ကလိန်အောင်မြို့မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှ...

Podcast| ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ် 23.08.2023

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင် နေထိုင်နေရသော ပြည်သူများမှာ ပိုမိုဆိုးရွားခက်ခဲသော အခြေအနေများကို ရင်ဆိုင်နေရသည်။ လက်နက်ကိုင်...

ဩဂုတ်လ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 22.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်းက တောင်ပျောက်တိုက်နယ်ထဲ စစ်ကောင်စီတပ်ဝင်လာလို့ ဒေသခံတွေထွက်ပြေးရတဲ့အကြောင်း - ထားဝယ်မြစ်ထဲမှာ အမျိုးသားအလောင်းနှစ်လောင်း တွေ့ရတဲ့အကြောင်း - တနင်္သာရီမှာ စာသင်ကျောင်းအထွေထွေလုပ်သားအမျိုးသမီးတစ်ဦးနဲ့ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရတာ - မြိတ်မှာ စက်သုံးဆီကို အကန့်အသတ်နဲ့ရောင်...

ဩဂုတ်လ ၂၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 21.08.2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီမြို့ကကျေးရွာတွေကို ဆန်အပါအဝင် ရိက္ခာသယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တဲ့အကြောင်း - ပုလောမြို့မှာ လက်နက်ကြီးထိလို့ အဘွားတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း - ရေဖြူမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ အရပ်သားလေးဦး ဒဏ်ရာရခဲ့တာ - အရှေ့တောဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတဲ့အကြောင်း - မြိ...

အမှတ်တရဟူ၍ ကျစ်ရစ်ခဲ့ကြလေသည် 20.08.2023

တပေါင်းလရောက်ပြီဆိုလျှင် ဘုရားပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြသလို တန်ခူးရောက်ပြီဆိုလျှင်လည်း အတာသင်္ကြန်ပွဲကို ဆင်နွှဲကြရပြန်သည်။ ငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် ရိုးရာဓလေ့ ပျော်စရာအမှတ်တရများကို ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ရပါသည်။

မြန်မာ့ရေးရာ 20.08.2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဩဂုတ်လ ၁၃ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ရက် ၉၀၀ ကျော်ကို မျှော်ကြည့်ခြင်း 19.08.2023

အာဏာသိမ်းပြီး ရက် ၉၀၀ ကျော်လာချိန်မှာတော့ မြန်မာကျပ်ငွေ တန်ဖိုးက အလွန်အမင်းထိုးကျသွားပြီး ရွှေနဲ့ ဘတ်စျေးတွေလည်း ခုန်တက်သွားပါတော့တယ်။ ကျွမ်းကျင်သူတွေကတော့ လူထုကကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းနေတာကြောင့် ရွှေစျေးက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေမှာဖြစ်သလို ဘတ်စျေးကလည်း ယခုစျေးကနေ ပြန်ကျဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။

ရင်ခုန်ခံစား တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ 19.08.2023

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များ အစီအစဉ် တင်ဆက်တဲ့နေ့ရက်ကို ရောက်ရှိလို့ လာခဲ့ပြန်ပြီပဲဖြစ်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပလိဂ်ပြိုင်ပွဲကြီးအားလုံး စုံစုံလင်လင် ဖြစ်သွားခဲ့ပြီမို့ ပွဲစဉ်ကောင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရတော့မှာပါ။ ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး အကောင်းဆုံးပွဲစဉ် ရွေးချယ်သုံးသပ်ခြင်းများအနေနဲ့ တင်ဆက်ပ...

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဩဂုတ်လ ‌၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ) 19.08.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာအစီအစဉ် 19.08.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဩဂုတ်လ ၁၂ ရက်နေ့ကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

Listen to the Dawei Watch Podcast podcast in Replaio

Radio and podcasts in one app - free, with no sign-up. Install today and do not miss the launch

Get it on Google Play

Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.