ဗွီအိုအေ
အသံဖိုင်များ - ဗွီအိုအေ
ဗွီအိုအေအသံလွှင့်ဌာနသည် အလယ်ပိုင်းနှင့် အရှေ့ပိုင် းဥရောပဒေသ၊ ကော့ကေးဆပ်စ်ဒေသ၊ ဗဟိုအာရှဒေသ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနှင့် ဘော်လ်ကန်နိုင်ငံများသို့ အစီအစဉ်များ ထုတ်လွှင့်နေသည့် နိုင်ငံတကာ အသံလွှင့်ဌာနဖြစ်ပါသည်။
Be sure to visit the podcast's website and support the creator: burmese.voanews.com
Where to listen?
Podcasts in the app Replaio Radio Coming soonPodcasts are coming to the app soon. Install now and be the first to see a whole new take on podcasts
Episodes
ရိုဟင်ဂျာ အထောက်အပံ့ဖြတ်တောက်မှု ဟန့်တားဖို့ ကုလအကြီးအကဲ ကြိုးပမ်းမည် - မတ္ ၁၅, ၂၀၂၅ 15.03.2025 1:07
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အပစ်ရပ်ရေးသဘောမတူရင် ရုရှားကို G7 ဒဏ်ခတ်မည် - မတ္ ၁၅, ၂၀၂၅ 15.03.2025 1:06
ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အပစ်ရပ်ရေး အတွက် အမေရိကန်တင်သွင်းတဲ့ အကြံပြုချက်ကို ရုရှားက လက်ခံဖို့၊ လက်မခံရင် နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မှာ ဖြစ်ကြောင်း သဘောတူဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံက သောကြာနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တရားရေးဌာနမှာ သမ္မတ Trump မိန့်ခွန်းပြော - မတ္ ၁၅, ၂၀၂၅ 15.03.2025 1:13
အမေရိကန် တရားစီရင်ရေး သမိုင်းမှာ မျှတမှုရှိတဲ့ ဂုဏ်ယူဖွယ် အခန်းသစ် တခုကို စတင်နေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ သောကြာနေ့ အမေရိကန်တရားရေးဌာနမှာ ဆယ်စုနှစ်အတွင်း သမ္မတ တယောက်အနေနဲ့ ပထမဆုံးအကြိမ် သွားရောက်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောကြားတာ ဖြစ်ပါတယ်။
အသုံးစရိတ်ဥပဒေကြမ်း ကန် အထက်လွှတ်တော် အတည်ပြု - မတ္ ၁၅, ၂၀၂၅ 15.03.2025 1:17
အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းသွားမှာကို ကာကွယ်တဲ့ အနေနဲ့ အထက်လွှတ်တော်က သောကြာနေ့ ညနေပိုင်းမှာ နောက် ၆ လအတွက် အသုံးစရိတ်မူကြမ်းကို အတည်ပြု ပေးလိုက်ပါတယ်။
အမေရိကန်အစိုးရဆက်လက်လည်ပတ်ရေး လွှတ်တော်အမတ်တွေ ကြိုးပမ်း - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:00
အမေရိကန်ပြည်ထောင်စု အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ ဆက်လက်လည်ပတ်နိုင်အောင် အစိုးရယာယီအသုံးစရိတ် ဥပဒေကြမ်းကို ထောက်ခံမဲပေးမယ်လို့ အထက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင် Chuck Schumer ကပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ် Cox's Bazar ရောက် - မတ္ ၁၄, ၂၀၂၅ 14.03.2025 0:47
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံဘက်ကို ပြန်ချင်ကြတယ်ဆိုတာ သူရှင်းရှင်းလင်းလင်း ကြားသိခဲ့ရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကဒီနေ့ Cox's Bazar ရောက်စဉ်မှာ ပြောကြားလိုက်ပါတယ်။
Tak ခရိုင်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေး အထူးဇုံ သတ်မှတ်ဖို့ပြင်ဆင် - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:09
နယ်စပ်ဒေသ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ နှိမ်နင်းရေးဌာနအကြီးအကဲအဖြစ်ပါ ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး Songwit က မြန်မာနိုင်ငံအတွင်းက ရွှေကုက္ကိုနဲ့ KK Park တို့မှာ ရှိနေကြတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ရေးကိစ္စကိုလည်း သူ့ဌာနက စဉ်းစားနေကြောင်း ပြောပါတယ်။
ယူကရိန်းဘက်က ရပ်တည်ရေး G7 ဝန်ကြီးတွေ ဆွေးနွေး - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:10
ကနေဒါမှာ ဒုတိယနဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပမယ့် G7 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည်ရေးကို ဆွေးနွေးနေကြပါတယ်။
မြန်မာစစ်သားတချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေး - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:28
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။
နိုင်ငံခြားလုပ်သားတွေ သင်္ကြန်ခွင့်ရက်ရှည်ပေးဖို့ ထိုင်းစဉ်းစား - မတ္ ၁၄, ၂၀၂၅ 14.03.2025 4:11
အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။
တိုက်ပွဲတွေကြား ကျောက်ဖြူစီမံကိန်းတွေ ပြန်စနိုင်မယ့်အလားအလာ - မတ္ ၁၄, ၂၀၂၅ 14.03.2025 5:36
အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူအထိ ရောက်ရှိလာနေပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ယူကရိန်းစစ် အပစ်ရပ်ရေး အသေးစိတ်အစီအစဉ်လိုအပ် (သမ္မတ Putin) - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:01
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် ရပ်ဆိုင်း စေဖို့ အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်ကို ထောက်ခံကြောင်း ရုရှားသမ္မတ Vladimir Putin ကပြောပေမယ့် အသေးစိတ်လုပ်ဆောင်မှာတွေ ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ဥရောပ ယမကာအခွန် ၂၀၀% ကောက်ဖို့ Trump ခြိမ်းခြောက် - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:17
အီယူကနေ ဝိုင်၊ ရှန်ပိန်နဲ့ တခြားယမကာတွေ တင်သွင်းမှုကို အခွန် ၂၀၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်အစိုးရလုပ်ငန်းတွေ ရပ်တန့်နိုင်ခြေ ရင်ဆိုင်နေရ - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:04
အမေရိကန်အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်တန့်မသွားအောင် အစိုးရယာယီအသုံးစရိတ်ကို မနက်ဖြန် သောကြာနေ့ညမတိုင်ခင် လွှတ်တော်က အတည်ပြုပေးဖို့လိုပြီး လွှတ်တော်အမတ်တွေ ဆုံးဖြတ်ရမယ့် အချိန်သိပ်နီးကပ်နေပါပြီ။
Trump အစိုးရ ဖြုတ်ပစ်တဲ့ ဝန်ထမ်းတွေ ပြန်ခန့်ဖို့ တရားသူကြီး အမိန့်ထုတ် - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:23
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရ အလုပ်သမား အင်အားလျှော့ချ ရေး အစီစဉ်တစိတ်တပိုင်းအဖြစ် မကြာသေးခင်ကမှ အစိုးရအေဂျင်စီ ၆ ခုကနေ အလုပ်ဖြုတ်ခံခဲ့ရသူ ထောင်ပေါင်းများစွာကို အလုပ်ပြန်ခန့်ဖို့ ကယ်လီဖိုးနီးယား ပြည်နယ် ပြည်ထောင်စု တရားသူကြီး တဦးက ကြာသပတေးနေ့မှာ အမိန့်ချခဲ့ပါတယ်။
ထိုင်းသံရုံးရှေ့ ကန်ရောက် မြန်မာတွေ ဆန္ဒပြ - မတ္ ၁၄, ၂၀၂၅ 14.03.2025 1:27
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက် ခိုလှုံနေကြတဲ့ ရွှေ့ပြောင်းမြန်မာ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကိုချက်ချင်းရပ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းနေ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေကတောင်းဆိုလိုက်ပါတယ်။
ပဲခူးတိုင်း ညောင်ကျိုးစခန်း AA သိမ်းပိုက် - မတ္ ၁၄, ၂၀၂၅ 14.03.2025 3:51
ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နေရာတချို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်-ပဲခူးတိုင်း အစပ်မှာ နှစ်ဘက်တိုက်ပွဲတွေ လနဲ့ချီပြင်းထန်နေပါတယ်။
ဒေါက်တာစင်သီယာမောင်ကို Nareasuan တက္ကသိုလ် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့် - မတ္ ၁၄, ၂၀၂၅ 14.03.2025 3:43
မြန်မာလုပ်သားတွေနဲ့ ဒုက္ခသည်တွေရဲ့ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ Nareasuan University က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို မတ်လ ၁၁ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။
အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု - မတ္ ၁၃, ၂၀၂၅ 13.03.2025 7:00
မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ A ပိုး ကူးစက်မှု ဘယ်လို ဖြစ်နိုင်ပါလဲ။
ရထားတိုက်ခိုက်ခံရမှုမှာ ခရီးသည် (၂၀၀) နီးပါး ကယ်တင်နိုင်ကြောင်း ပါကစ္စတန်ကြေညာ - မတ္ ၁၂, ၂၀၂၅ 12.03.2025 0:51
ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်အတွင်း ရထားအကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ ခရီးသည် (၁၉၀) ဦးကိုကယ်တင်နိုင်ခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်သူ (၃၀) ကိုသုတ်သင်နိုင်ခဲ့တယ်လို့ ပါကစ္စတန်လုံခြုံရေး တာဝန်ရှိသူတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာထုတ်ဖေါ်ပြောဆိုပါတယ်။
Similar podcasts
Replaio is not a podcast publisher; show names, artwork and audio belong to their authors and are distributed through public RSS feeds.