Mratt Kyaw Thu

The Mratt Podcast

An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!

Bezoek zeker de website van de podcast en steun de maker: redcircle.com

Auteur

Mratt Kyaw Thu

Categorie

News

Website van de podcast

redcircle.com

Nieuwste aflevering

2 mei 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၃) 26.07.2024

ဒီအပိုင်းမှာတော့ အာဖဂန်ကို ဆိုဗီယက်ကျူးကျော်မှုကနေ ဆော်ဒီကဘယ်လိုမျိုး ဝင်ပါခဲ့သလဲ၊ အာခိုက်ဒါရဲ့အစနဲ့ အမေရိကန်နဲ့ ဆိုဗီယက်ရဲ့ အားပြိုင်မှုတွေကို အပြည့်အစုံ နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၂) 25.07.2024

ခိုမေနီ တန်ခိုးထွားလာတာကို ဆော်ဒီက ဘာကြောင့် မကြိုက်တာလဲလို့ မေးနိုင်သလို ခိုမေနီနဲ့အတူ ရှီယိုက်အစ္စလာမ် အားကောင်းလာတာကို ဝါဟာဘီဆွန်နီ အစ္စလာမ်ဖြစ်တဲ့ ဆော်ဒီက ဘာကြောင့် မကြိုက်တာလဲလို့လဲ မေးခွန်းပြောင်းမေးနိုင်ပါတယ်။ အစ္စလာမ် ဘာသာမှာ ရှိယိုက်နဲ့ ဆွန်နီ ဘယ်လိုကွာသလဲ။ ဘာကြောင့် ဒီလို ဂိုဏ်းကွဲတွေ ပေါ်လာရသလဲဆိုတာကိုလည်း ဒီအပိုင်းမှာ အပြည့်အစုံ နားဆင်ရဖို့ရှိပါတယ်။ Support this podcast at — https://re...

ခါးသီးသောပြိုင်ဘက်များ - အပိုင်း (၁) 24.07.2024

အရှေ့အလယ်ပိုင်း စစ်ပွဲတွေရဲ့ အစ၊ ခိုမေနီ တန်ခိုးထွားလာပုံနဲ့ ဆွန်နီရှိယိုက် ခေတ်သစ်အကွဲအပြဲဇာတ်လမ်းတွေ ဘာကြောင့် ဖြစ်လာရတာလဲ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အိုင်တီ ချို့ယွင်းမှုနဲ့ သတိထားရမဲ့ အွန်လိုင်းလူလိမ်များ 23.07.2024

ဒီလို အိုင်တီချို့ယွင်းမှုဟာ အွန်လိုင်းပေါ်က လူလိမ်တွေအတွက် အခွင့်အရေး အကြီးကြီးဖြစ်တာကြောင့် Microsoft Windows အသုံးပြုသူတွေအပါအဝင် အွန်လိုင်းကို မှီတည်ပြီး အလုပ်လုပ်သူတွေအနေနဲ့ အွန်လိုင်းပေါ်က အလိမ်အညာတွေကို သတိထားကြဖို့ ဆိုက်ဘာလုံခြုံရေးလုပ်တဲ့ ကုမ္ပဏီတွေက သတိပေးနေကြပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အိန္ဒိယနဲ့ဘင်္ဂလားကို ပြေးကြတဲ့ စစ်ကောင်စီဝင်တွေ 17.07.2024

စစ်ကောင်စီတပ်ဖွဲ့ဝင် ဒီလိုမျိုးဝင်ရောက်လာတာကို မြန်မာနိုင်ငံကို ပြန်ပို့ပေးနေတာဟာ မလုပ်သင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီစစ်သားတွေကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်သင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးသမား အချို့က ပြောဆိုနေကြပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

'ဝ' တပ်တွေ ရှမ်းမြောက်ကို ဘာကြောင့် ရောက်လာတာလဲ 12.07.2024

မြေပြင်သတင်းပေးပို့ချက်တွေအရ တန့်ယန်းမြို့ထဲမှာ ဝ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တချို့တပ်ဖွဲ့ဝင်တွေကတော့ လားရှိူးဘက်ကို ထွက်သွားတာကို မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တန့်ယန်းမြို့ကို ဝ တပ်တွေ ထိန်းချုပ်ထားတဲ့ သဘောလို့ ယူဆရပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ပြင်ဦးလွင်နဲ့ အနီးဆုံးကို ရောက်လာပြီ 11.07.2024

အနောက်ဘက်နဲ့ အနောက်တောင်ဘက်မှာ လက်ရှိ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နဲ့ စဉ့်ကူးမြို့ တို့ ရှိပါတယ်။ ဒါကြောင့် နောင်ချိုကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်လိုက်နိုင်တာဟာ စစ်ကောင်စီရဲ့ အလယ်ပိုင်းကနေ အရှေ့မြောက်ဆီကို သွားမယ့် ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်လိုက်နိုင်တာလည်း ဖြစ်ပြန်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-co...

အခက်အခဲတွေကြားက စိတ်ကျန်းမာရေး 11.07.2024

လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကိုယ့်စိတ်ကို ကိုယ်ပြန်နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ဘာတွေ ခံစားနေရသလဲ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဘယ်ဆီ ဦးတည်နေသလဲကို သိဖို့ အရေးကြီးလာသလို ကျနော်တို့ ခံစားချက်တွေဟာ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် အန္တရယ်ရှိလာနေသလားဆိုတာသိဖို့လည်း လိုအပ်လာပါတယ်။ ဒီ အင်တာဗျူးမှာတော့ ဒီကာလမှာ လူတွေ ခံစားနေရတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေ၊ လက္ခဏာရပ်တွေ၊ ပြီးတော့ ဒါတွေက...

လေဆိပ် သိမ်းနိုင်တဲ့ ပထမဆုံး တိုင်းရင်းသားတပ် 08.07.2024

သံတွဲက တိုက်ပွဲတွေထဲမှာ စစ်ကောင်စီ စစ်သားအလောင်းပေါင်း ၄၀၀ ကျော်တောင် ရှိတယ်လို့ သိရပါတယ်။ ဒါဟာ သံတွဲနယ်တဝိုက်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို အေအေက ကြေညာတာဖြစ်ပြီး မောင်တောဘက်မှာဆိုရင် နယ်ခြားစောင့် စခန်းတခုမှာတော့ စစ်ကောင်စီဘက်က အလောင်းပေါင်း ၃၅၀ ကျော်တောင်ရှိတယ်လို့ ဆိုပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဗိုလ်လုနေဆဲ အညာအတွက် မျှော်လင့်ချက် 07.07.2024

အညာတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ လေကြောင်းတိုက်ခိုက်ခံရမှု အခံရဆုံးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအဖွဲ့ပေါင်းစုံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဟိုးအစောပိုင်းက အုပ်ချုပ်ရေးကြေညာခဲ့တဲ့ နယ်တွေဟာလည်း အညာမှာပဲ ရှိပါတယ်။ ဒါပေမဲ့လည်း အညာဟာ ခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ပါတယ်။ ကျေးရွာတွေ မီးရှို့ခံနေရဆဲ၊ သတ်ဖြတ်ခံနေရဆဲဖြစ်ပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ဖို့ထက် အဖွဲ့အချင်းချင်း စည...

အမေလည်း စစ်ဘေးကနေ ပြေးရပြီ 06.07.2024

သားက တော်လှန်ရေးလုပ်လို့ မိဘနှစ်ပါးလုံးကို စစ်ကောင်စီလက်ပါးစေတွေ သတ်ဖြတ်ပစ်တဲ့သတင်းကို ကြားတော့ အမေရေ… ကျနော်ရေးနေတဲ့စာတွေကို ချုံ့ပစ်မိတယ်၊ ကြုံ့ပစ်မိတယ်။ ကျနော်က စာပဲ ရေးတဲ့အကြောင်း အမေ့ကို နားချရသေးတယ်။ အမေ့သားဟာ လက်နက်မကိုင်နိုင်ဘူး။ လက်နက် မကိုင်ရဲဘူး အမေ။ စာပဲ ရေးတတ်တဲ့သူ၊ သတင်းပဲ ရေးတတ်တဲ့သူပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဥရောပက မဘသ 02.07.2024

လက်ရှိ ဥရောပ နိုင်ငံ ၂၇ နိုင်ငံထဲမှာ မဘသ ပါတီက အာဏာရထားပြီး အစိုးရအဖွဲ့ထဲမှာ မဘသပါတီတွေ ရှိနေတဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ အဲ့ဒါတွေက အီတလီ၊ ဟန်ဂေရီ၊ ဖင်လန်၊ ဆလိုဗေးကီးယား၊ ခရိုအေးရှားနဲ့ မြန်မာတွေ ရင်းနှီးတဲ့ ချက်သမ္မတ နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ မဘသ ပါတီတွေ အင်အားကြီး ခေါင်းထောင်လာတာက သိပ်မဝေးတော့တဲ့ အနာဂါတ်မှာ ဥရောပရဲ့ နိုင်ငံရေး အခြေအနေတွေကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်။ Support this podca...

ဂျူလီယန် အက်ဆန်း 30.06.2024

ဂျူလီယန် အက်ဆန်းဟာ ကမ္ဘာမှာ ဘယ်သူမှ မတို့မထိရဲတဲ့ အမေရိကန် ကာကွယ်ရေးနဲ့ပတ်သက်ပြီး တကယ့်ထိပ်တန်းလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ခဲ့သူဖြစ်ပါတယ်။ ဂျူလီယန်အက်ဆန်းရဲ့ ထုတ်ဖော်မှုတွေဟာ အမေရိကန်သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ပတ်သက်လို့ အကြီးဆုံးအပေးအယူလုပ်ခဲ့ရတဲ့ဖြစ်ရပ်လို့ အမေရိကန် တရားရေးဌာနက ကြေညာပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ချင်း တော်လှန်ရေး ဘယ်အထိ ခရီးရောက်ပြီလဲ 16.06.2024

နွေဦးလက်နက်ကိုင် တော်လှန်ရေး အစကတည်းက အင်တိုက်အားတိုက်ရှိခဲ့တဲ့ ချင်းပြည်တော်လှန်ရေးဟာ နှောင်းပိုင်းအချိန်တွေမှာ အသံတွေ ငြိမ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ ချင်းတော်လှန်ရေးအဖွဲ့တွေကြား အကွဲအပြဲတွေနဲ့ အသစ်ပေါ်လာတဲ့ ချင်းညီနောင်အဖွဲ့တို့ရဲ့ ရပ်တည်ချက်တွေက ဘာတွေလဲ။ ချင်းတော်လှန်ရေး ခု ၂၀၂၄ မှာ ဘယ်အထိ ခရီးရောက်နေပြီလဲ။ ဒီအကြောင်းအရာတွေကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) ရဲ့ အဖွဲ့ဝင်လည်းဖြစ် မင်းတပ်မြို့...

ရိုဟင်ဂျာတွေ ဘယ်သူ့နောက် လိုက်ကြမလဲ 27.05.2024

ရိုဟင်ဂျာတွေအတွက် ကိုယ်စားပြုပေးနိုင်သူက ဘယ်သူလဲ။ ရိုဟင်ဂျာမွတ်ဆလင်တွေက ခုလောလောဆယ် ဘယ်သူ့ဦးဆောင်မှုနောက် လိုက်နေကြသလဲ၊ ဘယ်သူ့/ဘယ်အဖွဲ့ရဲ့ စကားကို လိုက်နာကြသလဲ။ လုပ်ရပ်အမှားတွေကိုရော ဘယ်သူက တာဝန်ခံ/တာဝန်ယူရဲမလဲ။ ဒါမေးရမယ့်မေးခွန်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ နောင်တချိန် စားပွဲပေါ်ဆွေးနွေးကြရင် ဘယ်သူက ကိုယ်စားပြုနိုင်သူ ခေါင်းဆောင်ဖြစ်သလဲဆိုတာ အဓိက အရေးကြီးလာတော့မှာ ဖြစ်ပါတယ်။ Support this...

တောင်ကိုရီးယားက ဒီဂျေဘုန်းကြီး 24.05.2024

သူ့ ဇာတ်နာမည်ကတော့ NewJeansNim ဖြစ်ပြီး နာမည်ရင်းက ယွန်ဆန်းဟိုပါ။ ဗုဒ္ဓတရားတော်တွေကို EDM ပွဲတွေမှာ ဒီဂျေနဲ့ ပေါင်းစပ် ဖျော်ဖြေလို့ လောလောဆယ် အရှေ့တောင်အာရှက ဂျန်ဇီး လူငယ်အများစုကြားထဲမှာ ရေပန်းစားနေပါတယ်။ တောင်ကိုရီးယားမှာ အကြီးအကျယ် နာမည်ကြီးခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူက နိုက်ကလပ်တခုမှာ ပွဲလုပ်ခဲ့ပါသေးတယ်။ Support this podcast at — https://redcircle.com/the-mratt-podca...

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဗျူဟာသစ် 21.05.2024

ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရွာလုံးကျွတ်ဗုံးကြဲ မီးရှို့သတ်ဖြတ်နေတဲ့ စစ်ကောင်စီ စစ်သားတွေကို ကျနော်တို့ နေ့စဉ် မြင်နေကျပုံစံတွေနဲ့ လှည့်စားပြဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကြောက်စရာကောင်းပါတယ်။ ဒီအကြောင်းကို ဒီ Link မှာ စာနဲ့လည်း ဖတ်ရှုနိုင်ပါတယ် - https://bit.ly/4dJaYnE Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

စင်ကာပူ ဝန်ကြီးချုပ်သစ် လောရင့်စ် ဝေါင် 18.05.2024

ဝန်ကြီးချုပ်သစ်ဟာ သူ့ကိုယ်သူတော့ ရွှေဘုံနန်းပေါ်က နိုင်ငံရေးသမား မဟုတ်တဲ့အကြောင်း ခဏခဏ ပြောလေ့ရှိပြီး အများနည်းတူ သူလိုငါလို လူတယောက်ပဲဖြစ်တဲ့အကြောင်း အမြဲပုံဖော်ပြလေ့ရှိပါတယ်။ လီကွယ်ယူး မိသားစုလို အီလစ်အသိုင်းအဝိုင်းက မဟုတ်ဘဲ အစိုးရအိမ်ယာမှာ ကြီးပြင်းခဲ့တဲ့ သူလိုငါလို မိသားစုထဲက ဖြစ်ပါတယ်။​။ လီကွမ်ယူးမိသားစု တက်ခဲ့ဖူးတဲ့ ကောင်းပေ့ဆိုတဲ့ ကျောင်းတွေမှာ တက်ခဲ့သူလည်း မဟုတ်ပါဘူး။ Support this podcast...

ရခိုင်အရေး - မစားရတဲ့အမဲ သဲနဲ့ပက်မဲ့ စစ်ကောင်စီ 16.05.2024

ရခိုင်ပြည်နယ်ကို အေအေ လက်ထဲ လုံးလုံးလွှတ်ပေးလိုက်ရတာထက် ဘယ်သူ့လက်ထဲမှ မရောက်ဘဲ တအုံနွေးနွေးနဲ့ ပြဿနာတွေ တောက်လျှေက်တက်ပြီး လူတကာ ဝင်စွက်ဖက်လို့ရတဲ့ အခြေအနေမျိုးကို စစ်ကောင်စီက ဖန်တီးနေတယ်လို့မြင်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဦးတည်ဖန်တီးနေတာက ရခိုင်တွေနဲ့ မွတ်ဆလင်တွေကြား လူမျိုးရေး အဓိကရုဏ်း အကြီးကြီးတခုပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

မုံရွာ ပလဖ နဲ့ ပကဖ ကြားက ရန်ပွဲ 30.04.2024

ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့နဲ့ မြင်းမူမြို့နယ်အစပ်က ရွာတရွာမှာ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ (ပအဖ)၊​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ကြား ပြဿနာဖြစ်ပွားခဲ့တာမှာ အဲ့ဒီရွာမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့တာလဲဆိုတာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။ Support this podcas...

ရိုဟင်ဂျာအရေး NUG ဒုဝန်ကြီးနှင့် မေးမြန်းမှု 09.04.2024

မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ထို...

ထိုင်းလွှတ်တော်ထဲက မြန်မာ့အရေးဆွေးနွေးပွဲ 09.03.2024

မတ်လ ၂ ရက်နေ့က ထိုင်းလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊...

အလက်ဆီ နာဗားနီ 05.03.2024

ပူတင်ကို ဆန့်ကျင်လို့ နာမည်ကြီးလာသူ၊ အတိုက်အခံ ပါတီ ခေါင်းဆောင် နာဗားနီကို ကမ္ဘာ့မီဒီယာကြီးတွေ ပုံဖော်နေသလို ဒီမိုကရေစီ အိုင်ကွန်၊ လွတ်လပ်မှုအတွက် အသက်ပေးသွားတဲ့ အာဇာနည် သူရဲကောင်းတယောက်ဖြစ်သလား ဆိုတာကိုတော့ တချို့က မေးခွန်းထုတ်ကြပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ရခိုင်ပြည်ပိတ်ဆို့ခံရမှု ရက် ၁၀၀ 25.02.2024

စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးမှာ ကုန်လမ်းခရီးသွားလာခွင့်၊ ကုန်စည်သယ်ယူခွင့်၊ စက်သုံးဆီ သယ်ယူခွင့် ပိတ်ထားတာ ရက်ပေါင်း ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ခါးသီးသောပြိုင်ဘက်များ (မိတ်ဆက်) 23.02.2024

ဒီ ပေါ့ကတ်စ် ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ လက်ရှိ အရှေ့အလယ်ပိုင်း အရေးကို နားလည်ချင်သူတွေအတွက် သင့်လျော်သလို နိုင်ငံတနိုင်ငံရဲ့ ‘တော်လှန်ရေး’ အပေါ် အနောက်နိုင်ငံတွေက ဘယ်လို ရှုမြင်ကြသလဲဆိုတာကို နားလည်နိုင်ဖို့ အထောက်အပံ့ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ “အီရန်နှင့်ဆော်ဒီ သို့မဟုတ် ခါးသီးသောပြိုင်ဘက်များ” အကြောင်း အပိုင်းလိုက်ခွဲပြီး တင်ဆက်ပါမယ်။ စောင့်မျှော်နားဆင်ကြပါ မိတ်ဆွေများခင်ဗျာ။ Support this...

Luister naar de podcast The Mratt Podcast in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds