Democratic Voice of Burma

DVB News

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Bezoek zeker de website van de podcast en steun de maker: burmese.dvb.no

Auteur

Democratic Voice of Burma

Categorie

News

Website van de podcast

burmese.dvb.no

Nieuwste aflevering

2 okt. 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

ကျောက်ကြီးမြို့နယ်မှ စစ်ရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါး အရေပြားရောဂါ ဖြစ်ပွားနေ 31.05.2023

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ဘေးရှောင်ကလေးငယ် ၁၀,၀၀၀ နီးပါးဟာ နေထိုင်မကောင်းတာ၊ မိုးကာလ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတဲ့အတွက် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (30-MAY-2023) 30.05.2023

“ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (30-MAY-2023)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတတို့ ရှေ့နေများနှင့် တွေ့ခွင့်မရ 30.05.2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ဟာ ရှေ့နေတွေနဲ့တွေ့ခွင့်မရဘဲ အဆက်အသွယ် လုံးဝအဖြတ်ခံထားရ တယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝါရင့်ရှေ့နေတယောက်က မှတ်ချက်ပေးပါတယ်။

“ချစ်သောကမ္ဘာမြေ” DVB ရေဒီယို အစီအစဉ် (29-MAY-2023) 29.05.2023

ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၅  ခုနှစ်၊  နယုန်လဆန်း (၁၁ ) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၃  ခု၊ မေလ  ၂၉ ရက်၊ တနင်္လာနေ့ ညပိုင်း ဒီမိုကရက် တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယိုအသံလွှင့် အစီအစဉ်

DVB အထူးရေဒီယိုအစီအစဉ်သစ် “ချစ်သောကမ္ဘာမြေ” စတင်ထုတ်လွှင့်မည် 29.05.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ “ချစ်သောကမ္ဘာမြေ” ရေဒီယို အထူးအစီအစဉ်သစ်ကို   မေလ ၂၉ ရက် ဒီကနေ့ညပိုင်း စတင်ထုတ်လွှင့်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်သစ်မှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ ပြန်လည်ထူထောင်ရေး၊ ကူညီကယ်ဆယ်ရေးနဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ မုန်တိုင်းသင့်ဒေသက ပြည်သူတွေရဲ့ အသံတွေ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ၊ ဆက်သွယ်မေးမြန်းချက်တွေကို ဒ...

မြန်မာနိုင်ငံ၌ ခြောက်သွေ့စိုက်ဆင်းလေပြင်းများအန္တရာယ် သတိထားရန်လို 28.05.2023

မြန်မာနိုင်ငံမှာ အနောက်တောင် မုတ်သုံလေ ဝင်ရောက်ပြီးနောက် မိုးတိမ်တောင် ဖြစ်ပေါ်မှုနဲ့အတူ ခြောက်သွေ့ စိုက်ဆင်းလေပြင်းကိုလည်း သတိထားဖို့လိုတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။ https://burmese.dvb.no/archives/595755

မုန်တိုင်းအလွန်ပြန်လည်ထူထောင်ရေးအခြေအနေ DVB Weekly News Digest အစီအစဉ်။(27MAY2023) 27.05.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ မိုခါမုန်တိုင်းဘေးပြန်လည်ထူထောင်ရေးအခြေအနေ၊ သေမထူးနေမထူးအကျဉ်းသားများ၊ ရုရှားစစ်သင်္ဘောတိုက်ခိုက်ခံရမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

စစ်ကောင်စီ၏ ပညာရေးညီလာခံ မျှော်လင့်စရာမရှိဟု CDM ပညာရေးဝန်ထမ်းများပြော 26.05.2023

အာဏာသိမ်းကောင်စီအောက်မှာ ကျင်းပတဲ့ ပညာရေးညီလာခံက ဘာမှ မျှော်လင့်စရာမရှိဘူးလို့ CDM ပညာရေးဝန်ထမ်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ကရင်နီပြည်က ကိုယ်ထူကိုယ်ထကျောင်းများတွင် ဗုံးခိုကျင်းတူးပြီး ပညာသင်ကြားနေရ 25.05.2023

ရှမ်းပြည်နယ်အစပ်နဲ့ ကယား(ကရင်နီ) ပြည်နယ်အတွင်းက ကိုယ်ထူကိုယ်ထစစ် ဘေးရှောင်စာသင်ကျောင်း အများစုဟာ ဗုံးခိုကျင်း တွေတူးထားရပြီးပညာရေးကို အသက်နဲ့ရင်းကာ သင်ကြားနေရပါတယ်။

မုန်တိုင်းပြီး တပတ်ကျော်ကြာသည်ထိ ရခိုင်ပြည်သူများဆီ လူသားစာနာမှုအကူအညီ မရောက်သေး 24.05.2023

မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို မုန်တိုင်းဖြစ်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ထိရောက်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ မရောက်ရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုန်တိုင်းကြောင့် ကျေးရွာ ၇၀ ကျော် ဆားငန်ရေဝင်ရောက်လို့ သောက်သုံးရေ ခက်ခဲနေ 23.05.2023

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက်မှာ ကုလားတန်မြစ်ကြောင်းနဲ့ မယူမြစ်ကြောင်းက ကျေးရွာ ၇၀ ကျော်လောက်ကို ဆားငန်ရေတွေ ဝင်ရောက်လို့ သောက်ရေသုံးရေ အခက်အခဲ ဖြစ်နေပါတယ်။

မွန်ပြည်သစ်ပါတီ PPST ကနေ နုတ်ထွက် 22.05.2023

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ  ပါဝင်လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖွဲ့ စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့PPST ကနေ မွန်ပြည်သစ်ပါတီက နုတ်ထွက်သွားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့် 22.05.2023

၂၀၂၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်သံအမတ်ကြီးဦး ကျော်မိုးထွန်းအတွက် ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အမေရိ ကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းခဲ့ပါတယ်။

မိုခါမုန်တိုင်းနှင့် ထိုင်းရွေးကောက်ပွဲသုံးသပ်ချက် DVB Weekly News Digest အစီအစဉ်။(20MAY2023) 21.05.2023

အခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်သွားတဲ့ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ ထိုင်းရွေးကောက်ပွဲအကြောင်း ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

အမေရိကန် မြို့ကြီး ၇ မြို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက တရုတ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲများ ပြုလုပ် 20.05.2023

မြို့တော်ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးအပါအဝင် အမေရိကန်နိုင်ငံအတွင်းရှိ  တရုတ်ကောင်စစ်ရုံးတွေရှိတဲ့ မြို့  ၇ မြို့မှာ မေလ ၁၉ ရက်ကနေ  ဇွန်လ ၁၉ ရက် အထိ အချိန်တလကြာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်သွားမယ်လို့  မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

တောင်ငူအကျဉ်းထောင်က သေနတ်လုပြေးခဲ့သည့် အကျဥ်းသား ၉ ဦး လွတ်မြောက်နယ်မြေ ရောက်ရှိ 19.05.2023

ပဲခူးတိုင်း၊တောင်ငူမြို့အကျဉ်းထောင်မှာ မေ ၁၈ ရက် ညနေ ၃ နာရီလောက်က အကျဉ်းထောင်လုံခြုံ ရေးတွေဆီကနေ သေနတ်လု ထွက်ပြေးလာတဲ့ အကျဉ်းသား ၉ ယောက်လုံး လွတ်‌မြောက်နယ်မြေကို လုံခြုံစွာရောက်ရှိနေပြီလို့ ပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူတယောက်ကပြောပါတယ်။ အကျဥ်းထောင်ထဲကနေ ရုံးထုတ်ဖို့ခေါ်လာချိန်မှာ ထောင်လုံခြုံရေးတွေဆီကသေနတ်လုပြီး အပြန်အလှန် ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်လာတာဖြစ်ပြီး ပဲခူးတိုင်းအတွင်းက ပြည်သူ့က...

ICJမှာ တန်ပြန်လျှောက်လဲချက်တင်ရန် အချိန်ဆွဲနေခြင်းဟာ မြန်မာနိုင်ငံသားများအတွက်နစ်နာမှုရှိနေ 19.05.2023

ICJ တရားရုံးမှာ တန်ပြန်လျှောက်လဲချက်တင်ဖို့ အချိန်ဆွဲနေတဲ့ စစ်ကောင်စီရဲ့တောင်းဆိုချက်ကို တရားရုံးက ခွင့်ပြုပေးနေတာက မြန်မာနိုင်ငံသားအားလုံးအတွက် နစ်နာမှုရှိတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အမေရိကားရောက် ဗင်နီဇွဲလားရွှေ့ပြောင်းအခြေချသူတဉီး၏ ကြောက်မက်ဖွယ် လာရာခရီး 19.05.2023

အမေရိကားရောက် ဗင်နီဇွဲလားရွှေ့ပြောင်းအခြေချသူတဉီးက သူတို့ လာရာလမ်းခရီးရဲ့ ကြောက်မက်ဖွယ်bအခက်အခဲတွေ ပြန်လည်ပြောပြတာကို တင်ဆက်ပေးထားပါတယ်။

မိုခါမုန်တိုင်းကြောင့် စစ်တွေ ရိုဟင်ဂျာစခန်းများက သေဆုံးသူ ၁၀၀ ကျော်အလောင်းကို သင်္ဂြိုလ်ပြီး 18.05.2023

မိုခါမုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သင်္ဂြိုလ်ပြီးအလောင်း ၁၀၀ ကျော်ရှိနေပြီး နောက်ထပ်သေဆုံးသူဦးရေ ဒီထက်တိုးလာနိုင်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်ဈေးတက်၊ ပြည်သူတွေ စားနပ်ရိက္ခာနဲ့ သောက်ရေ လိုအပ်နေ 17.05.2023

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်တစ်အိတ်ကိုကျပ်နှစ်သောင်းလောက်ဈေးတက်လာပြီးမုန်တိုင်းရှောင် ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ သောက်ရေ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်အဖွဲအစည်းတွေက ပြောဆိုလိုက်ပါတယ်။

မိုခါဆိုင်ကလုန်းကြောင့်ပျက်စီးမှုကို အမြန်ဆုံးအကူအညီပေးဖို့ AA တောင်းဆို 16.05.2023

မိုခါဆိုင်ကလုန်းကြောင့်ဆုံးရှုံးပျက်ဆီးမှုတွေကို ရခိုင့်တပ်တော် အေအေက စာရင်း စတင်ကောက်ယူနေပြီး စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူတွေဆီကို နိုင်ငံတကာအနေနဲ့ အကူအညီ အမြန်ပေးဖို့ အေအေဘက်က တောင်းဆိုလိုက်ပါတယ်။

မိုခါမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့  မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ထန်းတပင်မြို့နယ်၌ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ် 14.05.2023

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက်မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါပျောက်ဆုံးနေပါတယ်။

အမေရိကန်ရောက်မြန်မာများ တရုတ်သံရုံးရှေ့ ဆန္ဒပြ 13.05.2023

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့  တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေက တရုတ်နိုင်ငံအလံကို မြေမှာချနင်းပြီး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မေလ ၁၂ ရက်က  ဆန္ဒပြခဲ့ကြပါတယ်။

Luister naar de podcast DVB News in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds