Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Bezoek zeker de website van de podcast en steun de maker: burmese.dvb.no
Auteur
Democratic Voice of Burma
Categorie
Website van de podcast
Nieuwste aflevering
1 okt. 2026
Waar luisteren?
Podcasts in de app Replaio Radio Binnenkort beschikbaarPodcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts
Afleveringen
စစ်ကောင်စီတပ်က ကောလင်းမြို့၏ ၄ ပုံ ၃ ပုံနီးပါးကို မီးရှို့ဖျက်ဆီး 24.02.2024 3:09
စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရဲ့ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး ခါမ်းပါတ်မြို့ကိုလည်း ပြန်သိမ်းနိုင်ဖို့ စစ်ကောင်စီတပ်က ပြောက်ကျားစနစ်နဲ့ ထပ်မံထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူထားတဲ့ ကောလင်းမြို့မှာ မီးရှို့ဖျက်ဆီးခံရတာတွေကြောင့် မြို့တွင်းက အဆောက်အအုံ ၇၀ ရာခိုင်နှုန်းလောက်ထိ...
DVB Newsbreak ( ၂၃ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း) 23.02.2024 4:35
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ လောင်းကစားရုံကို စစ်တပ်က ဝင်ရာက်စီးနင်းပြီး လူ ၄၀၀ ကျော်ကို ဖမ်းဆီးလိုက်တဲ့သတင်း -မကွေးတိုင်းမှာ Grade 9 စာမေးပွဲ မေးခွန်းပေါက်ကြားလို့ ဖြေဆိုမှုရပ်နားထားလိုက် ရတဲ့သတင်းနဲ့ -ကြည့်ရှုဖို့ မသင့်တော်တဲ့ တေးသီချင်းဗီဒီယို ရိုက်ကူးသရုပ်...
DVB Newsbreak ( ၂၂ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း) 22.02.2024 5:38
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း -အီးယူအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်ကို ဖယ်ရှားပေးဖို့ အရပ်ဖက် အဖွဲ့အစည်း ၃၅၀ ကျော်က တောင်းဆိုတဲ့သတင်းနဲ့ -မြန်မာနိုင်ငံကနေ နျူးကလီးယားကုန်ကြ...
ပြည်သူ့စစ်မှုထမ်း ဥပဒေ တော်လှန်ရေးနယ်မြေတွင်း ထိရောက်မှု ရှိနိုင်မှာဟုတ် 22.02.2024 4:05
ပြည်သူ့စစ်မှုထမ်းဉပဒေကို အသက်သွင်းလိုက်ပေမယ့် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေ တွေမှာ ထိရောက်မှု ရှိလာနိုင်မှာမဟုတ်ဘူးလို့ တိုင်ရင်းသားတော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။ ဒီဉပဒေအပေါ် ကွဲပြားတဲ့အမြင်တွေရှိနေပေမယ့် လူငယ်တွေအနေနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဆန့်ကျင်ကြဖို့ အဖွဲ့အသီးသီးက တိုက်တွန်းထားပါတယ်။ စိုးသူအောင် သတင်းပေးပို့ထားပါတယ်။
DVB Newsbreak ( ၂၁ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း) 21.02.2024 4:42
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီက ပြောလိုက်တဲ့သတင်း -ရိုဟင်ဂျာတွေ စစ်မှုထမ်းရင် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက စည်းရုံးနေတဲ့သတင်း -ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့...
DVB Newsbreak ( ၂၀ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း) 20.02.2024 5:02
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်အာဏာရှင်စနစ် ဖြုတ်ချရေး ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသားတပ်ဦးက ချင်းအမျိုးသားနေ့မှာ တိုက်တွန်းလိုက်တဲ့သတင်း -မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားဝင်သာလာရောက်ဖို့ ထိုင်းဝန်ကြီးချုပ်က သတိပေးလိုက်တဲ့သတင်းနဲ့ - NUG အစိုးရက နွေဦးထီကို မကြာမီ ပြန်လည် ဖွင့်လှစ်ရော...
DVB Newsbreak 5.5 (၁၉ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 19.02.2024 5:10
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံထံက အကူအညီတောင်းခံလိုက်တဲ့သတင်း -မန္တလေးပတ်စပို့ရုံးမှာ တန်းစီနေတဲ့ လူအုပ်ပိမိ အသက်ရှူကြပ်ပြီး အမျိုးသမီး ၂ ယောက် သေဆုံးသွားတဲ့သတင်းနဲ့ -မံစီမြို့နယ်ရှိ စီခမ်းကြီး စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်...
"ပြည်သူမလိုလားတဲ့ စစ်မှုထမ်းဥပဒေ" (WeeklyNewsDigest 17022024) 18.02.2024 29:35
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အင်ဒိုနီးရှားရွေးကောက်ပွဲ၊ စစ်မှုထမ်းဥပဒေဂယက်၊ မွန်ပြည်သစ်ပါတီနှစ်ဖွဲ့ကွဲသွားပြီလား စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
စစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံရပါက တိုင်ကြားနိုင်ရန် NUG လူ့အခွင့်အရေးဌာန စီစဉ် 17.02.2024 3:37
ပြည်သူ့ စစ်မှုထမ်းဥပဒေကိုသုံးပြီး ပေါ်တာဆွဲတာ၊ ဖမ်းဆီးခံရတာတွေရှိလာရင် မိသားစုဝင်တွေက တိုင်ကြားစာပေးပို့တာကို လက်ခံနိုင်မယ့် ယန္တရားကို စီစဉ်ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ နအဖအစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်ကြောင်း စစ်ကောင်စီက အမိန့်ထုတ်ပြန်ပြီး နောက...
DVB Newsbreak ( ၁၆ ဖေဖေါ်ဝါရီ ၂၀၂၄၊ ညနေခင်းသတင်း) 16.02.2024 5:49
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၃၀ ကို မြန်မာဘက် ပြန်လွှဲပေးလိုက်တဲ့သတင်း -နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားရာကနေ ပစ်သတ်လိုက်တဲ့ သတင်း -စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပါက ပြည်သူတွေ တိုင်ကြားနိုင်ဖို့ NUG လူ...
လွိုင်ကော်မြို့ ၇၅ ရာခိုင်နှုန်းနီးပါး တော်လှန်ရေးတပ်ပေါင်းစု ထိန်းချုပ် 16.02.2024 4:34
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ၁၁၁၁စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်နေတာ ၃ လကျော် ရှိလာပြီး မြို့ရဲ့ ၇၅ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားပါတယ်။ လတ်တလော လွိုင်ကော်မြို့ရဲ့ မြေပြင်အခြေအနေတွေကို သတင်းထောက် သီဟက အနီးကပ် တင်ဆက်ပေးထားပါတယ်။။
DVB Newsbreak ( ၁၅ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 15.02.2024 5:07
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -PDF တပ်တွေထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်တဲ့သတင်း -စစ်ကောင်စီ ဗိုလ်မှူးချုပ် ၁ ဦးကို အေအေက အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီး ၁ ဦးကို အသေ ရရှိခဲ့တဲ့သတင်း၊ -စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက် ရန်ကုန်ရှိ ထိုင်းသံရုံးမှာ ပြည်ပထွက်ဖို့ ဗီ...
အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီကြေညာ 15.02.2024 4:48
အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)က ကြေညာ လိုက်ပါတယ်။ ဒီသတင်းကို ခင်ရူပါက တင်ဆက် ပေးထားပါတယ်။
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်းအချက်သိရဖို့ ရေဒီယိုကိုသာ အသုံးပြုလာ 15.02.2024 4:14
တိုက်ပွဲတွေကြောင့် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ သတင်းအချက်အလက်တွေ သိရဖို့ အခု နောက်ပိုင်းမှာ ရေဒီယိုကိုသာ အများဆုံး အသုံးပြုနေရပါတယ်။ ဒီသတင်းကို လင်းအိမ်ပေးပို့ထားတာပါ။
DVB Newsbreak ( ၁၄ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 14.02.2024 5:03
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့သတင်း -ပြည်သူ့စစ်မှုထမ်းဥပဒေကို လုံးဝလိုက်နာစရာမလိုဘူးလို့ NUG က တိုက်တွန်းလိုက်တဲ့ သတင်းနဲ့ -အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာလိုက်တဲ့သတင်းတွေ နားဆ...
DVB Newsbreak ( ၁၃ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 13.02.2024 5:05
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာပြည် ဒီမိုကရေစီ အရပ်သားအုပ်ချုပ်ရေးဆီပြန်သွားဖို့ အမေရိကန်နဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုလိုက်တဲ့သတင်း -စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ဖို့ ကူညီဆောင်ရွက်ပေးသူတွေကို စုံစမ်းအရေးယူမယ်လို့ NUG အစိုးရက ပြောကြားလိုက်တဲ့သတင်းနဲ့ -ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့...
DVB Newsbreak ( ၁၂ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 12.02.2024 4:27
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံသားတိုင်း စစ်မှုထမ်းကြဖို့ တာဝန်ရှိကြောင်း စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်း -ရခိုင်ပြည်နယ်မှာ စစ်သင်္ဘော ၂ စီးနဲ့ ဇက်ရေယာဉ် ၁ စီးတို့ကို အေအေက တိုက်ခိုက် နှစ်မြှုပ်လိုက်တဲ့သတင်းနဲ့ -အမေရိကန်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ၂ ဦး ဝါရှင်တန်မှာတွေ့ဆုံပြီး မြန်မာ့...
ပြည်သူ့စစ်မှုထမ်း ဥပဒေ ဘယ်လဲ ဘာလဲ 12.02.2024 8:19
အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော် ကျင့်သုံးတော့မယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကြိုတင်စီမံမှုတွေထဲက တခုဖြစ်တယ်လို့ မှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတချို့က သုံးသပ်ပါတယ်။
"အိမ်နီးချင်းတိုင်းပြည်တွေဆီ ထွက်ပြေးနေရတဲ့ ပြည်ပြေးစစ်တပ် " (WeeklyNewsDigest 11022024) 11.02.2024 29:11
DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အိမ်နီးချင်းတိုင်းပြည်တွေဆီထွက်ပြေးနေရတဲ့ ပြည်ပြေးစစ်တပ်၊ ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲ၊ ကရင်နီစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု စတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ကောလင်းမြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ 10.02.2024 2:39
ကောလင်းမြို့တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားနေ DVB စစ်ကိုင်းတိုင်း၊ ကောလင်းကို ပြန်လည်ရရှိဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား ၃ ရက် မြောက် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ စစ် ကောင်စီဟာ စိတ်ဓာတ်စစ်ဆင်ရေးအရ ကောလင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေက အကောင်းဆုံးဟန့်တားထားနိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဗွီဘီသတင်းထောက...
DVB Newsbreak ( ၉ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 09.02.2024 5:18
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်ရာနဲ့ချီ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့သတင်း -ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်းနဲ့ -ထိုင်း-မြန်မာနယ်စပ်မှာ ယာယီစစ်ရှောင်စခန်း ၃ ခုဖွင့်လှစ်ဖို့ ရှိနေတဲ့သတင်းတွေ နားဆင်ကြရဖို့ ရှိပါတယ်။
ဗုံးကြဲခံခဲ့ရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်းကျောင်း ၂ ကျောင်းက ကလေးငယ်တွေ စိတ်ဒဏ်ခံရ 09.02.2024 3:32
စစ်ကောင်စီလေတပ်ဲရဲ့ ဗုံးကြဲတိုက်ခိုက်တာခံရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက စာသင်းကျောင်း၂ ကျောင်းက ကလေးငယ်တွေဟာ အခုအချိန်အထိ စိတ်ထိခိုက်ကြေကွဲနေကြ နေကြတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို သီဟက ကရင်နီပြည်နယ်ကနေ ပေးပို့ထားပါတယ်။
DVB Newsbreak ( ၈ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 08.02.2024 6:17
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံဆိုင်ရာအရေးပေါ်အခြေအနေ အမေရိကန်က ၁ နှစ်သက်တမ်း ထပ်တိုးလိုက်တဲ့သတင်း -ကရင်နီ စစ်ရှောင်မိသားစုဝင် ၇ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့သတင်းနဲ့ -ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားရှိ စစ်ကောင်စီတပ်ရင်းတွေကို အေအေ သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာဖ...
အာဏာသိမ်း ၃ နှစ်အတွင်း ကျောင်းနေအရွယ်ကလေးငယ်နဲ့လူငယ်ပညာသင်ခွင့် ဘယ်လောက်ထိ ဆုံးရှုံးပြီလဲ 08.02.2024 4:38
အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်းမှာ ပညာသင်ကျောင်းနေအရွယ် ကလေးငယ်နဲ့ လူငယ်တွေရဲ့ ပညာသင်ယူခွင့်တွေ ဘယ်လောက်အထိ ဆုံးရှုံးနေပါလဲ။ ဒီသတင်းကို ဝေဝေက တင်ဆက်ပေးထားပါတယ်၊
DVB Newsbreak ( ၇ ဖေဖော်ဝါရီ ၂၀၂၄၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 07.02.2024 4:58
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ........ -ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းကို အေအေက တိုက်ခိုက် သိမ်းပိုက် လိုက်တဲ့သတင်း -NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ထဲ KIO ပါဝင်လာတဲ့သတင်းနဲ့ - လှိုင်သာယာမှာ အထည်ချုပ်အလုပ်သမား ၁၀၀၀ ကျော် အခွင့်အရေးချိုးဖောက်ခံနေရတဲ့ သတင်းတွေ...
Vergelijkbare podcasts
Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds