Dawei Watch

Dawei Watch Podcast

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Bezoek zeker de website van de podcast en steun de maker: daweiwatch.com

Auteur

Dawei Watch

Categorie

News

Website van de podcast

daweiwatch.com

Nieuwste aflevering

25 mei 2026

Waar luisteren?

Podcasts in de app Replaio Radio Binnenkort beschikbaar

Podcasts komen binnenkort naar de app. Installeer nu en zie als eerste een compleet nieuwe kijk op podcasts

Download het op Google Play Gratis installeren Android bijna 10 mln downloads · beoordeling 4,8 iOS binnenkort

Afleveringen

တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၈ ရက်) 08.02.2023

ယနေ့(ဖေဖော်ဝါရီ ၈ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - အဖမ်းခံရတဲ့ ပြည်ကြီးမဏ္ဍိုင် ရဲစခန်းမှူးဟောင်းကို ၂ ရက်အကြာမှာအလောင်းပြန်တွေ့တဲ့အကြောင်း - သရက်ချောင်းမြို့နယ်မှာလည်း အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာတဲ့အထိ သတင်းမရသေးတဲ့အကြောင်း - ပလမြို့နားမှာ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တဲ့အခြေအနေ - ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦး အိမ်ပြန်ခွင့်မရလို့ ကြိုးဆွဲချသတ်သေသွားတဲ့အကြောင်း - ထိုင်းနိုင်ငံရှိ...

တနင်္သာရီ နေ့စဉ်သတင်း အစီအစဉ် 07.02.2023

ယနေ့(ဖေဖော်ဝါရီ ၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - တနင်္သာရီတိုင်းထဲက ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ပြဿနာကို ငြိမ်းချမ်းစွာ‌ဆွေးနွေးအဖြေရှာကြဖို့ တိုင်းထဲနေ ကရင်လူထုက တောင်းဆိုလိုက်တဲ့အကြောင်း - စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ အမျိုးသားနှစ်ဦး တောထဲမှာ အလောင်း ပြန်တွေ့တဲ့အကြောင်း - MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်တောက်နေတဲ့အကြောင်း - ကံပေါက်‌ဒေသရှိ ဒယ်ကို သတ္တုလုပ်ကွက်မှာ မြေစာပုံပြို...

တနင်္သာရီနေ့စဉ်သတင်းအစီအစဉ် 06.02.2023

ယနေ့(ဖေဖော်ဝါရီ ၆ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းမှူးအငြိမ်းစားတစ်ဦး မနေ့က အဖမ်းခံရတဲ့အကြောင်း - ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း  - လောင်းလုံးမြို့ပေါ်က မြို့နယ်သစ်တောရုံး မီးရှို့ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တဲ့အကြောင်း - လောင်းလုံးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်းမီးရှို့သွာ...

အလွန်ရှေးကျတဲ့ သာဂရမြို့ဟောင်း 05.02.2023

သာဂရမြို့ဟောင်းရဲ့ သက်တမ်းက အေဒီ ၈ ရာစုထက်စောနိုင်တဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ) 05.02.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 04.02.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း 04.02.2023

ဒီတစ်ပတ်ရဲ့ ဘောလုံးပွဲစဉ်တွေထဲမှာလည်း ပွဲစဉ်ကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။  ပရီးမီးယားလိဂ်မှာဆိုရင်လည်း လီဗာပူးနဲ့ အာဆင်နယ်တို့က တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ တွေ့နေရသလို မန်ယူဆိုရင်လည်း ခရစ္စတယ်လ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်နေရတဲ့သဘောပါပဲ။  စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့စိန်ခေါ်မှုအပြင်းထန်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။  ယှဉ်ပ...

မန်ယူကောင်းကင်ထက်ဆီ ပြန်လည်မှိုင်းညို့လာတဲ့ တိမ်မည်းမိုးသားတွေ 04.02.2023

မန်ယူအတွက် စိန်ခေါ်မှုတစ်ခု အစပြုလိုက်ပါပြီ။ အဲ့ဒါကတော့ ကွင်းလယ်လူ အဲရစ်ခ်ဆင် ခြေမျက်စိဒဏ်ရာရပြီး သုံးလ နားရဖို့ အကြောင်းဖန်သွားတာပါပဲ။  ပန်းဝင်ကာလဆီကို ရောက်ရှိလာချိန်၊ အသင်းအတွက် ဟန်ချက်ညီမှုတစ်ခုကို ရှာဖွေတွေ့ရှိချိန်မှာ အသင်းရဲ့အဓိက,ကစားသမားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာက မန်ယူအတွက် နစ်နာလှပါတယ်။ ဒါဟာ မန်ယူကို ကံကြမ္မာရဲ့ကျီစယ်မှုလေလားလို့တောင် ထင်မှတ်ချင်စရာပါပဲ။  အဲရစ်ခ်ဆင်ရဲ့နေရာအတွ...

တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၃ ရက်) 03.02.2023

ယနေ့(ဖေဖော်ဝါရီ ၃) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ပုလောနဲ့ တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာ - ဆက်ကြေးကောက်တာတွေ တိုင်ကြားဖို့ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်အကြောင်း - ဖမ်းဆီးခံရတဲ့ ကံပေါက်ဒေသခံ ၁၀ ကျော်ပြတ်လွတ်လာတာ - သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာ အမျိုးသားတစ်ဦးပစ်သတ်ခံရတဲ့ စာသင်ကျောင်း မီးလောင်တဲ့ အခြေအနေ - သဘာဝမဟုတ်တဲ့နည်းလမ်းနဲ့ ငါးဖမ်းဆီးတာကို ထားဝယ်ပြည်သူ့အုပ်ချု...

တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂ ရက်) 02.02.2023

ယနေ့(ဖေဖော်ဝါရီ ၂) တနင်္သာရီသတင်း အစီအစဉ်မှာတော့  - ထိုင်းရနောင်းထိန်းသိမ်းရေးစခန်းက ဆန္ဒပြအလုပ်သမားတွေ နေရပ်ပြန်ပို့လိုက်ပြီဆိုတဲ့အကြောင်း - ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆန္ဒပြတာ - ကော့သောင်းမြို့နယ်မှာ ပျူစောထီးတစ်ဦး ပစ်သတ်ခံရတဲ့အခြေအနေ - ကော့သောင်းမြို့က ကုန်တင်လှေမီးလောင်လို့ လှေသားတွေ ဒဏ်ရာရတဲ့အကြောင်း - သရက်ချောင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရတာ - မွန်ပြည်နယ်က ကြံ့ခိုင်ရေးပါ...

တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁ ရက်) 01.02.2023

ယနေ့(ဖေဖော်ဝါရီ ၁) တနင်္သာရီသတင်း အစီအစဉ်မှာတော့  - အာဏာသိမ်း ၂ နှစ်ပြည့် အသံတိပ်သပိတ်ဆင်နွှဲတဲ့အကြောင်း - အသံတိပ်သပိတ်ဆင်နွှဲနေချိန် မြိတ်မြို့မှာ စစ်ကောင်စီက ကာကွယ်ဆေးထိုး၊ ဈေးရောင်းချတာ  -ထိုင်းနိုင်ငံဘန်ကောက် မြန်မာသံရုံးနဲ့ UN ရုံးရှေ့ ဆန္ဒထုတ်ဖော်ကြတဲ့အကြောင်း - လောင်းလုံး ဝေဒီရွာက ငါးဖမ်းထွက်သွားတဲ့အမျိုးသားနှစ်ဦး သေဆုံးလျှက်ပြန်တွေ့ရတဲ့အခြေနေ - မြိတ်က ရှမ်းမီးသွေးဈေးတက်သွားတာ - ရ...

တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၃၁ ရက်) 31.01.2023

ယနေ့(ဇန်နဝါရီ ၃၁) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ထားဝယ်၊ မြိတ်၊ ‌လောင်းလုံး စတဲ့မြို့တွေမှာ စစ်ဆေးတင်းကြပ်နေတဲ့အကြောင်း - မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ဖိုးဖမ်းမိတဲ့အခြေအနေ - ထားဝယ်ခရိုင်ထဲ တောမီးမကြာခဏလောင်ကျွမ်းနေတာ - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာပါ။

တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၃၀) 30.01.2023

ယနေ့(ဇန်နဝါရီ ၃၀) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - ထိုင်းနိုင်ငံရနောင်းမြို့ ထိန်းသိမ်းရေးစခန်းက မြန်မာအလုပ်သမားတွေ ဆန္ဒပြတာရပ်လိုက်ပြီဆိုတဲ့အကြောင်း - ပုလော ကျောက္ကာရွာက ဂျင်းမွေးမြူရေးဖောင်တွေ မီးရှို့ခံရတဲ့အခြေအနေ - ‌ထားဝယ်က မောင်မယ်ရှောင်ရွာမှာ စစ်ကားမိုင်းဆွဲခံရပြီး ဒေသခဲ သားအစ်ဖနှစ်ဦး အဖမ်းခံရတာ - ရေဖြူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းတက်ဖို့လာတဲ့ သားအစ်ဖနှစ်ဦးကို ပစ်ခတ်ခံရတဲ့ဖြစ်စဉ် -...

အိမ်ပြန်ခွင့်ရဖို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ ထိုင်းလဝကစခန်းထဲက မြန်မာတွေ 29.01.2023

ပြစ်ဒဏ်ကျခံပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ဆက်လက်ထိန်းသိမ်းခံရပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ထိုးပြီး ထိန်းသိမ်းခံနေရပါတယ်။ ဒီလိုအခြေအနေမှာ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခကြီးစွာကြုံနေရသလို ဆေးကုခွင့်တောင်မရကြဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာနဲ့လည်း ကြုံနေရပါတယ်။ ငွေပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့် အခြေအနေဖြစ်နေပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံသားတွေ အစာငတ်ခံဆန္ဒပြတာ အခုဆို...

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ) 29.01.2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

၃ ကြိမ်တည်ထောင်ခဲ့တဲ့ သာဂရမြို့ဟောင်း 28.01.2023

ဥသြစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခုနှစ် (ခရစ်နှစ်အရ ၇၅၁) မှာ ပထမအကြိမ်တည်ခဲ့တာပါ။ ဒါကြောင့် ပုဂံထက်စောတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသမိုင်းဝင် သာဂရမြို့ဟောင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း 28.01.2023

အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ပေးခြင်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်ပေါင်းများစွာရှိတဲ့အနက်က အကောင်းဆုံးဖြစ်လာမယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ 28.01.2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၈  ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီ နေ့စဉ်သတင်း အစီအစဉ် 27.01.2023

ယနေ့(ဇန်နဝါရီ ၂၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - တနင်္သာရီမြို့နယ်ထဲ သုံးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံးခဲ့တဲ့အကြောင်း - ပလမြို့နားမှာ ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မီးရှို့ခံရတဲ့အကြောင်း - စစ်တပ်ရိက္ခာ သယ်လာတယ်ဆိုတဲ့ ခရီးသည်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပစ်ခတ်တဲ့အကြောင်း - ပြည်သူ့ကာကွယ်ရေးအဖွဲ့က လောင်းကစားဝိုင်းကို ဝင်ဖမ်းပြီး လူအချို့ကိုရိုက်နှက်ပ...

ယုံကြည်ချက်တွေကို မစွန့်လွှတ်ခဲ့တဲ့ အာဆင်နယ်အတွက် ဂန္ထဝင်ကျွန်း အစစ်အမှန် ရောက်လာချိန်တန်ပြီ 27.01.2023

အာဆင်နယ်ဟာ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အခုမှပဲ ငိုသံတွေဟာ ဝေးစပြုလာတာပါ။ အမှောင်ဖုံးနေတဲ့ သန်းခေါင်ယံကမ္ဘာကြီးဆိုတာကလည်း အာဆင်နယ်အတွက် အခုမှ အိပ်စက်စ ပြုလာခဲ့တာပါ။ အတူတူ မင်းနဲ့ငါ ဆိုတဲ့အတိုင်း ယုံကြည်ခြင်းရဲ့ကမ္ဘာဆီကို လျှောက်လှမ်းဖို့အတွက် အာတီတာနဲ့ အာဆင်နယ်တို့ဟာ အမှောင်ယံကာလထဲ လက်တွဲပြီး လျှောက်လှမ်းခဲ့ရတာပဲဖြစ်ပါတယ်။  အခုတော့ အာဆင်နယ်ဟာ ခေတ်သစ်တစ်ခုဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။...

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် 26.01.2023

ယနေ့(ဇန်နဝါရီ ၂၆) တနင်္သာရီသတင်း အစီအစဉ်မှာတော့ -ဒေသခံတွေ အဓိကအားထားပြီး သွားလာ‌အသုံးပြုနေရတဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်လိုက်တဲ့အကြောင်း - တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေလို့ ညဖက်မသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့အကြောင်း -ကော့သောင်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးတို့ သေနတ်နဲ့ပစ်ခံရတဲ့ အခြေအနေ -ကျောက်နီမော်ရွာက အမျိုးသမီးနှစ်ဦး မနေ့က ပြန်လွတ်လာတဲ...

ကံပေါက်မှာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တော့ 26.01.2023

ဆိုင်ကယ်ကိုသာ အားပြုသွားလာရတဲ့ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်တော့ ဒေသခံတွေ အခက်ကြုံနေရပါတယ်။ ကံပေါက်ဒေသ လမ်းမတွေပေါ်မှာ သွားလာသူမဲ့နေပြီး‌ ခြောက်ကပ်နေတာ မြင်တွေ့ရမှာပါ။ ဒီအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၂၅) 25.01.2023

ယနေ့(ဇန်နဝါရီ ၂၅) တနင်္သာရီသတင်း အစီအစဉ်မှာတော့ - မြိတ်မြို့ မဇောကျေးရွာအုပ်စုမှာ ပေါက်ကွဲမှုဖြစ်လို့ လူငယ်နှစ်ဦးသေဆုံးသွားတဲ့အကြောင်း -ရေဖြူမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးပတ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားတဲ့အခြေအနေ - လောင်းလုံးမြို့နယ်က နေအိမ်တစ်ဆောင်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တာ -ဘုတ်ပြင်း ဆေးတပ်က တပ်ကြပ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးလိုက်တဲ့အခြေအနေ -ကလိန်အောင်မြို့က...

ပုဂေါ်ဇွန်းရွာတွင် ဆီအုန်းခြံမီးလောင် 25.01.2023

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံ ဒီနေ့နံနက် ၁၁ နာရီလောက်က စပြီးမီးလောင်နေတာပါ။ ခြံထဲက နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနဲ့ မွေးမြူရေးခြံတစ်ခု မီးလောင်သွားပါပြီ။ ဆီအုန်းတော တစ်ဝိုက်မှာ မွေးမြူရေးခြံအချို့အပါအဝင် နေအိမ်ငယ် အလုံးငါးဆယ်ထက်မနည်း ရှိနေပါတယ်။ ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအသင်းအဖွဲ့တွေနဲ့ ရွာသူရွာသားတွေ ပူပေါင်း ငြှိမ်း...

မီးလျှံကြားကနေ ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့် (သို့မဟုတ်) တင်းနစ်နတ်သမီး ရှာရာပိုဗာ 25.01.2023

ဒီတစ်ပတ်မှာတော့ Dawei Watch ရဲ့အမျိုးသမီးကဏ္ဍမှာ တင်ဆက်ဖို့အတွက် ရွေးချယ်လိုက်တဲ့သူက တင်းနစ်မယ် ရှာရာပိုဗာ ပဲ ဖြစ်ပါတယ်။  သာမန်အနေနဲ့ ကြည့်လိုက်ရင် ရှာရာပိုဗာက ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ကြွယ်ဝချမ်းသာသူ အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ဒီဘဝကို ရောက်ရှိဖို့ ရှာရာပိုဗာ ဖြတ်သန်းလာခဲ့ရတဲ့လမ်းက ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။  ချာနိုဘိုင်း နျူကလီးယားစက်...

Luister naar de podcast Dawei Watch Podcast in Replaio

Radio en podcasts in één app - gratis en zonder account. Installeer vandaag nog en mis de lancering niet

Download het op Google Play

Replaio is geen uitgever van podcasts; namen van shows, covers en audio zijn eigendom van hun makers en worden verspreid via openbare RSS-feeds