RFA
စစ်မှုထမ်း ဇာတ်လမ်းများ
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ဥပဒေအရ ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အမျိုးသားတွေ၊ ၁၈ နှစ်ကနေ ၂၅ နှစ်အကြား အမျိုးသမီးတွေ စစ်မှုထမ်းရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာ လူငယ်အများအပြား နိုင်ငံပြင်ပကို ထွက်ပြေးသွားကြပြီး စစ်ကောင်စီကလည်း လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို တင်းကျပ်လိုက်ပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် ပျက်စီးသွားတဲ့ အနာဂတ်တွေ၊ ပြိုကွဲသွားတဲ့ မိသားစုတွေ၊ ရုန်းကန်နေရတဲ့ ဘဝတွေအကြောင်း ဒီအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။ Hosted on Acast. See acast.com/privacy for more information.
Husk å besøke podkastens nettsted og støtte skaperen: www.rfa.org
Hvor kan du lytte?
Podkaster i appen Replaio Radio Kommer snartPodkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster
Episoder
စစ်မှုထမ်းရန်ကြောက်လို့ သင်္ချိုင်းမှာ ညအိပ်သူ 22.03.2025 25:24
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၃၀) မှာတော့ မကွေးတိုင်း ချောက်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းစုဆောင်းရာမှာ ညအချိန် နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာကြောင့် သင်္ချိုင်းမှာသွားရောက် ညအိပ်ခဲ့သူအကြောင်း ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/s...
သေနတ်နှစ်လက်နဲ့ အသက်စွန့်ထွက်ပြေးခဲ့တဲ့ စစ်မှုထမ်း 15.03.2025 25:29
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၉) မှာတော့ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ကနေ သေနတ်နှစ်လက်ယူပြီး အသက်စွန့် ထွက်ပြေးခဲ့တဲ့ စစ်မှုထမ်းတပ်သား တစ်ဦးအကြောင်း ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKm...
သားဖြစ်သူ ပေါ်တာဆွဲခံရတဲ့ မိခင်သောက 08.03.2025 21:37
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၈) မှာတော့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်မှုထမ်းစုဆောင်းခံလိုက်ရတဲ့ သားဖြစ်သူအတွက် ပူပင်သောက ရောက်နေတဲ့ မိခင်တစ်ယောက်အကြောင်း ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com...
အသေခံတပ်သားအဖြစ် စေခိုင်းခံနေရတဲ့ စစ်မှုထမ်းများ 01.03.2025 22:28
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၇) မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းက နယ်မြေရှင်းလင်းရေးတွေမှာ စစ်မှုထမ်း သင်တန်းဆင်းလာသူတွေကို ရှေ့ဆုံးမှာတာဝန်ချထားတဲ့အကြောင်းနဲ့ စစ်တပ်ယူနီဖောင်း ဝတ်ထားသူကလွဲလို့ မြင်မြင်သမျှကို ရန်သူလို့ သတ်မှတ်ပြီး တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ရတဲ့အကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက် ကူးပြောင်းလာခဲ့တဲ့ ကိုပိုင်လေးက ပြောပြထားပါတယ်။ Facebook: https:/...
ထိုင်းမှာ ဖမ်းဆီးခံရသူတွေ မြန်မာဘက်ပြန်ပို့ချိန် စစ်သားစုဆောင်းခံရ 22.02.2025 27:35
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၆) မှာတော့ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်တာကြောင့် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့ချိန် စစ်ကောင်စီတပ်မှာ စစ်မှုထမ်းဖို့ စုဆောင်းခံလိုက်ရတဲ့သူတွေအကြောင်းကို ကြားရမှာပါ။ တရားမဝင် မြန်မာတွေကို ဖမ်းဆီးဖို့ ထိုင်းနဲ့ မြန်မာစစ်ကောင်စီအကြား ဘယ်လိုအပေးအယူတွေ ရှိနေသလဲ၊ ထိုင်းဘက်က ပြန်ပို့လာသူတွေကို စစ်ကောင်စီက ဘယ်လို စစ်သားစုဆောင်းနေသလဲ စတဲ့အကြော...
မူးယစ်ဆေးကျွေးပြီး ရွာတွေမီးရှို့ဖို့ စေခိုင်းခံရတဲ့ စစ်မှုထမ်းများ 15.02.2025 29:15
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၅) မှာတော့ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေက စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားတွေကို မူးယစ်ဆေးဝါးကျွေးပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖို့၊ ပစ္စည်းတွေကို လုယက်ဖို့ စေခိုင်းနေတဲ့အကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLh...
စစ်မှုထမ်းရှောင်လို့ နေအိမ်ချိပ်ပိတ်ခံရသူ 08.02.2025 22:23
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၄) မှာတော့ စစ်မှုထမ်းဖို့ စာရင်းပါပြီးနောက် တိမ်းရှောင်သွားတဲ့အတွက် ကျန်ခဲ့တဲ့မိသားစုရဲ့ နေအိမ်ကို ချိပ်ပိတ်ဖို့ စစ်ကောင်စီအာဏာပိုင်တွေက ဖိအားပေးတာခံနေရတဲ့ အကြောင်းကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DO...
အဓမ္မစစ်သားစုဆောင်းခံရသူတွေကို ကယ်ထုတ်နေတဲ့ CDM စစ်တပ်အရာရှိများ 01.02.2025 29:37
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၃) မှာတော့ အဓမ္မစစ်သားစုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို ပြန်လည်ကယ်ထုတ်နေတဲ့ CDM စစ်တပ်အရာရှိတွေအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: https://podcasts...
PDF နဲ့ စစ်ကောင်စီတပ်သား အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ပစ်ကြမလား 25.01.2025 19:41
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၂) မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမြွှာညီအစ်ကို နှစ်ယောက်ဟာ တစ်ယောက်က စစ်ဏာရှင်ကို ဆန့်ကျင်တဲ့ PDF ဖြစ်နေပြီး နောက်တစ်ယောက်ကတော့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စစ်သားစုဆောင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ဖြစ်နေပါတယ်။ အခုတော့ သူတို့ညီအစ်ကို နှစ်ယောက်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်မြေပြင်မှာ ရောက်နေကြပါပြီ။ ဒီအမြွှာညီအစ်ကိုဟာ တိုက်ပွဲမှာ ပြန်တိုက်ခိုက်ရနိုင်တယ်လို့ အစ်ကိုက...
PDF တွေကို ပြန်မတိုက်လို့ အချုပ်ချခံရတဲ့ စစ်ကောင်စီတပ်သား 18.01.2025 23:34
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၁) မှာတော့ မကွေးတိုင်းကနေ စစ်မှုထမ်းဖို့ အဓမ္မ စစ်သားစု ဆောင်းခံရပြီး ညောင်ဦးတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို ပြန်မတိုက်လို့ ရိုက်နှက် အချုပ်ချခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးအကြောင်း ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https...
PDF တွေကို ပြန်မတိုက်နိုင်ဘူးဆိုတဲ့ ရှေ့တန်းရောက် စစ်ကောင်စီတပ်သား 11.01.2025 25:08
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၂၀) မှာတော့ ရန်ကုန်မြို့မှာ လူမိုက်တွေက ဓားထောက် ဖမ်းဆီးတာခံရ ပြီးနောက် စစ်ကောင်စီတပ်ထဲရောင်းစားခံလိုက်ရသူ အကြောင်းကြားရမှာပါ။ အခုတော့ ဒီစစ်ကောင်စီတပ်သားဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်လန်းမြို့ ရှေ့တန်းစစ်မြေပြင် ကိုရောက်နေပါပြီ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--D...
စစ်မှုထမ်းပါပြီး တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား 04.01.2025 17:37
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၉) မှာတော့ ရန်ကုန်မြို့ကနေ စစ်မှုထမ်းပါပြီး ချင်းပြည်နယ် ဟားခါးမြို့က တိုက်ပွဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CDF)ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/s...
လူငယ်တွေကို ကျပ်သိန်းရာချီနဲ့ ပြန်ပေးဆွဲတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူးများ 28.12.2024 21:04
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၈) မှာတော့ ပဲခူးတိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုမထမ်းချင်ရင် ငွေကျပ်သိန်း ၁၀၀ ကျော်နဲ့ ပြန်ရွေးခိုင်းနေတဲ့အကြောင်း ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSg...
စစ်ခေါင်းဆောင်ကို မှန်းပြီး သေနတ်ပစ်လေ့ကျင့်ခဲ့တဲ့ စစ်ကောင်စီတပ်သား 21.12.2024 18:51
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၇) မှာ စစ်မှုထမ်းသင်တန်းမှာ ကိုယ်မုန်းတဲ့သူကို မျက်စိထဲပုံဖော်ပြီး သေနတ်နဲ့ပစ်ဖို့ သင်တန်းမှူးတွေက တိုက်တွန်းတာကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မှန်းပြီး သေနတ်ပစ်လေ့ကျင့်ခဲ့တဲ့ ကိုအောင်ကြီး အကြောင်းကို ကြားရမှာပါ။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWl...
မိုင်းကွင်းနဲ့ ထောက်ချောက်တွေကိုဖောက်ပြီး ထွက်ပြေးခဲ့တဲ့ ရေတပ်သား 14.12.2024 26:38
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၆) မှာတော့ ကုမ္ပဏီက အလုပ်ခေါ်သလိုဟန်ဆောင်ပြီး စစ်ကောင်စီတပ်ရဲ့ လိမ်ညာ စစ်သားစုဆောင်းတာခံလိုက်ရတဲ့ ရေတပ်သားကိုဝေဖြိုးအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: htt...
မြေအောက်တော်လှန်ရေးအတွက် အသက်စွန့်ထားတဲ့ LGBT 07.12.2024 23:57
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၅) မှာတော့ ရန်ကုန်မြိုမှာ စစ်တပ်လုံခြုံရေး တင်းကျပ်ထားတဲ့ကြားက စစ်မှုထမ်းဥပဒေအပါအဝင် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်နေတဲ့ LGBT ဖြစ်သူ ကိုရတုအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLo...
ဓားထောက်ဖမ်းဆီးပြီး စစ်တပ်ထဲ ရောင်းစားခံလိုက်ရသူ 30.11.2024 19:35
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၄) မှာတော့ ရန်ကုန်မြို့မှာ လူမိုက်တွေက ဓားထောက်ဖမ်းဆီးပြီး စစ်တပ်ထဲရောင်းစားခံလိုက်ရတဲ့ ကိုစောလင်းထွန်းအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: https://podcasts...
ခမရ ၃၂၅က ခြေလျင်ထွက်ပြေးခဲ့တဲ့ ကိုဝေကြီးရဲ့ မိုင်ရာချီခရီးကြမ်း 23.11.2024 36:46
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၃)မှာတော့ ရှမ်းပြည်နယ် မိုင်းရယ်မြို့ ခြေမြန်တပ်ရင်း ၃၂၅ ကနေ မိုင်တစ်ရာကျော်ခရီးကို ခြေလျင်ထွက်ပြေးခဲ့တဲ့ ကိုဝေကြီးအကြောင်း ကြားရပါမယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: http...
အဓမ္မစစ်သားစုဆောင်းခံရသူတွေကို ဖော်ထုတ် ကူညီနေသူ 16.11.2024 23:46
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၁၂)မှာတော့ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူတွေကို ဖော်ထုတ်ကူညီပေးနေတဲ့ ဒေါ်စုစုနွေးအကြောင်း ကြားရဖို့ရှိပါတယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e570LGGU Apple Podcasts: https://podcasts.apple.com/u...
နာမည်ကျော် ငွေလိမ်ဂိုဏ်းတွေကြားက မြန်မာလူငယ်များ 09.11.2024 21:15
ဒီတစ်ပတ် အစီအစဉ် အပိုင်း (၁၁) မှာတော့ ထောင်ပေါင်းများစွာသော မြန်မာလူငယ်တွေဟာ စစ်မှုထမ်းကိုရှောင်တိမ်းဖို့ကြိုးစားရင်း လာအိုနိုင်ငံ ရွှေတြိဂံဒေသက ငွေလိမ်ဂိုဏ်းတွေဆီ ရောက်ရှိသွားပါတယ်။ မတရားမှုတွေ ပြည့်နှက်နေတဲ့ ငွေလိမ်ဂိုဏ်းတွေကြား မြန်မာလူငယ်တွေ ဘယ်လိုရှင်သန်ရပ်တည်နေရသလဲဆိုတာ ကြားရမှာပါ။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ Facebook: https://www.facebook.c...
မောင်ဖြစ်သူကို အလံဖြူထောင်ဖို့ ရှေ့တန်းအထိလိုက်ပြီး တိုက်တွန်းသူ 02.11.2024 14:46
ဒီတစ်ပတ် အစီအစဉ် အပိုင်း (၁၀) မှာတော့ မောင်ဖြစ်သူရှိနေတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းအထိသွားပြီး PDF တွေထံ အလံဖြူထောင် လက်နက်ချဖို့ တိုက်တွန်းခဲ့တဲ့ မခိုင်ရဲ့ အတွေ့အကြုံတွေကို နားထောင်ရပါမယ်။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ Facebook: https://www.facebook.com/watch/100064542350311/521970730519785/ YouTube: https://www.youtube.com/playlist?list=PLkh5rep...
ရှေ့တန်းစစ်စခန်းကို အပို့ခံလိုက်ရတဲ့ စိတ်ကျန်းမာရေးချို့တဲ့သူ 26.10.2024 20:05
ဒီတစ်ပတ် အစီအစဉ် အပိုင်း(၉)မှာတော့ ရန်ကုန်မြို့က စိတ်ကျန်းမာရေးချို့တဲ့သူတစ်ယောက်ဟာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပြီးနောက် ရှေ့တန်းစစ်စခန်းတစ်ခုကို အပို့ခံလိုက်ရတဲ့အကြောင်း ပြောပြထားပါတယ်။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgKmLoRXe8e...
အောင်ဘာလေ သို့မဟုတ် စစ်မှုထမ်းမဲပေါက်လို့ ထွက်ပြေးခဲ့တဲ့ ကိုဇန် 19.10.2024 18:51
ဒီတစ်ပတ်အစီအစဉ် အပိုင်း (၈) မှာတော့ စစ်မှုထမ်းဖို့ မဲပေါက်ခဲ့တာကြောင့် မိသားစုကိုစွန့်ခွာပြီး ထိုင်းနိုင်ငံကို ထွက်ပြေးခဲ့ပေမယ့် အလုပ်လက်မဲ့ဘ၀နဲ့ ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က ကိုဇန်အကြောင်း ပြောပြထားပါတယ်။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com...
ဖမ်းဆီးနှိပ်စက်မှုတွေကြား ဆန္ဒပြနေတဲ့လူငယ်များ 12.10.2024 26:57
ဒီတစ်ပတ် အစီအစဉ် အပိုင်း(၇)မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ လုံခြုံရေး တင်းကျပ်မှုတွေကြား ရန်ကုန်မြို့ လူစည်ကားတဲ့လမ်းတွေပေါ်မှာ စစ်တပ်ကိုဆန္ဒပြနေတဲ့ လူငယ်တွေအကြောင်း ပြောပြထားပါတယ်။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/show/3DOgSgK...
စစ်တပ်အသိုင်းအဝိုင်းမှာ အလုပ်လုပ်ရင်း PDF ဖြစ်လာသူ 05.10.2024 22:51
ဒီတစ်ပတ် အစီအစဉ် အပိုင်း (၆) မှာ နေပြည်တော်က စစ်တပ်အရာရှိဟောင်းတစ်ဦးထံမှာ အလုပ်လုပ်ရင်း စစ်မှုထမ်းဥပဒေ ထွက်လာချိန်မှာ နေပြည်တော် PDF အဖွဲ့ဝင်ဖြစ်လာတဲ့ ရဲဘော်သားပေါက်အကြောင်း ပြောပြထားပါတယ်။ RFA ရဲ့ Facebook, YouTube, Spotify နဲ့ Apple Podcasts တွေကနေ နားဆင်နိုင်ပါတယ်။ YouTube: https://www.youtube.com/playlist?list=PLkh5repCXjaYwdlLhH--DixSWlBZNeUIU Spotify: https://open.spotify.com/...
Lignende podkaster
Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.