Win Ei

စာဖတ်ပြမယ် - Myanmar Audiobook

Arts MY ↓ 216 episoder

Myanmar Audiobooks Read by Win Ei 📚🌃 New Episode Every Saturday Night 🌃Listen on YouTube : https://youtube.com/channel/UCppKwVXFL1Ixu2gl9Icvt8A

Forfatter

Win Ei

Kategori

Arts

Podkastens nettsted

podcasters.spotify.com

Siste episode

3. mai 2026

Hvor kan du lytte?

Podkaster i appen Replaio Radio Kommer snart

Podkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster

Last ned på Google Play Installer gratis Android nesten 10 mill. nedlastinger · 4,8 i vurdering iOS snart

Episoder

အပိုင်း (၈) မြစိမ်းပြာ ကမာရွတ် - နုနုရည် (အင်းဝ) 02.01.2025

Happy New Year ပါ မိတ်ဆွေတို့ 🥳🥳🥳 (မနေ့ညက အချိန်မီပြန်မရောက်လို့ recording မလုပ်ဖြစ်လိုက်လို့ပါ) စာဖတ်ပြမယ် Podcast လေးနဲ့ (၂၀၂၄) တစ်နှစ်တာလုံး အတူရှိပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့အားလုံးပဲ (၂၀၂၅) ခုနှစ် တစ်နှစ်တာလုံးကိုဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ❤️

အပိုင်း (၇) မြစိမ်းပြာ ကမာရွတ် - နုနုရည် (အင်းဝ) 31.12.2024
အပိုင်း (၆) မြစိမ်းပြာ ကမာရွတ် - နုနုရည် (အင်းဝ) 30.12.2024
နုနုရည် (အင်းဝ) - မြစိမ်းပြာ ကမာရွတ် အပိုင်း(၅) 29.12.2024
နုနုရည် (အင်းဝ) - မြစိမ်းပြာ ကမာရွတ် အပိုင်း(၄) 28.12.2024
နုနုရည် (အင်းဝ) - မြစိမ်းပြာ ကမာရွတ် အပိုင်း(၃) 27.12.2024
နုနုရည် (အင်းဝ) - မြစိမ်းပြာ ကမာရွတ် အပိုင်း(၂) 26.12.2024

ဒီအပတ် တနင်္ဂနွေမှာ မတင်ဖြစ်လိုက်လို့ အခုအတိုးချပြီး နားဆင်ပေးပါဦး မိတ်ဆွေတို့။ ကျွန်မရဲ့အဆောင်က အခန်းတွေက အသံမလုံတော့ recording လုပ်ဖို့ အခက်အခဲဖြစ်သွားခဲ့လို့ပါ၊ အခုတော့ အသံသွင်းဖို့တိတ်ဆိတ်တဲ့အချိန်ရှာဖွေတွေ့ရှိသွားပါပြီ 🥳

နုနုရည် (အင်းဝ) - မြစိမ်းပြာ ကမာရွတ် အပိုင်း(၁) 25.12.2024

Merry Christmas ပါ မိတ်ဆွေတို့ရှင့်🎄🎄 ဒီခရစ်စမတ်မှာတော့ အမှတ်တရလေးဖြစ်သွားအောင် ဆရာမနုနုရည် (အင်းဝ) ရေးသားထားတဲ့ “မြစိမ်းပြာ ကမာရွတ်” လုံးချင်းဝတ္ထုရှည်ကြီးကို ဝင်းအိကြုးစားဖတ်ပြပေးပါ့မယ်။ အနည်းဆုံးတော့ တစ်ညတစ်ပိုင်း မှန်မှန်တင်ပေးနိုင်အောင်ကြိုးစားပါ့မယ် မိတ်တွေတို့ရှင့် 🌚 မိတ်ဆွေတို့အားလုံးအပေါ် Christmas ရဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ ကျရောက်ခံစားရပါစေလို့ ဆုတောင်းပေးလိုက်ပါရတယ် 😇

တင်ညွန့် - ရင်နာကြွေး (ဝတ္ထုတို) 15.12.2024

ဒီညအတွက်ကိုတော့ ဆရာကြီးတင်ညွန့် ရေးသားထားတဲ့ “ရင်နာကြွေး” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ 🫡 ဒီဇင်ဘာလထဲ နားဆင်ချင်တဲ့ ဝတ္ထုတိုလေးတွေရှိရင် ပို့ပေးလို့ရပါတယ်၊ ကျွန်မ ကဗျာတွေတော့ မဖတ်ပြတတ်လို့ စိတ်မရှိပါနဲ့မိတ်ဆွေတို့ရှင့် 😁

ခင်ခင်မှန် (ခရမ်း) - တန်ဖိုးကြီးကုန်ကြမ်း (ဝတ္ထုတို) 01.12.2024

ဒီညမှာတော့ ဆရာမခင်ခင်မှန် (ခရမ်း) ရေးသားထားတဲ့ “တန်ဖိုးကြီးကုန်ကြမ်း” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ်ရှင့်၊ အရင်အပတ်က account error လေးတက်နေလို့ မတင်ဖြစ်လိုက်ပါဘူး မိတ်ဆွေတို့ရေ 🙏

အရိုး - လူကြီးမင်းခေါ်ဆိုသော (ဝတ္ထုတို) 17.11.2024

ဒီညမှာတော့ ဆရာအရိုး ရေးသားထားတဲ့ “လူကြီးမင်းခေါ်ဆိုသော” ဆိုတဲ့ ဝတ္ထုတိုလေးကို နားဆင်ရမှာပဲဖြစ်ပါတယ် မိတ်ဆွေတို့ရှင့် 💪

သိပ္ပံမောင်၀ - မျိုးရိုး (ဝတ္ထုတို) 03.11.2024

ဆရာ သိပ္ပံမောင်၀ ရေးသားထားတဲ့ “မျိုးရိုး” ဆိုတဲ့ ဝတ္ထုတိုလေး မိတ်ဆွေတို့ ဒီညနားဆင်လို့ရအောင် ဖတ်ပြပေးထားပါတယ်ရှင် 💪

မောင်ပင်လယ် - တကယ်တော့ သမီးလေးဟာ ကျွန်တော်နမ်းလို့မဝသေးတဲ့ ပါးတစ်ခြမ်းပါ (ဝတ္ထုတို) 28.10.2024

ဒီညအတွက်ကိုတော့ ဆရာ မောင်ပင်လယ် ရေးသားထားတဲ့ “တကယ်တော့ သမီးလေးဟာ ကျွန်တော်နမ်းလို့မဝသေးတဲ့ ပါးတစ်ခြမ်းပါ” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ်ရှင်။ မနေ့ညက recording လုပ်ဖို့အဆင်မပြေလို့ ဒီညမှတင်လိုက်ရပါတယ် မိတ်ဆွေတို့ရှင့် 🙏

ဗြိတိသျှကိုကိုမောင် - ကိုကိုဖုန်း စုတ်ထိုးလို့ မြကလေးနိုးလာခဲ့တယ်(ဝတ္ထုတို) 20.10.2024

ဒီညအတွက်ကိုတော့ ဆရာ “ဗြိတိသျှကိုကိုမောင်” ရေးသားထားတဲ့ “ကိုကိုဖုန်း စုတ်ထိုးလို့ မြကလေးနိုးလာခဲ့တယ်” ဆိုတဲ့ ဝတ္ထုတိုလေးကိုဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ 🤍

လယ်တွင်းသားစောချစ် - အဟောင်းနှင့်အသစ် (ဝတ္ထုတို) 13.10.2024

ဒီညမှာတော့ ဆရာကြီးလယ်တွင်းသားစောချစ် ရေးသားထားတဲ့”အဟောင်းနှင့်အသစ်” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ 🙌

သုမောင် - မီးရထားသံလမ်း အချစ် (ဝတ္ထုတို) 06.10.2024

ဒီညအတွက်ကိုတော့ ဆရာသုမောင် ရေးထားတဲ့ “မီးရထားသံလမ်း အချစ်” ဆိုတဲ့ ဝတ္ထုတိုလေးကိုဖတ်ပြထားပါတယ်။ ဝင်းအိ ဒီလတော့ solo room လေးရသွားပြီမို့ recording လုပ်ဖို့တွေအဆင်ပြေသွားပါပြီ 🫶သတိရဆုတောင်းပေးနေကြလို့ကျေးဇူးတင်ပါတယ်ရှင် 🥰

မိုးမိုး(အင်းလျား) - အမေ့စာ(ဝတ္ထုတို) 15.09.2024

ဒီညအတွက်ကိုတော့ ဆရာမမိုးမိုး(အင်းလျား)ရေးသားထားတဲ့ “အမေ့စာ” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ 🤩

နီကိုရဲ - စိတ်တိုင်းကျချင်သူ (ဝတ္ထုတို) 08.09.2024

ဒီညအတွက်ကိုတော့ ဆရာနီကိုရဲ ရေးသားထားတဲ့ “စိတ်တိုင်းကျချင်သူ” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ 🤩

ဂျိုဇော် - ဘဝနွေးနွေး (လျှပ်တစ်ပြက် ဝတ္ထု) 25.08.2024

မိတ်ဆွေတို့ရေ ဒီအပတ်အတွက်ကိုတော့ လျှပ်တစ်ပြက် ဝတ္ထုလေးတစ်ပုဒ်ပဲ ဖတ်ပြပေးဖြစ်ပါတယ်၊ ဝင်းအိ ဝတ္ထုတိုတွေရွေးဖို့ အချိန်မပေးနိုင်ဘူးဖြစ်သွားလို့ပါရှင်။ ဒါလေးနားထောင်ပြီး နောက်ကျန်ရှိနေတဲ့ ဝတ္ထု (၉၉) ပုဒ်ကိုလဲ ဖတ်ချင်သွားတယ်ဆိုရင်တော့ ဆရာ ဂျိုဇော် ရေးသားထားတဲ့ “လျှပ်တစ်ပြက် ဝတ္ထု ၁၀၀” ဆိုတဲ့ စာအုပ်လေးကိုဖတ်ရှုအားပေးလို့ရပါတယ်ရှင်။ တစ်ညတာလုံးဘေးကင်းလုံခြုံစွာ အိပ်ပျော်နားနေနိုင်ကြပါစေ မိတ်ဆွေတို့ရေ 🤍

မောင်သာချို - စျေးမဆစ်ရက်ဘူး (ဝတ္ထုတို) 18.08.2024

ဒီညအတွက်ကိုတော့ ဆရာမောင်သာချို ရေးသားထားတဲ့ “စျေးမဆစ်ရက်ဘူး” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရှင့်

ပုညခင် - သနားလိုက်ရတာ (ဝတ္ထုတို) 11.08.2024

ဒီညတော့ ဆရာမ ပုညခင် ရေးသားထားတဲ့ “သနားလိုက်ရတာ” ဆိုတဲ့ ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ

လယ်တွင်းသားစောချစ် - တီတီ တီတီတီ (ဝတ္ထုတို) 04.08.2024

ဒီညအတွက်ကိုတော့ ဆရာလယ်တွင်းသားစောချစ် ရေးသားထားတဲ့ “တီတီ တီတီတီ” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ်။ Podcast သုံးနှစ်ပြည့်အမှတ်တရ post လေး YouTube မှာတင်ထားတာရောတွေ့မိလိုက်ကြသေးလားမိတ်ဆွေတို့ 😁

တာရာမင်းဝေ - ဓါးမှတ်စု(ဝတ္ထုတို) 21.07.2024

ဒီညအတွက်ကိုတော့ ဆရာတာရာမင်းဝေ ရေးသားထားတဲ့ “ဓါးမှတ်စု” ဆိုတဲ့ဝတ္ထုတိုလေးဖတ်ပြပေးထားပါတယ် မိတ်ဆွေတို့ရေ 💟

ခင်ဆွေဦး - ပထမတန်းစား (ဝတ္ထုတို) 14.07.2024

ဆရာမ ခင်ဆွေဦး ရေးသားထားတဲ့ “ပထမတန်းစား” ဆိုတဲ့ဝတ္ထုတိုလေးနားဆင်ခံစားပေးကြပါဦး မိတ်ဆွေတို့ 🎀

ရွှေဥဒေါင်း - အောင်သွယ်ကောင်းသောဆိတ် (ဝတ္ထုတို) 29.06.2024

ဒီညအတွက်ကိုတော့ ဆရာကြီးရွှေဥဒေါင်း ရေးသားထားတဲ့”အောင်သွယ်ကောင်းသောဆိတ်” ဆိုတဲ့ ဝတ္ထုတိုလေးကိုဖတ်ပြပေးထားပါတယ်🤗 တချို့အပတ်တွေစနေမအားလို့ အသံမသွင်းဖြစ်ရင် တနင်္ဂနွေမှတင်ဖြစ်တာမို့ ခွင့်လွှတ်ပေးပါရှင့်၊ အခြေအနေအမျိုးမျိုးကြောင့် နားရတဲ့အပတ်တွေအတွက်လည်း နားလည်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့ရေ 🤍

Hør på podkasten စာဖတ်ပြမယ် - Myanmar Audiobook i Replaio

Radio og podkaster i én app - gratis og uten registrering. Installer i dag, og ikke gå glipp av lanseringen

Last ned på Google Play

Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.