Rodney Sann Lwin

Rodiobook

Arts MY ↓ 168 episoder

Audiobooks for Myanmar short stories, essays and others literature that all i read.

Husk å besøke podkastens nettsted og støtte skaperen: podcasters.spotify.com

Forfatter

Rodney Sann Lwin

Kategori

Arts

Podkastens nettsted

podcasters.spotify.com

Siste episode

19. aug 2023

Hvor kan du lytte?

Podkaster i appen Replaio Radio Kommer snart

Podkaster kommer snart til appen. Installer nå, og bli den første som ser en helt ny tilnærming til podkaster

Last ned på Google Play Installer gratis Android nesten 10 mill. nedlastinger · 4,8 i vurdering iOS snart

Episoder

Tim - စကားလုံးပဉ္စလက် (ဝတ္ထုတို - အသံစာအုပ်) 06.06.2022

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ထဲက ဝတ္ထုတို တပုဒ်ဖြစ်တဲ့ စကားလုံးပဉ္စလက် ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။ မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျေ...

#Tim - #တရားရှင်နှင့်မေျာက်ဘုရင် #အသံစာအုပ် ဝတ္ထုတို 03.06.2022

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။ မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖွား တရုတ်စာရေးဆရာတယေ...

Tim - မိစ္ဆာလိုက်ပွဲ #ဝတ္ထုတို #အသံစာအုပ် 02.06.2022

ကမ္ဘာကျော်စာရေးဆရာ Ken Liu ရဲ့ ဝတ္ထုတွေကို Tim က ဘာသာပြန်ပေးထားတဲ့ "မိစ္ဆာလိုက်ပွဲ" စာအုပ်ကို ကိုရော်နီစန်းလွင် က အသံထွက်ဖတ်ပြတာ ဖြစ်ပါတယ်။ မူရင်းရေးသားသူ Ken Liu ဟာ Hugo Award ၂ ခါနဲ့ Nebula Award ၁ ခါ ရဖူးပြီး တရုတ်ခေတ်ဟောင်းဒဏ္ဍာရီများနဲ့ ခေတ်သစ်သိပ္ပံပညာတွေကို ပေါင်းစပ်ရေးသားပြီး အံ့ဩလောက်တဲ့ ဇာတ်လမ်းများ ဖန်တီးရေးသားနိုင်စွမ်းတဲ့ မက်ဂျစ်ကယ်ရီယယ်လစ်ဇင် အရေးအသားများနဲ့ ကျော်ကြားသူ အမေရိကန်ပြည်ဖ...

မြသန်းတင့် - ရှားလော့ဟုမ်း၏မှတ်တမ်းများ (ဝတ္ထု - အသံစာအုပ်) 16.05.2022

ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ ရှားလော့ဟုမ်း၏မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကို ဖတ်ပြပေးတာပါ၊  စုံထောက်ဇာတ်လမ်းများကို ကြိုက်နှစ်သက်သူများအတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ရှားလော့ဟုမ်း ရဲ့ စုံထောက်ပုံများကို နားဆင်ပေးကြပါဦးဗျ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဂျူး - ထာ၀ရသစ္စာ (ဝတ္ထုတို၊ အသံစာအုပ်) 11.05.2022

ဆရာမ ဂျူး ရဲ့ ထာ၀ရသစ္စာ ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြတာပါ၊ အသံထွက်ဖတ်ပြရာမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့် တာဝန်ပါခင်ဗျာ။

#ခင်မျိုးချစ် #မိုင်ကယ်အိန်ဂျလို #ဝတ္ထု #အသံစာအုပ် 26.04.2022

ရီနေဆန်းခေတ် (ပညာအလင်းရောင်ခေတ် - ခေတ်ဆန်းချိန်) မှာ ဥရောပ(အီတလီ၊ ရောမ နဲ့ ဖလောရင့်မြို့တော်) ရဲ့ရွှေတောင်ကြီးအလား မားမားမတ်မတ် အံ့ဩဖွယ်ရာအနုပညာလက်ရာတွေကို ဖန်တီးချန်ထားခဲ့တဲ့ "အပြောင်မြောက်ဆုံး အနုပညာသည်ကြီး"လို့ နာမည်ပေး ခေါ်ဝေါ်ခဲ့ကြရတဲ့ ပန်းပု ပန်းချီပညာရှင်ကြီး မိုက်ကယ်အင်ဂျလို အကြောင်းကို ဖတ်ပြပေးသွားပါမယ်။ "အနုပညာကို ဖျက်ဆီးချင်သူတွေ၊ အနုပညာသည်တွေကို နှိပ်စက် ညှဉ်းပန်းသူတွေဆိုတာ ခေတ်အဆက်ဆက်...

တင်မောင်မြင့် - မိုးတိမ်လွှာ (၉ပိုင်း) (ဝတ္ထု - အသံစာအုပ်) 17.04.2022

ဆရာကြီး ဦးတင်မောင်မြင့် ဘာသာပြန်ပေးထားတဲ့ သည် “မိုးတိမ်လွှာ” ဝတ္ထု ကို အကောင်းဆုံး စကားလုံးတွေနဲ့ တွေးပြီးညွှန်းရရင် ‘သိပ်ချစ်ဖို့ကောင်းတဲ့ ဝတ္ထု’ လို့ပဲ ဆိုရပါမယ်။ နောက်မွေးနေ့အထိ နေရမှာ မဟုတ်တော့ဘူးလို့ တွက်ထားပြီးမှ သေတွင်းထဲက ထွက်လာနိုင်ကာ ဘ၀ကို အသစ်တဖန် ပြန်လည်စတင်ဖို့ ကြိုးစားခဲ့သည့် ‘ဆာရာ’ ဆိုတဲ့ မိန်းမချောကလေးနဲ့ … ဇာတ်လမ်းက ရိုးပေမယ့် ရပ်ထားလို့လည်း မရ၊ အငိုလည်း မတိတ်နိုင်တဲ့ ရင်နှင့်အမျှ...

တက္ကသိုလ်ဘုန်းနိုင် - တန်ခူးလေနှင့် လျောတော့သည် (၆ပိုင်း) #ဝတ္ထု #အသံစာအုပ် 11.04.2022

"ပြည်သူတေွဟာ ရိုးသားပါတယ်၊ ရိုးသားလို့ပဲ ချစ်စရာရှိရင် သိပ်ချစ်ပြတတ်တယ်၊ မုန်းစရာရှိရင်လည်း သိပ်မုန်းပြတတ်တယ်။  တစ်နေ့ နောက်ဆုံးမှာတော့ ပြည်သူတေွဟာ အမှန်တရားကို မြင်လာတယ်ဆိုတာ ထား ယုံတယ်။ ဘယ်သူမှ ပြည်သူတေွကို ရေရှည် ညာဝါးလှည့်ဖြားလို့ မရဘူး။" ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ “တန်ခူးလေနှင့် လျောတော့သည်”ဆိုတဲ့ ဝတ္ထုလေးကို အသံထွက်ဖတ်ပြတာပါ။

တင်မောင်မြင့် - ကျိန်စာသင့်အတိတ်ချစ်ဆိပ်ရည်ချို (၉ ပိုင်း) #ဝတ္ထု #အသံစာအုပ် 30.03.2022

အစပိုင်းမှာ ဆယ်ကေျာ်သက်ကောင်လေးနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီး တို့ရဲ့ စိတ်လှုပ်ရှားဖွယ် အချစ်အကြောင်းဖြစ်ပြီး နောင်နှစ်များကြာတဲ့အခါမှာ ရင်နာ စိတ်ထိခိုက်စရာ အံ့ဩနာကျင်စရာ မချိတင်ကဲဖြစ်စရာတေွနဲ့ တကယ်ကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ်ဖန်တီးရာမှာလည်း မင်းသမီးကိတ်ဝင်းစလက် အော်စကာဆု နဲ့ အခြားဆုများဆွတ်ခူးနိုင်ခဲ့ပြီး ကြည့်မိသူတိုင်းကြိုက်နှစ်သက်ခဲ့ပါတယ်။ ဆရာတင်မောင်မြင့် ဘာသာပြန်ထားတဲ့ ဒီ ကျိန်စ...

ဂျူး - ဆရာဝန်တစ်ယောက်၏မှတ်စုများ #ဝတ္ထုတို #အသံစာအုပ် 26.03.2022

ဆရာမဂျူး ရဲ့ ဆရာဝန်တစ်ယောက်၏မှတ်စုများ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။ သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

ရွှေဥဒေါင်း - ဘက်စကာဗျိလ်ခွေးကြီး (၇ပိုင်း) (ဝတ္ထု - အသံစာအုပ်) 22.03.2022

ရှားလော့ဟုမ်း ဖတ်ပြဖို့ တောင်းဆိုနေကြတဲ့ နားဆင်သူများအတွက် သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ရှားလော့ဟုမ်း ဝတ္ထုရှည်တပုဒ်ဖြစ်တဲ့ The Hound of The Baskervilles ကို ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန်ထားတဲ့ ဘက်စကာဗျိလ်ခွေးကြီး ဆိုတဲ့ စုံထောက်ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

ရွှေဥဒေါင်း - လေးပွင့်ဆိုင် (စ - ဆုံး ၄ပိုင်း) ဝတ္ထု - အသံစာအုပ် 17.03.2022

ရှားလော့ဟုမ်း ဖတ်ပြဖို့ တောင်းဆိုနေကြတာမို့ ရှားလော့ဟုမ်း ဝတ္ထုရှည်တပုဒ်ဖြစ်တဲ့ The Sign of Four ကို ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန် မြန်မာမှုပြုထားတဲ့ လေးပွင့်ဆိုင် ဆိုတဲ့ စုံထောက်ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

အထောက်တော်လှအောင်  - ရဘက်ကာ ဝတ္ထု အသံစာအုပ် 18.02.2022

ပင်လယ်ကမ်းစပ် နဲ့ သစ်တောအုပ်တို့ ဝန်းရံထားတဲ့ ခမ်းနားကြီးကျယ်လွန်းတဲ့ မန်ဒါလေ စံအိမ်ကြီး၊ လှပကျော့ရှင်းမှု ဂုဏ်သတင်းကျော်ကြားမှုတို့နဲ့ လူတိုင်း ပါးစပ်ဖျား တသသပြောမဆုံးပေါင်ဖြစ်ကြရတဲ့ စံအိမ်ကြီးရဲ့ သခင်မ "ရဘက်ကာ" ၊ လှည့်ကွက်လေးတွေ လျို့ဝှက်ချက်လေးတွေနဲ့ မထင်ထားတဲ့ ဇာတ်ကွက်ကြီးကို ရေးပြသွားတာ လက်ကမချချင်အောင်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကမ္ဘာကျော်  ဂန္တဝင်စာအုပ်တစ်အုပ်။ ဒီဝတ္ထုကို ရုပ်ရှင် ပြဇာ...

ဂျာနယ်ကျော်မမလေး - သူမ (၁၀ ပိုင်း) ဝတ္ထု အသံစာအုပ် 06.02.2022

ဆရာမကြီးဂျာနယ်ကျော်မမလေး ရဲ့ “သူမ” ဝတ္ထု ကို အသံထွက်ဖတ်ပြတာပါ။ စာရေးဆရာတစ်ယောက်၏ စာပေမှတ်တိုင် ထူထောင်ရာ အမှတ်အသားတွင် သူမ ဝတ္ထု သည် ဂျပန်ခေတ်၌ ရေးသားထုတ်ဝေခဲ့သော ဂျာနယ်ကျော်မမလေး၏ ပထမလက်ရာ အမှတ်အသား ဖြစ်ခဲ့သည်။ ဂျပန်ခေတ်၌ ဤဝတ္ထု ကို စာပေမွေ့သူတိုင်း စွဲလမ်းနှစ်ခြိုက်ကာ လိှုင်းဂယက် ထကြွခဲ့သည်။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။ နားထောင်လို့အဆင်ပြေရင် Channel လေးကို...

တက္ကသိုလ်ဘုန်းနိုင် - မုန်းရစ်လေဦး ဝတ္ထု အသံစာအုပ် 01.02.2022

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရဲ့ နာမည်ကေျာ် လူကြိုက်များလှတဲ့ မြန်မာ့ဂန္တဝင် ဝတ္ထုတို ဝတ္ထုရှည်များထဲမှ "မုန်းရစ်လေဦး” ကို အသံထွက်ဖတ်ပြတာပါ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။

ဂျူး- တိတ်ဆိတ်ခြင်း၏အသံ ဝတ္ထုတို အသံစာအုပ် 30.01.2022

တိတ်ဆိတ်ခြင်းမှာ အသံ ရှိတယ်ဆိုတာ ခင်ဗျားတို့ ယုံကြည်လား။  ဆရာမဂျူး ရဲ့ တိတ်ဆိတ်ခြင်း၏အသံ ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။   သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။   အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

တင်မောင်မြင့်  ကျိန်စာ (၁၀ပိုင်း) ဝတ္ထု အသံစာအုပ် 22.01.2022

ဆရာ တင်မောင်မြင့် ဘာသာပြန်ထားတဲ့ မူရင်းစာရေးသူ ကမ္ဘာကေျာ်အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံဆမ်းမားဆပ်မောင်မ် ရဲ့  တတိယအကောင်းဆုံးစာအုပ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ "ကျိန်စာ" ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ။ ရုပ်ရှင်အနေနဲ့လည်း (၃)ခါတိတိ ပြန်လည်ရိုက်ကူးခဲ့ကြပြီး အောင်မြင်ခဲ့ လူကြိုက်များနှစ်သက်ခဲ့ကြပါတယ်၊  ဘာကြောင့်နာမည်ကေျာ် လူကြိုက်များကြသလဲဆိုတာ သိရဖို့ ဆရာကြီး ဦးတင်မောင်မြင့် ရဲ့ ကောင်းမွန်လ...

#တင်မောင်မြင့်  #ည (၈ပိုင်း) #ဝတ္ထု #အသံစာအုပ် 14.01.2022

ဆရာ တင်မောင်မြင့် ဘာသာပြန်ထားတဲ့ “ည” ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ။ ဒီစာအုပ်ထဲမှာ မိသားတစ်စုလုံး အသတ်ခံရပြီး လူအစုလိုက်အပြုံလိုက်ကို အရှင်လတ်လတ် အဆိပ်ငွေ့လွှတ် မီးလောင်တိုက်သွင်းတဲ့ အော့ဇ်ဝစ်ချ်သေမင်းအကျဉ်းစခန်းကနေ မသေဘဲလွတ်မြောက်လာတဲ့ ဂျူးလူမျိုးတစ်ယောက်ရဲ့ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းကို အပွင့်လင်းဆုံး ဖွင့်ဟထားပြီး၊ ဒီစာအုပ်နဲ့ပဲ ကမ္ဘာ့ဂုဏ်သိက္ခာ အရှိဆုံးဆုတစ်ဆုဖြစ်တဲ့ န...

ဂျူး- အဝါရောင်ရထား ဝတ္ထုတို အသံစာအုပ် 09.01.2022

ဆရာမဂျူး ရဲ့ အဝါရောင်ရထား ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။ သဘောကျနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

တင်မောင်မြင့် - ခွေးကလေးနှင့်မိန်းမငယ် (ဝတ္ထုတို၊ အသံစာအုပ်) 07.01.2022

ဆရာတင်မောင်မြင့် ဘာသာပြန်ထားတဲ့ ကမ္ဘာကျော်ရုရှားစာရေးဆရာ ချက်ကော့၏ ခွေးကလေးနှင့်မိန်းမငယ် ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ပြတာပါဗျ။ အသံထွက်ဖတ်ပြခြင်းမှာ လိုအပ်ချက်နှင့် မှားယွင်းမှုများ ကျနော့်တာဝန်ပါ။

မင်းသန့် - ငှက်ကလေး (အက်ဆေး) 24.12.2021

ဆရာ မင်းသန့် ရဲ့ သော့ပြင်ဆရာ နှင့် အလကားလူ ဆိုတဲ့ စာအုပ်ထဲက ငှက်ကလေး ဆိုတဲ့ အက်ဆေးလေး တစ်ပုဒ်ကို အသံထွက် ဖတ်ပြတာပါ။ အသံထွက်ဖတ်ပြခြင်းမှာ မှားယွင်းမှုနှင့် လိုအပ်ချက်များရှိခဲ့ပါလျှင် ကျနော့်တာဝန်ပါခင်ဗျာ။

ရွှေဥဒေါင်း - ရူပနန္ဒီ_ရူပကလျာနီ ဝတ္ထု အသံစာအုပ် (၁၆ပိုင်း) 22.12.2021

နာမည်ကျော် ကမ္ဘာကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “She” ဆိုတဲ့ ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်း မြန်မာမှုပြုထားတဲ့ ရူပနန္ဒီ ရူပကလျာနီ ဆိုတဲ့ စာအုပ်ကို ဖတ်ပြတာပါ။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။ နားထောင်လို့အဆင်ပြေရင် Channel လေးကို Subscribe လုပ်ပေးခဲ့ပါဦးဗျ။

#ရီးလ် #ပြင်သစ်တို့အကြောင်း_ပြောမဆုံးပေါင်တောသုံးထောင် (၁၁ပိုင်း) #ဝတ္ထု #အသံစာအုပ် 17.12.2021

ရီးလ် ဘာသာပြန်ပေးထားတဲ့ “ပြင်သစ်တို့အကြောင်း ပြောမဆုံးပေါင် တောသုံးထောင်” ဆိုတဲ့ စာအုပ်ကို အသံထွက် ဖတ်ပြတာပါ၊ ဒီစာအုပ်ထဲမှာ ပါရီသား ပြင်သစ်လူမျိုးတွေရဲ့ အကြောင်းကို အဓိက ရေးထားတာဖြစ်ပြီး မူရင်းရေးသားသူ စတီဖင်ကလတ် ရဲ့ ဒီစာအုပ်ဟာ ပြင်သစ်စာဖတ် ပရိတ်သတ် ထက်ဝက်ကျော်ရဲ့ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုထောပနာပြုခြင်းကို ပိုင်ဆိုင်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာဖတ်သူများအားလုံး ဒီအတင်းပေါင်းချုပ် ပြင်သစ်ဋီကာကြီး...

#မေဇင်မောင် #စက္ကူကျား #ဝတ္ထုတို #အသံစာအုပ် 06.12.2021

မေဇင်မောင် ဘာသာပြန်ပေးထားတဲ့ “ စက္ကူကျား ” ဝတ္ထုတိုကို မူရင်း ရေးသားသူ Ken Liu ရဲ့ The Paper Menagerie စာအုပ်ဟာ သိပ္ပံစိတ်ကူးယဉ်ထူးထွေ အံ့ဩဖွယ်ဇာတ်လမ်းတွေအတွက် ဆုဖြစ်တဲ့ The Hugo ဆု အပါအဝင် Nebula နဲ့ World Fantasy Awards ဆု သုံးဆုလုံးရထားတာဖြစ်ပါတယ်။ အခု ဝတ္ထုကတော့ အဲဒီစာအုပ်ထဲမှာပါတဲ့ ခေါင်းစီး ဝတ္ထုတို ဖြစ်ပါတယ်။ အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီ...

#နဒီလင်းသစ် (ဆေး-၂)  “#အီနိုလာဟုမ်းစ်နှင့်မြို့စားကလေးပေျာက်ဆုံးမှု” #ဝတ္ထုရှည် #အသံစာအုပ် 24.11.2021

ရှားလော့ဟုမ်းစ် စုံထောက်ဇာတ်လမ်းတေွကို နှစ်သက်ကြတဲ့ နားဆင်သူများအတွက်၊ ရှားလော့ဟုမ်း ရဲ့ ညီမ အီနိုလာဟုမ်းစ် ရဲ့ "အီနိုလာဟုမ်းစ် နှင့် မြို့စားကလေး ပေျာက်ဆုံးမှု" ဆိုတဲ့စုံထောက်ဇာတ်လမ်းရှည် ကို ဖတ်ပြတင်ဆက်ပေးတာဖြစ်ပါတယ်။ ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် netflix က အသက်သွင်းခဲ့စဉ်ကလည်း လူကြိုက်များ နှစ်သက် သဘောကျခဲ့ကြပါတယ်။ အဲဒီ စာအုပ်ကို "နဒီလင်းသစ် (ဆေး-၂)" က ဘာသာပြန်ထားတာ ဖြစ်ပြီး "ကံ့ကော်ဝတ်ရည်" မှ ဖြန်...

Hør på podkasten Rodiobook i Replaio

Radio og podkaster i én app - gratis og uten registrering. Installer i dag, og ikke gå glipp av lanseringen

Last ned på Google Play

Replaio er ikke podkastutgiver; programnavn, omslag og lyd tilhører opphavspersonene og distribueres via offentlige RSS-feeder.