MCA Network

ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး

Arts MY ↓ 188 episodi

This Podcast was set up to nurture the public voices from the Myanmar community who want to share their inspiring stories with freedom of thought to raise awareness of Disability Issues.ဤ Podcast သည် မြန်မာ့လူမှုနယ်ပယ်မှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းစုံကို အများသူငှာအား မသန်စွမ်းမှု အသိပညာ မြှင့်တင်ပေးရန်အတွက် လွတ်လပ်သော တွေးခေါ်ဆင်ခြင်နိုင်မှုဖြင့် မျှဝေလိုကြသူများ၏ အသံများကို ပြုစုပျိုးထောင်ရန် တည်ထောင်ထားခြင်းဖြစ်သည်။

Autore

MCA Network

Categoria

Arts

Sito del podcast

redcircle.com

Ultimo episodio

10 dic 2023

Dove ascoltare?

I podcast nell'app Replaio Radio In arrivo

I podcast stanno per arrivare nell'app. Installala ora e scopri per primo un modo tutto nuovo di vivere i podcast

Scaricala su Google Play Installala gratis Android quasi 10 mln di download · valutazione 4,8 iOS in arrivo

Episodi

Love Has No Boundaries အပိုင်း (၄) 10.09.2022

Love Has No Boundaries အပိုင်း (၄)မှာ ဧည့်သည်တင်ဆက်သူ ဦးအောင်ကိုမြင့်ရဲ့ မသန်စွမ်းသူများ လူမှုဘဝနယ်ပယ်မှာ အမြင်အာရုံ မသန်စွမ်းသူ အချင်းချင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ အချင်းချင်း ပေါင်းဖက်ပြီး အချစ်အတွက် ရဲဝံ့စွာ စွန့်စားခဲ့တဲ့သူတွေ၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် သစ္စာရှိပြီး သက်ဆုံးတိုင် လက်တွဲခဲ့ကြတဲ့ လေးစားထိုက်သူ ပုဂ္ဂိုလ်တွေအကြောင်းကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက လူငယ်ဘဝတွေကို ဖြတ်သန်းခဲ့...

Let's find out AWD! အပိုင်း (၂) 07.09.2022

“Let’s find out AWD” ဟုတ်ပါတယ်။ အားလုံးကြားခဲ့တဲ့ အတိုင်းပါပဲ “Let’s find out AWD”လို့ ညီမရဲ့အစီအစဉ်လေးကို နာမည်ပေးထားပါတယ်။ AWD ဆိုတာကတော့ အတိုကောက်လေးပါ။ သူ့ရဲ့ အဓိပ္ပါယ်လေးကတော့ Artists with Disabilities မသန်စွမ်း အနုပညာရှင်တွေကို ရှာဖွေဖော်ထုတ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ပေးဖြစ်ခဲ့တာဖြစ်ပါတယ်ရှင်။ 😚 ဒီတစ်ခါ episode 2 မှာတော့ ညီမ ဖိတ်ခေါ်ထားတဲ့  AWD မသန်စွမ်း အနုပညာရှင်ကတော့ မသန်စွမ်းလောကမှာ...

Love Has No Boundaries အပိုင်း (၃) 03.09.2022

မိတ်ဆွေတို့ရေ ဒီအပတ်မှာတော့ ကိုယ်အင်္ဂါမသန်စွမ်းသူ အပျိုစင် ကြောင်မလေးရဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်ဖို့ ကြုံတွေ့ဖြတ်သန်းနေရတဲ့ ရင်တွင်းဖြစ်တွေကို နားဆင်ရမှာဖြစ်တဲ့အပြင် ကြောင်မလေးရဲ့ ရည်မှန်းထားတဲ့ ဖူးစာရှင်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ မသန်စွမ်းအပျိုစင် တစ်ယောက်ရဲ့ အိမ်ထောင်ပြုခြင်းအပေါ် ခံယူချက်နဲ့ လေးစားအားကျရတဲ့ အိမ်ထောင်ရှင်အတွဲတွေလို လက်တွဲဖော်ရနိုင်ဖို့ဆိုရင် သူမအတွက် အတားအဆီးတွေက ဘာတွေများဖြစ...

မြင့်မြင့်ပျံ ဝေးဝေးသွား ပစ္စုပ္ပန်ကို တန်ဖိုးထား 31.08.2022

MCA Network ရဲ့ တက်သစ်စလူငယ်ကဏ္ဍမှ နည်းပြတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်က "မြင့်မြင့်ပျံ ဝေးဝေးသွား ပစ္စုပ္ပန်ကို တန်ဖိုးထား" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မကြာခင်နှစ် အနည်းငယ်အတွင်းမှာ လူငယ်ဘဝသတ်မှတ်ချက် ကုန်ဆုံးတော့မယ့် ကိုယ်တွေ့ခံစားချက်နဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို အလုပ်သင်မောင်မယ်များနဲ့ လူငယ်များအတွက် ခွန်အားရဖွယ် သင်ခန်းစာယူဖွယ် တင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ 👏 ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မေ...

Love Has No Boundaries အပိုင်း (၂) 27.08.2022

မိတ်ဆွေတို့ရေ ဒီအပတ်မှာတော့ အမြင်အာရုံ မသန်စွမ်းလူငယ် Mr. Sparrow (ခေါ် ) ကိုစာကလေးက လတ်တလော အခြေအနေ အမျိုးမျိုးကြောင့် လက်ထပ်ဖို့အရေး နှောင့်နှေးနေပေမယ့် သူချစ်ရတဲ့ ကောင်မလေးအပေါ်မှာ သူ့ရဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်ခြင်းနဲ့ဆိုင်တဲ့ ဒဿနတွေ၊ ခံစားချက်တွေ၊ အတွေ့အကြုံတွေအပြင် သူ့ချစ်သူလေးဆီ လေလှိုင်းထဲက အမှာစကားပါးပုံတွေကို လူငယ်ပီပီ လွတ်လပ်ပွင့်လင်းစွာ ဝေမျှတင်ဆက်ပေးထားပါတယ်။ ရန်ကုန်မြို့ရဲ့ အဝေးတစ်န...

ဆယ်လမွန်ငါးလေး 24.08.2022

ဒီအပတ်ရဲ့ တက်သစ်စလူငယ် ကဏ္ဍမှာတော့ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က သူမရဲ့ခွန်အားယူရာဖြစ်တဲ့ ဆယ်လမွန်ငါးလေးတွေရဲ့ သဘာဝနဲ့ ဖြစ်ပျက်တိုက်ဆိုင်တဲ့ ဘဝအမှတ်တရနဲ့ ခံစားချက်တွေအကြောင်း မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီကာလမှာ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့ ဘဝတူ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေနဲ့ သောတရှင်မိတ်ဆွေတို့ရဲ့ ဘဝဖြတ်သန်းမှုတွေမှာ စိတ်ဓာတ်ခွန်အားတွေ ထပ်မံဖြည့်စွက်ပေးလိုတဲ့ ဖန်တီ...

Love Has No Boundaries အပိုင်း (၁) 20.08.2022

ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက "Love has No Boundaries" ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ နယ်နမိတ်မဲ့ဖြစ်ဖို့ဆိုရင် မသန်စွမ်း လူငယ်တွေအတွက် ချစ်ခြင်းမေတ္တာနဲ့ အိမ်ယာထူထောင်ခြင်းမှာ ဘယ်လိုအတွေ့အကြုံတွေရှိနေမလဲ၊ ဘယ်လို နယ်နမိတ် အတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်နေရမလဲ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ တည်ဆောက်မှုမှာ ပြင်ပက ဘယ်လိုလွှမ်းမိုးမှုတွေ ရှိနေမလဲ၊ သူတို့ရဲ့...

တက်သစ်စ လူငယ် အပိုင်း (၉) 17.08.2022

ဒီအပတ်မှာတော့ မိတ်ဆွေတို့ကို တက်သစ်စလူငယ် Zach Steven Myu (စတီဗင်)က သူ့ရဲ့ ဘဝအကြောင်း အနိမ့်အမြင်၊ အတက်အကျတွေကို ဇာတ်ကြောင်းပြောရင်း MCA Network မှာ အလုပ်သင်အဖြစ် ပါဝင်လာဖြစ်ခဲ့ပုံနဲ့ ဘဝတူ မသန်စွမ်းလူငယ်တွေအတွက် အားပေးစကားကိုပါ ဝေမျှပေးမှာ ဖြစ်ပါတယ်။ 👏 ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အ...

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၁၀) 13.08.2022

ဒီအပတ် "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ် အောက်ကနေ ပင်တိုင်တင်ဆက်သူ ကိုပြည့်ဖြိုးအောင် ရွေးချယ်ထားတာကတော့ ၂၀၁၆ ခုနှစ်မှာ ဂျာမနီနိုင်ငံ ပုံပြရုပ်ရှင်ကျောင်း တစ်ခုက ထုတ်လုပ်ထားတဲ့ ၄ မိနစ်ကျော်ရှိတဲ့ ဘွဲ့ရစာတမ်းတင် ကာတွန်းရုပ်ရှင်တိုလေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ Youtube Channel မှာ Subscriber ၄သောင်းခွဲခန့် ရှိပြီး ကြည့်ရှုသူ ၁၁ သန်းကျော်၊ သဘောကျနှစ်ခြိုက်သူ  ၂ သိ...

Let's find out AWD! အပိုင်း (၁) 10.08.2022

“Let’s find out AWD” AWD ဆိုတာက….❓❓❓ ညီမက အနုပညာကို ဝါသနာပါတဲ့သူ၊ အနုပညာနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုချင်တဲ့သူ၊ ပြီးတော့ မသန်စွမ်းသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အဲဒီတော့ ညီမရဲ့ ပထမဦးဆုံး podcast အစီအစဉ်လေးကို ဒီလိုမျိုးလေး ဖန်တီးပုံဖော်ဖြစ်ခဲ့ပါတယ်ရှင့် … ဘယ်လိုမျိုးပါလိမ့်⁉️ ညီမနဲ့ ဝါသနာတူ မသန်စွမ်း ညီအစ်ကိုမောင်နှမတွေကို ပင်တိုင်တင်ဆက်သူ အဖြစ်နဲ့ ညီမရဲ့ “Let’s find out AWD” ဆိုတဲ့ podcast အစီအစဉ်လ...

မိခင်များရဲ့ စကားသံ အပိုင်း (၆) 06.08.2022

ဒီအပတ်မှာတော့ လှည်းကူးမြိုနယ် မသန်စွမ်းသူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်နေတဲ့ သူငယ်နာအကြောတင်းနဲ့ ဉာဏ်ရည်မသန်စွမ်းသူ မအေးမြတ်မြတ်နှင်းရဲ့ မိခင်ဖြစ်သူ အစ်မ ဒေါ်သန်းသန်းအေးက သမီးလေးအတွက် ကျောင်းပညာရေးကို လက်လှမ်းမီအောင် ကြိုးစားချိတ်ဆက်ပေးရုံသာမက မိမိကိုယ်တိုင်က သမီးလေးကို လောကကြီးထဲမှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖိုအတွက် အစစအရာရာ လက်ဦးဆရာပီသစွာ ကြိုးစားသင်ကြားပေးဖြစ်ပုံကို ခွန်အား...

တက်သစ်စ လူငယ် အပိုင်း (၈) 03.08.2022

ဒီအပတ်မှာတော့ ညီမငယ် သွန်းသီရိမိုးက သူမရဲ့ ဘဝဖြတ်သန်းမှုနဲ့အတူ အသံဇာတ်လမ်းတွေ ဖန်တီးရာမှာ ကိုယ်တိုင် ရေးသား၊ သရုပ်ဆောင်ဖို့ စိတ်အားထက်သန်စွာ အလုပ်သင်အဖြစ် ပါဝင်လာပုံတွေကို မိတ်ဆွေတို့ကို လူငယ်ဆန်ဆန် တက်ကြွသွက်လက်စွာ ဝေမျှပေးမှာ ဖြစ်ပါတယ်။ 👏 ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါလင့်ခ်...

ဖန်တီးမှုမှာ ပျော်မွေ့စေပါ 30.07.2022

ဒီအပတ်မှာတော့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုးက MCA Network နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast ကို မသန်စွမ်း လူငယ်တွေနဲ့အတူ ပါဝင်နိုင်အောင်လို့ ဦးဆောင်နေရတဲ့အခါ နေ့စဉ်ဘ၀မှာ အလုပ်သင်များဖိတ်ခေါ်ပြီး လေ့ကျင့်ဖန်တီးမှုနဲ့ စီမံခန့်ခွဲမှု နောက်ကွယ်က သူမရဲ့ ရူးသွပ်မှုနဲ့ အတွေ့အကြုံတွေကို  ဝေမျှပေးမှာဖြစ်ပါတယ်။ 🤝 🎧"ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး"📲 👉 https://www.facebook.com/MyanmarCinemAbil...

တက်သစ်စ လူငယ် အပိုင်း (၇) 27.07.2022

ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ထပ်မံမိတ်ဆက်ပေးချင်တဲ့ တင်ဆက်သူကတော့ ဂန့်ဂေါသူလေး မခင်နီလာဝင်း ဖြစ်ပါတယ်။ မခင်နီလာဝင်းက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရန်ကုန်ကို ရောက်ရှိခဲ့ကာ အလုပ်အကိုင် အခွင့်အလမ်းမျိုးစုံမှာ ကျင်လည်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အနာဂတ် ကိုယ်ပိုင်စီးပွားရေးအတွက် ခြေလှမ်း အစပြုတဲ့အနေနဲ့ အွန်လိုင်းကနေ တစ်နှစ်ကြာ လေ့လာရမယ့် Business Startup Development Prog...

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ အပိုင်း(၉) 23.07.2022

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ တင်ဆက်ဖို့ ပင်တိုင်တင်ဆက်သူ မနွေးဇာခြည်စိုး ရွေးချယ်ထားတာကတော့ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၄ မိနစ်ကြာ "PIP" ကာတွန်းရုပ်ရှင် Animation ကားပဲ ဖြစ်ပါတယ်။ ဒီကာတွန်းကားလေးမှာ  အဓိကတင်ပြထားတဲ့ အကြောင်းအရာကတော့ အမြင်အာရုံ မသန်စွမ်းသူများအတွက် လမ်းပြနိုင်ဖို့ အားနည်းချက် ရှိပေမယ့်လည်း အိပ်မက်ကို လက်မလွှတ်ချင်တဲ့ ခွေးငယ်လေးတစ်ကေ...

ကိုယ်နဲ့ကိုယ်သာ ချစ်စရာ 20.07.2022

တက်သစ်စ လူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ မလွင်ဝါဝါအောင်က ပွဲဦးထွက်အနေနဲ့ "ကိုယ်နဲ့ကိုယ်သာ ချစ်စရာ" ဆိုတဲ့ခေါင်းစဉ်အတိုင်း သူမရဲ့ ဘ၀အတွေ့အကြုံတွေကနေ ဘယ်လိုမျိုး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လိုအပ်တယ်ဆိုတာ မိတ်ဆွေတို့ကို ခွန်အားယူဖွယ် ဝေမျှပေးမှာဖြစ်ပါတယ်။ Timestamp: 00:00 မနွေးဇာခြည်စိုး (အဖွင့် မိတ်ဆက်) 00:48 မလွင်ဝါဝါအောင် (ဝေမျှမှု အမွှမ်း) 01:32 မလွင်ဝါဝါအောင် (ဝေမျှမှု မိတ်ဆက်) 03:20 မလွင...

ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၆) 16.07.2022

"ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ" ခေါင်းစဉ်အောက်ကနေ ဇူလိုင်လ ၁၆ ရက်နေ့ စနေနေ့ည ၇ နာရီမှာ တင်ဆက်ဖို့ "ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘဝ" ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ ပင်တိုင်တင်ဆက်သူ ကိုယ်တိုင်ပါဝင် ရိုက်ကူးခဲ့ပြီး ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၁၇ မိနစ်ကြာ "Lovely Bones" "ရိုးမြေကျ" မှတ်တမ်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်...

နေ့သစ်ဆီသို့ ခြေလှမ်းများ 13.07.2022

တက်သစ်စ လူငယ်ကဏ္ဍမှာ ပင်တိုင်တင်ဆက်သူ မအေးစန္ဒာလှိုင်က ပွဲဦးထွက်အနေနဲ့ နေ့သစ်ဆီသို့ ခြေလှမ်းများ ဆိုတဲ့ခေါင်းစဉ်အတိုင်း သူမ တင်ဆက်သူ တစ်ယောက်ဖြစ်ဖို့ ဒီကနေ့အထိ ဘယ်လိုမျိုး ရုန်းကန်ကြိုးစား လေ့လာနေတယ်ဆိုတဲ့ အတွေ့အကြုံတွေကို မိတ်ဆွေတို့ကို ဝေမျှပေးမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး Podcast အစီအစဉ်မှာ အလုပ်သင်အဖြစ် ဖန်တီးမှုမျိုးစုံကို လက်စွမ်းပြလုပ်ဆောင်ဖို့ စိတ်ဝင်စားသူများအန...

ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၅) 09.07.2022

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ  ဇူလိုင်လ ၉ ရက်နေ့ ယနေ့ည ၇ နာရီမှာ တင်ဆက်ဖို့ "ကျွန်မရိုက်ကူးခဲ့သော  မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘဝ" ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့  ပင်တိုင်တင်ဆက်သူ ကိုယ်တိုင်ပါဝင် ရိုက်ကူးခွင့်ရခဲ့တဲ့ ၂၀၁၆  ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၃ မိနစ်ကြာ "Priority" "ဦးစားပေး" နှင့် ၂၀၁၉  ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ၇ မိနစ်စာ "L...

တက်သစ်စ လူငယ် အပိုင်း (၆) 06.07.2022

ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ထပ်မံမိတ်ဆက်ပေးချင်တဲ့ တင်ဆက်သူကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ဂီတမေဂျာမှ ဒုတိယနှစ်ကျောင်းသူ တစ်ဦးဖြစ်တဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ တေးသံရှင် သဇင်သီရိခေတ် ဖြစ်ပါတယ်။ မသဇင်သီရိခေတ်က သူမရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေနဲ့ အခုလို အလုပ်သင် တင်ဆက်သူအဖြစ် ကြိုးစားနေပုံတွေအပြင် ဘယ်လိုမျိုး လူငယ်အစီအစဉ်တွေကို ဖန်တီးတင်ဆက် ပေးသွာ...

မိခင်များရဲ့ စကားသံ အပိုင်း (၅) 02.07.2022

မိခင်များရဲ့ စကားသံ ပဉ္စမပိုင်းမှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးရဲ့ ဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ အမြင်အာရုံမသန်စွမ်းသူ ကိုထွေးပိုင်ရဲ့ ဒုတိယ မွေးစားမိခင်ဖြစ်သူ ဒေါ်ရီရီဝေက ကိုထွေးပိုင်နဲ့ တွေ့ဆုံဖြစ်ခဲ့ပုံ၊ မေတ္တာအပြည့်နဲ့ နည်းလမ်းရှာ ပံ့ပိုးပေးခဲ့ပုံ၊ သားအပြင် အခြားသော အမြင်အာရုံ မသန်စွမ်းသူများကို ဆက်လက် ပံ့ပိုးဖြစ်ခဲ့ပုံ၊ သူနဲ့အတူ ကိုထွေးပိုင်ကို ဝိုင်းဝန်းပံ့ပိုးကူညီ ပေးခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူမျ...

တက်သစ်စ လူငယ် အပိုင်း (၅) 29.06.2022

ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ထပ်မံမိတ်ဆက်ပေးချင်တဲ့ တင်ဆက်သူကတော့ မိတ္ထီလာသူလေး မတင်မူသင်း ဖြစ်ပါတယ်။ မတင်မူသင်းက မြန်မာစာအဓိကနဲ့ ဘွဲ့ရရှိထားသူဖြစ်ပြီး ဆုရ ရေကူး အားကစားသမားဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာ MCA Network ရဲ့ Vlogger သင်တန်းကို ပြီးမြောက်အောင်မြင်ခဲ့သူ တစ်ဦးပါ။ သူမရဲ့ မိသားစုအတွင်းသာမက အားကစားလောကထဲမှာပါ အနိမ့်အမြင့် အတက်အကျစု...

ဇာတ်လမ်းရုပ်ရှင်နဲ့ ကျွန်တော် အပိုင်း (၂) 25.06.2022

“ရယ်ရယ်မောမောပေါ့ပေါ့ပါးပါး” podcast အစီအစဉ်ကို နားဆင်အားပေးနေကြတဲ့ မိတ်ဆွေတို့ရေ “ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ “ဇာတ်လမ်း ရုပ်ရှင်နဲ့ ကျွန်တော်” ဆိုတဲ့ အပိုင်း (၂)မှာတော့ ကျွန်တော် ပြည့်ဖြိုးအောင် ကိုယ်တိုင်ဒါရိုက်တာအနေနဲ့ ရိုက်ကူးခွင့်ရခဲ့တဲ့ ဇာတ်လမ်းတိုလေးတစ်ပုဒ်ဖြစ်တဲ့ “Respect on Our  Ability” ဆိုတဲ့ ဇာတ်လမ်းတိုလေးအကြောင်းကို ဒီဇာတ်လမ်းတိုလေးထဲ...

တက်သစ်စ လူငယ် အပိုင်း (၄) 22.06.2022

ရယ်ရယ်မောမော ပေ့ါပေါ့ပါးပါးရဲ့ "တက်သစ်စ လူငယ်" ကဏ္ဍအနေနဲ့ ထပ်မံ မိတ်ဆက်ပေးချင်တဲ့ သူကတော့ အယ်ဒီတာ ကိုသွန်းနေစိုး ဖြစ်ပါတယ်။ ကိုသွန်းနေစိုးက အမြင်အာရုံ မသန်စွမ်းသူဘ၀ရဲ့ အတွေ့အကြုံတွေကို လူငယ်တစ်ယောက်ပီပီ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ ဘယ်လိုအမှတ်တရတွေ ရှိနေမလဲ၊ ဘယ်လို ဆွဲဆောင်မှုတွေကြောင့် မျက်မမြင်ကျောင်းကို ရောက်ခဲ့သလဲ၊ ဂီတပညာကို လေ့လာသင်ယူရင်း ဘယ်လို အလွဲလေးတွေ လုပ်ခဲ့မိလဲ ဆိုတာတွေအပြင် အခုလို MC...

ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၄) 18.06.2022

ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်း ဇာတ်ကောင်များ ခေါင်းစဉ်အောက်ကနေ တင်ဆက်ဖို့ "ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀" ကဏ္ဍအတွက် ရွေးချယ်ထားတာကတော့ ပင်တိုင်တင်ဆက်သူ ကိုယ်တိုင်ရိုက်ကူးပြီး ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ၂၂ မိနစ်ကြာ "The Way of Life" "အသက်တာလမ်း" မှတ်တမ်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အမြင်အာရုံ မသန်စွမ်းသူ မဟာဂီတပညာရှင် ဆရာကြီး ဦ...

Ascolta il podcast ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး su Replaio

Radio e podcast in un'unica app - gratis e senza registrazione. Installala oggi e non perderti il lancio

Scaricala su Google Play

Replaio non è un editore di podcast; i nomi dei programmi, le copertine e l'audio appartengono ai rispettivi autori e vengono distribuiti tramite feed RSS pubblici