Lynn
Podcast by Lynn
I recite audiobooks especially poems.
Dove ascoltare?
I podcast nell'app Replaio Radio In arrivoI podcast stanno per arrivare nell'app. Installala ora e scopri per primo un modo tutto nuovo di vivere i podcast
Episodi
ဒီဝသုန်ခက် - ဝေးခဲ့ပြီ မခင်သစ်ပင် 20.09.2021 8:16
ကဗျာဆရာ ဒီဝသုန်ခက်၏ "ဝေးခဲ့ပြီ မခင်သစ်ပင်" ကဗျာကို ရွတ်ထားပါတယ် နားဆင်ကြည့်ကြပါဦး
ဆပ်ရိပ် - Conversation D 12.09.2021 6:15
Conversation by Sak Yeik
ဆပ်ရိပ် - Conversation C 12.09.2021 7:42
Conversation by Sak Yeik
ဆပ်ရိပ် - Conversation B 12.09.2021 4:30
Conversation by Sak Yeik
ဆပ်ရိပ် - Conversation A 06.09.2021 5:05
Conversation By Sak Yeik
လှသန်း - ငါ့ဆီကနေငါထွက်ပြေးတာ ပေါ့သေးသေးကိစ္စမဟုတ်ဘူး 04.09.2021 1:35
I try to run away from me ...
မောင်ချောနွယ် - ဂျုံးနီ 02.09.2021 3:20
ဂျုံးနီ ငါအရက်မူး ပြန်လာတိုင်း ပြန်လာတိုင်း ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊ လူတွေဟာ သူတို့သောက်တဲ့ ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊ လူတွေဟာ သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းညည်းမခံနိုင်ကြဘူး မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ၊ အရက်သမား ငါ့ကို အသိအမှတ်ပြုနေကျ။ ဂျုံးနီ ငါ စိတ်အခန့်မသင့်ရင်လေ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်နေကျ၊ ငါ့ဒေါသက ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေ ရောက်န...
ရင်ခွင်ရှိန်း - တစ်ယောက်ကို တစ်ယောက်က 02.09.2021 2:41
တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ်ဝေးသွားတယ်ဆိုတာ တစ်ယောက်ကိုတစ်ယောက် စိတ်ထဲကနေ အပြန်အလှန်သတ်ပစ်လိုက်ကြခြင်းပဲ တစ်ယောက်ပေးဖူးတဲ့ လက်ဆောင်ပစ္စည်းတွေကို တစ်ယောက်က ပြန်ပေးရုံနဲ့ ပေးခဲ့ပြီးသောဘ၀ရဲ့ အစိတ်အပိုင်းများကို ပြန်ရရှိကြမှာမဟုတ်တော့ဘူး တစ်ယောက်ကို တစ်ယောက် လွမ်းဆွတ်သတိရတယ်ဆိုတဲ့အခိုက်အတန့်မှာ တစ်ယောက် မရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်ထဲထိုင်နေတုန်း မိုးသားတွေက လှလိုက်တာနော်လို့ တူနှစ်ကိုယ်ပြောခဲ့ဖူးတဲ့...
စိုင်းဝင်းမြင့် - ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်" 30.08.2021 3:43
အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "အရိုးစုဟာ သူ့အကြောင်းကို ပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
စိုင်းဝင်းမြင့် - အရိုးစုဟာ သူ့အကြောင်းကိုပြောပြနေတယ် ဆွေးမြည့်မသွားခင်အထိ 30.08.2021 4:24
အဖေ့ကို ဒီကာလတွေမှာ ပိုသတိရနေမိလို့ ဒီကဗျာနဲ့ နောက်ထပ် "ကွယ်လွန်ပြီးနောက်ဆိုပေမဲ့ဘဝမခြားကျွန်တော့်ဘက်ကအမြဲဆက်သွယ်လျက်" ဆိုတဲ့ ကဗျာကိုပါ နောက်တခေါက် ပြန်ဖတ်မိရင်း ရွတ်ဖြစ်ပါတယ်
မောင်ဒေး - ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ် 29.08.2021 1:53
ဆံပင်ထဲမှာ ပင်ဂွင်းငှက်တွေ အများကြီးနဲ့ ကောင်မလေး အိပ်နေပါတယ် သူဟာ အဖြူရောင် မြင်းပါ၊ ဂြိုဟ်ငယ် တစ်ခုပါ၊ အဝတ်ဗီရိုကြီးကို ငုံထားတဲ့ နွယ်ပင်ပါ မှိတ်ထားတဲ့ သူ့မျက်လုံးတွေဟာ ငါရဲ့ မျက်လုံးတွေပေါ့ ထတော့ နွယ် တို့တစ်တွေ တောင်တွေကို ရွှေ့ရမယ် ယုန်သေတွေ လိုက်ကောက် ရမယ် ပြတင်းပေါက်တွေဟာ ဖြာကျနေတဲ့ နေခြည်ဆီ ပိတ်နေပါတယ် ဒီနေ့တော့ အလုပ်များမယ် အင်းလျားကန်ထဲ ရေဖြည့်ရမယ် ငန်းတွေကိုလည်း ကန်ပေါင်ပေါ်မှာ ချက်ချင်...
ဟံလင်း - သို့ / Dr. ဖြိုးဝေလင်း 29.08.2021 3:17
I read this poem for losing my identity especially in this period.
မောနွေ - ညီမလေးအိပ်ပျော်နေတုန်းမှာ အစ်ကိုဟာ ညီမလေးမျက်ခွံလေးတွေဖြစ်တယ် 28.08.2021 3:53
ပင်လယ်မှာ ကျွန်တော် လျှပ်ပေါ်လောလီ နေခဲ့တာတွေ နောင်တရသလို ဖြစ်မိပါတယ် တစ်ခါတစ်ခါ ကော်ဖီသောက်တတ်ပေမဲ့ ကိုယ်တိုင် ကော်ဖီ မှောက်ကျတဲ့ ကိုယ်ခန္ဒာ အခိုက်အတန့်မျိုးမှာ အလေးချိန်က ဒလိမ့်ခေါက်ကွေး ၁ပိဿာ ၂ပိဿာ စသဖြင့် ဘယ်လောက်ပေါ့ပေါ့ ဘယ်လောက်ပါးပါး ညီမလေး အတွက်တော့ ဟောဒီ ၅ ပေ ၇ လက်မ ပေါင် ၁၁၀ လေးဟာ အမြဲ အသင့်ပါပဲ ပြောမရဆိုမရရန်ကုန်နဲ့မန္တလေးဟာ ၁ နာရီ မိုင် ၁၀၀ နှုန်း နဲ့ ခုတ်မောင်းဆန့်ထွက်ရင်တောင် သွေးကြေ...
အောင်ခင်မြင့် - အချစ်အတွက် ကဗျာတပုဒ် 22.08.2021 1:35
ဒီလိုမနက်ခင်းတွေမှာပေါ့ အချစ်ကို ရွှေနဲ့ဝယ်လို့မရမှန်း ငါသိလိုက်သလို အချစ်ကို ကမ်းခြေက သဲလက်တစ်ဆုပ်နဲ့ တကယ်ဝယ်လို့ရမှန်းလည်း ငါသိခဲ့တာပေါ့ ဆောရီးပါအချစ်ရေ မင်းကိုယ်က အိပ်မက်ရနံ့ရတဲ့ညမှာ ကိုယ်ဟာ အစောကြီး အိပ်ပျော်သွားခဲ့တယ် မင်းဆီက မင်းမဲ့စရိုက်ရဲ့ရေမွှေးနံ့ရတော့ တစ်ညလုံး ကိုယ့်စိတ်တွေ ထိန်းမရဖြစ်ပြန်ရော အားလုံးဟာ သမိုင်းချည်းပဲ ကိုယ်ဟာ အောင်ချိမ့်ရဲ့ကဗျာတွေ ဖတ်နေခဲ့ ကျောက်တုံးတွေက သိုးတွေလို နူးညံ...
မောင်ဒေး - ဒီပရက်ရှင် 21.08.2021 2:15
စံပယ်တွေဟာ သိပ်ကို စိတ်လှုပ်ရှားလွယ်ကြတယ် ဒါတောင် အင်္ဂတေနံရံကြီးကို ကွယ်ပြီး သူတို့ ပွင့်နေကြတာ ငါဟာ သင်ယူတဲ့ တိတ်ဆိတ်မှုပဲ၊ ငါ့ရဲ့ လက်တွေက ငါ့ရဲ့ ခုတင်ကို တိုးတိုးကလေး လိမ်ညာနေခဲ့တယ်၊ ငါဟာ ဘယ်သူမှမဟုတ်တဲ့ လူအားလုံးပဲ ပေါက်ကွဲမှုတွေနဲ့ ငါ့ရဲ့ ကြားမှာ ပတ်သက်မှုတစ်စုံတစ်ရာ မရှိပါဘူး ငါ့ရဲ့ နာမည်ကို အင်္ကျီတွေဆီ ပေးခဲ့ပြီး ငါ့ရဲ့ သမိုင်းကို လမ်းဘေးမှာ ပုံထားခဲ့မယ် တကယ်ဆို ငါဟာ မေ့ဆေးဆရာဝန်ပဲ၊ ငါ့ရဲ့...
ထက်ဦးမောင် - အားလုံးအဆင်ပြေတဲ့ ဆံပင်ပုံစံ 08.08.2021 9:20
ကျနော့်အဖေဆုံးပြီး နောက်တနေ့မှာ ဒီအက်ဆေးကို ရွတ်ပါတယ်
ဆူးနွယ် - ဆယ်လ်မွန်မယောနိစ်ဆလပ်* 03.08.2021 2:12
ကျွန်မညီမလေး အဖေ့ခေါင်းထဲက ဖောက်ထွက်လာတော့ ဟက်တက်ကွဲနေတဲ့ခေါင်းကို ကျွန်မပဲ ချုပ်ပေး၊ ပတ်တီးစည်းပေးခဲ့တာ။ အဖေ့မျက်လုံးတွေဟာ ပိုးစုန်းကြူးတွေပဲ။ ပြီးတော့ မီးခိုးရောင်၊ စကားပြောတတ်တဲ့ အရောင်တစ်မျိုးပဲလေ။ ထူးဆန်းတယ်လို့ စဉ်းစားမိပေမယ့် နောက်တော့ ကျွန်မ မီးခိုးရောင်ကို တွယ်တာလာမိပါတယ်။ ညီမလေးဟာ ဆယ်လ်မွန်ရေဆေးငါးကြီးမဖြစ်သေးခင်မှာပဲ အဖေ့အတွက် ကြောင်စာပေါ့။ အဖေဟာ ဓာတ်ပုံထဲမှာတော့ တိုက်ပုံအင်္ကျီနဲ့ အခန့...
ဇော်ဇော်အောင် - ဟေမာနေဝင်း အချစ်ကဗျာ 21.07.2021 10:55
ဆရာ ဇော်ဇော်အောင်၏ ဟေမာနေဝင်း အချစ်ကဗျာ ကို ရွတ်ဆိုထားခြင်း ဖြစ်ပါသည်
မောင်ယုပိုင် - ဒရာမာ 19.07.2021 15:46
ကဗျာဆရာ မောင်ယုပိုင်၏ ဒရာမာ ကဗျာများကို ရွတ်ဆိုထားခြင်း ဖြစ်ပါသည်
သစ္စာနီ - ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိတုန်းက 07.07.2021 7:25
ကဗျာဆရာ သစ္စာနီ၏ ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိတုန်းက ဝတ္ထုတိုကို ရွတ်ထားခြင်းဖြစ်သည်
အောင်ခင်မြင့် - ရန်ကုန်မှာ မိုးတွေ ရွာနေတယ် အချစ် 05.07.2021 2:15
အချစ်ရေ ရန်ကုန်မှာ မိုးတွေ ရွာနေတယ်။ သားသတ်ရုံက အမဲဖျက်ပြီးစ နွားသေကောင်ကြီးဆီက သွေးတစ်စက်စက်ကျလာသလို မိုးတွေ ရွာလာပေါ့။ ရန်ကုန်ဟာ အဲဒီသွေးတစ်စက်စက် အသားတစ်ကြီးမို့ ကိုယ်ဟာ သွေးစက်တွေကို မကြည့်ပဲ မြင်နေရတယ်။ သားသတ်သမားတစ်ယောက်ရဲ့ သွေးကို ချစ်ခြင်းမျိုးနဲ့ ကိုယ်ဟာ မင်းကိုစိုရွှဲစေမယ့် မိုးရေတွေကို ချစ်တယ်။ ကိုယ့်စိတ်ထဲက မကောင်းဆိုးဝါး ကိုတော့ မင်းမမြင်စေနဲ့။ အချစ်ရေ အပြင်မှာ မိုးတွေ စွေနေတယ်။ ရုပ်ထ...
မောင်ဒေး - အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ 20.06.2021 1:55
**အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ** ရခိုင်ကမ်းရိုးတန်း အဖျားက ကျောက်ဂူတစ်လုံးရဲ့အထဲမှာ အမြဲလင်းနေတဲ့မီးဆိုင်းကြီးတစ်ခုရှိပါတယ် နံရံပေါ်မှာ ပြေးလွှားနေတဲ့ အလင်းဝါဝါ အကွက်ငယ်လေးတွေဟာ တို့နှစ်ယောက်ရဲ့ နှမ်းစေ့ငယ်တွေ ပုစွန်ဆိတ်ကလေးတွေနဲ့ ရေညှိတွေအကြောင်းကို ၎င်းတို့ရဲ့အထဲမှာ မှတ်တမ်းတင်ထားကြတယ် ကမ်းရိုးတန်းတစ်နေရာက ဟိုတယ်ကိုရောက်တော့ မင်းက ငါ့ရဲ့...
သကောင့်သား - ဒေါ်လီ ဆိုတဲ့ကဗျာ ဖတ်ပြီးပြီလား 16.06.2021 3:05
ဒေါ်လီ ဆိုတဲ့ ကဗျာ ဖတ်ပြီးပြီလား ======================= အဲဒီ ကဗျာဖတ်ပြီးပြီလား တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကဗျာပဲ ကလေးမလေး ၁ ယောက်နဲ့ သူ့အရုပ်မလေးအကြောင်းရေးထားတာလေ ကလေးမလေး မှာ ကင်ဆာရောဂါရှိသတဲ့ အဲဒါကို အရုပ်မက ပြောပြတာတဲ့ အရုပ်မ စကားမပြောတဲ့နေ့တွေဆို ကလေးမလေးက အရုပ်မ ရဲ့ မျက်လုံးကို အပ် နဲ့ထိုးတာတဲ့ ကလေးမလေး ရဲ့ အမေကလဲ ကင်ဆာနဲ့ပဲ ဆုံးတာတဲ့ မဆုံးခင်မှာလဲ ဆံပင်တွေ အရမ်း ကျွတ်တာပဲတဲ့ ကျွတ်တဲ့ဆံပင်...
အေးချမ်း၊ရင်ခွင်ရှိန်း - ကိုယ်ငြိမ်သက်နေတဲ့အခါ နာကျင်မှုဟာ၂ဆ ဖြစ်တယ်ဆိုတာ မင်းသိဖူးလား 15.06.2021 8:40
အခုတလော ဒီလိုကာလကြီးထဲမှာ ကျနော်ရွေးပြီး အထပ်ထပ်ဖတ်ဖြစ်တဲ့ထဲက ကြိုက်မိတဲ့ ကဗျာတွေထဲက တပုဒ်ပါ ကျနော် ရောက်ရာအရပ်ကနေ အဆင်ပြေအောင် အတတ်နိုင်ဆုံး အသံသွင်းထားပါတယ် နောက်ထပ်ရွတ်ဖြစ်မယ့် ကဗျာတွေလည်း ရှိပါသေးတယ် အခုတော့ နားဆင်ကြည့်ကြပါဦး ..
မောင်ဒေး - ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် 23.05.2021 1:42
ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ်သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ်တစ်ချိ...
Podcast simili
Replaio non è un editore di podcast; i nomi dei programmi, le copertine e l'audio appartengono ai rispettivi autori e vengono distribuiti tramite feed RSS pubblici