Democratic Voice of Burma

DVB News

News MY ↓ 1548 episodi

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Visita il sito del podcast e sostieni chi lo crea: burmese.dvb.no

Autore

Democratic Voice of Burma

Categoria

News

Sito del podcast

burmese.dvb.no

Ultimo episodio

16 nov 2026

Dove ascoltare?

I podcast nell'app Replaio Radio In arrivo

I podcast stanno per arrivare nell'app. Installala ora e scopri per primo un modo tutto nuovo di vivere i podcast

Scaricala su Google Play Installala gratis Android quasi 10 mln di download · valutazione 4,7+ iOS in arrivo

Episodi

မိုခါမုန်တိုင်းကြောင့် စစ်တွေ ရိုဟင်ဂျာစခန်းများက သေဆုံးသူ ၁၀၀ ကျော်အလောင်းကို သင်္ဂြိုလ်ပြီး 18.05.2023

မိုခါမုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ သင်္ဂြိုလ်ပြီးအလောင်း ၁၀၀ ကျော်ရှိနေပြီး နောက်ထပ်သေဆုံးသူဦးရေ ဒီထက်တိုးလာနိုင်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်ဈေးတက်၊ ပြည်သူတွေ စားနပ်ရိက္ခာနဲ့ သောက်ရေ လိုအပ်နေ 17.05.2023

မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့မှာ ဆန်တစ်အိတ်ကိုကျပ်နှစ်သောင်းလောက်ဈေးတက်လာပြီးမုန်တိုင်းရှောင် ပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ သောက်ရေ အခက်အခဲတွေ ရှိနေတယ်လို့ အရပ်အဖွဲအစည်းတွေက ပြောဆိုလိုက်ပါတယ်။

မိုခါဆိုင်ကလုန်းကြောင့်ပျက်စီးမှုကို အမြန်ဆုံးအကူအညီပေးဖို့ AA တောင်းဆို 16.05.2023

မိုခါဆိုင်ကလုန်းကြောင့်ဆုံးရှုံးပျက်ဆီးမှုတွေကို ရခိုင့်တပ်တော် အေအေက စာရင်း စတင်ကောက်ယူနေပြီး စားနပ်ရိက္ခာလိုအပ်တဲ့ ပြည်သူတွေဆီကို နိုင်ငံတကာအနေနဲ့ အကူအညီ အမြန်ပေးဖို့ အေအေဘက်က တောင်းဆိုလိုက်ပါတယ်။

မိုခါမုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊‌ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့  မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ယနေ့နှင့် မနက်ဖြန် မိုးကြီးနိုင် 15.05.2023

မိုခါမုန်တိုင်းဟာ အားပျော့ပျက်ပြယ်သွားပေမယ့် မုန်တိုင်းအရှိန်ကြောင့် မေ ၁၅ ရက်ကနေ ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ထန်းတပင်မြို့နယ်၌ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ် 14.05.2023

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာက ကလေးငယ် ၅ ယောက်အပါအဝင် ဒေသခံပြည်သူ ၁၉ ယောက်ကို စစ်ကောင်စီတပ်က အစုလိုက်မီးရှို့သတ်ဖြတ်ခဲ့သလို ဒေသခံတချို့ပါပျောက်ဆုံးနေပါတယ်။

အမေရိကန်ရောက်မြန်မာများ တရုတ်သံရုံးရှေ့ ဆန္ဒပြ 13.05.2023

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီနေတဲ့  တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေက တရုတ်နိုင်ငံအလံကို မြေမှာချနင်းပြီး ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မေလ ၁၂ ရက်က  ဆန္ဒပြခဲ့ကြပါတယ်။

အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့နယ်ကို ဦးတည်နေ 11.05.2023

စစ်တွေကို ဦးတည်နေတဲ့ အင်အားပြင်း မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံပြည်နယ်နဲ့တိုင်း ၄ ခုရှိ လူဦးရေ ၂ သန်းနီးပါးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းက ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်ကြဖို့ မိုးလေဝသပညာရှင်က တိုက်တွန်းလိုက်ပါတယ်။ http://burmese.dvb.no/archives/592696

မိုခါဆိုင်ကလုန်း မုန်တိုင်းဘေးရှောင်ရန် ဒေသခံမျာကို အေအေ ကူညီပေးနေ 11.05.2023

ရခိုင်ပြည်နယ်နေရာတချို့မှာ မိုခါမုန်တိုင်းဘေးရှောင်ဖို့ ရက္ချိုင့်တပ်တော် (အေအေ)က ကူညီပေးနေပေမယ့် ဒေသအများစုမှာတော့ ပြင်ဆင်မှုတွေဘာမှမလုပ်ရသေးဘူးလို့ တင်းမဆရာတော်က မိန့်ပါတယ်။ http://burmese.dvb.no/archives/592715

ထိုင်းရွေးကောက်ပွဲ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်နိုင်မလား 10.05.2023

မေလ ၁၄ ရက်မှာ ပြုလုပ်မယ့် ထိုင်းရွေးကောက်ပွဲရလဒ်က မြန်မာ့ နွေဦးတော်လှန်ရေးအတွက် အထောက်အ ပံ့ဖြစ်နိုင်မလား၊ ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ။ ဒီအကြောင်းကို ထိုင်းနဲ့ မြန်မာ နိုင်ငံရေး သုတေသီတွေကို   မေးမြန်းတင်ဆက်ပေးမှာပါ။

အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိလာနိုင် 09.05.2023

မြန်မာ့အရေးကို အဓိကဆွေးနွေးမယ့် အာဆီယံထိပ်သီးညီလာခံကနေ မြန်မာ့အရေးချဉ်းကပ်မှုအသစ်တွေရှိ လာနိုင်တယ်လို့လေ့လာသူ တွေက သုံးသပ်ထားပါတယ်။

မုန်တိုင်းဝင်နိုင်သဖြင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသများကြိုတင်ပြင်ဆင်ဖို့ တိုက်တွန်း 08.05.2023

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ မုန်တိုင်းအဆင့် မေလ ၁၀ ရက်မှာ ကျရောက်နိုင်တာကြောင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဒေသတွေနဲ့ ရေကြီးနိုင်တဲ့ နေရာတွေ အထူး သတိထားကြဖို့ မိုးလေဝသ ပညာရှင်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဈေးကစားလိုသူများကြောင့် မြန်မာပြည်တွင်း ဆန်ဈေးတက် 07.05.2023

မြန်မာပြည်တွင်းမှာ စပါးတွေရှိပေမဲ့လည်း ဆန်ဈေးကစားလိုသူတွေကြောင့် ဈေးတွေ တက်လာတဲ့အပြင် လက္ကားဈေးကွက်တွေမှာ ဆန်ပြတ်လပ်တာတွေ ဖြစ်နေတယ်လို့ ဆန်စပါးကုန်သည်တွေက ပြောပါတယ်။

မြန်မာတွင် တရက်တည်း ကိုဗစ်လူနာသစ် ၂၀၀ ခန့် စံချိန်တင်ထပ်မံတွေ့ရှိ 06.05.2023

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေ နေ့စဉ် ရာနဲ့ချီထပ်တွေ့နေပြီး သေဆုံးသူတွေလည်း ရှိနေပါတယ်။

တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်သူများထဲ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူများမပါ 05.05.2023

စစ်ကောင်စီက သေဒဏ်ကနေ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲချမှတ်လိုက်သူ ၃၈ ဦးထဲမှာ နွေဦးတော်လှန်ရေးကြောင့် သေဒဏ်ချမှတ်ခံရသူတွေမပါဝင်ဘူးလို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ တကျွန်းပြစ်ဒဏ် ပြောင်းလဲချမှတ်ခံရသူတွေဟာ နွေဦးတော်လှန်ရေးမတိုင်ခင် ဆိုးမိုက်ခဲ့သူတွေ သာဖြစ်တယ် လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား ၂,၁၅၃ ဦး ပြန်လွှတ်ပေး 04.05.2023

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပြန်လည် လွတ်မြောက်လာပါတယ်။

NUG အနေနှင့် အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းပေးပြီးမှ အုပ်ချုပ်ရေးတာဝန်များ ခန့်အပ်သင့် 03.05.2023

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အုပ်ချုပ်ရေးတာဝန်ယူမယ့်သူတွေကို အုပ်ချုပ်ရေးဆိုင်ရာ တတ်အပ်သင့်တဲ့သင်တန်းတွေပေးပြီးမှ စိုးမိုးနယ်မြေတွေမှာအုပ်ချုပ်စေချင်တယ်လို့ ဒေသခံလူထုတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာအတွေ့ကြုံရှိ သူတွေကပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ မြန်မာအရေးဆွေးနွေး 03.05.2023

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂရဲ့ မြန်မာ့နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို ရောက်လာပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ပါတယ်။

စစ်ဘေးဒဏ်သင့်နေတဲ့ ခါတွမ်မြို့တော်သားတွေ ရဲ့ဘဝအခက်အခဲ 02.05.2023

လက်နက်ကိုင်ပဋိပက္ခဖြစ်တာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ဆူဒန်နိုင်ငံမှာ စစ်ပွဲဇုံအဖြစ် ပြောင်းလဲသွားတဲ့ ဘာရီမြို့သားဘန်ဒါဒီယိုဝယ်လ်ဘိတ်တစ်ယောက်စားစရာရိက္ခာကုန်လုနီးပါးအခြေအနေဖြစ်နေပြီး သောက်စရာရေရဖို့ တိုက်ပွဲတွေကြားကဘဲအိမ်ပြင်ထွက်ရှာရတော့မယ်လို့ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ဆောင်ရွက်ပေးနေကြောင်း စစ်ခေါင်းဆောင် ပြောဆိုချက် အလိမ်အညာ ဟု NUG တုံ့ပြန် 02.05.2023

စက်ရုံအလုပ်ရုံတွေ အဆက်မပြတ်လည်ပတ်နိုင်အောင်ကြိုးစားနေပြီး အလုပ်သမားအခွင့်အရေး၊ လူမှုဖူလုံရေး၊ လုပ်ခလစာတွေကို အပြည့်အဝရအောင် စည်းကြပ်စစ်ဆေးပေးနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဒီပြောဆိုချက်တွေဟာ အလိမ်အညာတွေသာဖြစ်ပြီး မြေပြင်မှာ သန်းနဲ့ချီတဲ့အလုပ်သမားတွေဟာ အလုပ်လက်မဲ့ဘဝနဲ့ စားဝတ်နေရေးကျပ်တည်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးက တုံ့ပြန်ပါတယ်။ h...

အရပ်သားကို ဦးတည် တိုက်ခိုက်မှုရပ်ဖို့ အာဏာသိမ်း စစ်ကောင်စီကို CDM ဗိုလ်ကြီးတောင်းဆို 01.05.2023

စစ်သည်တော် ကျင့်ဝတ်တွေကို အပြည့်အဝ လိုက်နာပြီး အရပ်သားပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေ တာတွေရပ်ဖို့  အာဏာသိမ်းစစ်ကောင်စီကို CDM ဗိုလ်ကြီးတဦးက တောင်းဆိုလိုက်ပါတယ်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ပေါင်း ၄၅၀ သေဆုံး 01.05.2023

အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကြောင့် သေဆုံးတဲ့အရပ် သားပြည်သူစုစုပေါင်း ၄၅၀ကျော်လာပြီဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေကလည်းစံချိန်တင်မြင့် တက်လာပါတယ်။

ဘန်ကီမွန်းရဲ့ မြန်မာခရီးစဉ်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(30APR2023) 30.04.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဘန်ကီမွန်းရဲ့မြန်မာပြည်ခရီးစဉ်၊ နာဂအိရဲ့ကင်မရာအကြောင်းစတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားပါတယ်။

အကယ်ဒမီပွဲမတက်လျှင် ဖမ်းဆီးရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် လှုံ့ဆော်နေ 29.04.2023

စစ်ကောင်စီလက်ထက်မှာ ၃ နှစ်စာပေါင်းပြီး ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို အနုပညာရှင်တွေအားလုံး မဖြစ်မနေတက်ရောက်ဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။အကယ်ဒမီပွဲတက်ဖို့ ဖိအားပေး စည်းရုံးတာတွေအပြင် ခံဝန်နဲ့လွတ်လာတဲ့ အနုပညာရှင်တွေကို ပွဲမတက်ရင် ပြန်ဖမ်းဆီးဖို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ လှုံ့ဆော် ရေးသားနေပါတယ်။ https://burmese.dvb.no/archives/590588

လက်ရှိမြန်မာ့အရေး ကမ္ဘာကြီးက တရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်ကြောင်း နာဂါအိညီမပြော 28.04.2023

လက်ရှိမြန်မာ့အရေးအတွက် ကမ္ဘာကြီးကတရားမျှတမှုရှာဖွေပေးဖို့ မျှော်လင့်တယ်လို့ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုမှာ သတင်းယူရင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဂျပန်သတင်းထောက် နာဂါအိရဲ့ညီမ ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

Ascolta il podcast DVB News su Replaio

Radio e podcast in un'unica app - gratis e senza registrazione. Installala oggi e non perderti il lancio

Scaricala su Google Play

Replaio non è un editore di podcast; i nomi dei programmi, le copertine e l'audio appartengono ai rispettivi autori e vengono distribuiti tramite feed RSS pubblici