Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Mindenképp látogasd meg a podcast oldalát, és támogasd a készítőjét: burmese.dvb.no
Szerző
Democratic Voice of Burma
Kategória
A podcast weboldala
Legutóbbi epizód
2026. nov. 25.
Hol hallgathatod?
Podcastok az alkalmazásban Replaio Radio HamarosanA podcastok hamarosan megérkeznek az alkalmazásba. Telepítsd most, és láss elsőként egy teljesen új megközelítést a podcastokhoz
Epizódok
တရုတ်အနေဖြင့် NUG နှင့်ထိတွေ့ဆက်ဆံရန်လိုအပ်ဟု လေ့လာသူများပြော 23.03.2023 4:56
တရုတ်အစိုးရဘက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထိတွေ့ဆက်ဆံမှု မလုပ်ပဲ မြန်မာပြည်တွင်း ပဋိပက္ခတွေကို ပြေလည်ချုပ်ငြိမ်းဖို့အတွက် မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားအရေးလေ့လာသူတွေက ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရ၏ ဆိုင်ကယ်အငှားနှင့် ဗီဇာတင်းကျပ်မယ့်အစီစဉ်ကြောင့် ခရီးသွားများ စိတ်ပျက် 23.03.2023 4:27
အင်ဒိုနီးရှားအစိုးရရဲ့ ဗီဇာနဲ့ဆိုင်ကယ်အငှားစည်းမျဉ်းစည်းကမ်း တင်းကျပ်မယ့်အစီအစဉ်ကြောင့် ဘာလီခရီးသွားတွေ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပါတယ်။
လွိုင်ကော်နည်းပညာတက္ကသိုလ်ကျောင်းသားကိုအောင်ကျော်မြတ်က အဝေးထိန်း လက်နက်တင်စက်ရုပ်တင့်ကားငယ်တီထွင် 22.03.2023 3:13
ကရင်နီ (ကယား) ပြည်နယ်က လွိုင်ကော်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တဲ့ ကိုအောင်ကျော်မြတ်က အဝေးထိန်း လက်နက်တင် စက်ရုပ်တင့်ကား အငယ်စားကို တီထွင်လိုက်ပါတယ်။
အာဂျင်တီးနား မူးယစ်ဆေးဝါးဂိုဏ်းများအပေါ် အစိုးရက စစ်ဆင်ရေးစတင် 21.03.2023 2:53
မူးယစ်ဆေးဝါးဂိုဏ်းတွေရဲ့အကြမ်းဖက်မှုကြောင့်လူတွေတုန်လှုပ်နေရတဲ့ အာဂျင်တီးနားရဲ့ အဓိက စိုက်ပျိုးရေးမြို့မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေအပေါ် အစိုးရက စစ်ဆင်ရေးစတင်ခဲ့ပါတယ်။
စစ်ကောင်စီကပြုလုပ်မည့် သင်္ကြန်တွင်မပါဝင်ရန် တော်လှန်ရေးအင်အားစုများတိုက်တွန်း 21.03.2023 2:49
စစ်ကောင်စီကဦးဆောင်ပြုလုပ်မယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ် 20.03.2023 2:41
တိုင်းရင်းသားနိုင်ငံရေးပါတီတွေထဲမှာ အင်အားအကြီးဆုံးပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က စစ်ကောင်စီဩဇာခံရွေးကောက်ပွဲကော်မရှင်လက်အောက်မှာ ပါတီကိုပြန်မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရန်ကုန်တွင် မီတာတက္ကစီပြေးဆွဲမည့်ကိစ္စ ယာဉ်ကြောပိတ်ဆို့မှုကြောင့် အဆင်မပြေနိုင် 19.03.2023 2:57
ရန်ကုန်မြို့က တက္ကစီကားတွေမှာ စမတ်မီတာ တပ်ဆင်ဖို့ ရန်ကုန်တိုင်းပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က လုပ်ဆောင်နေပါတယ်။ ဒီစနစ်ဟာ ရန်ကုန်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အဆင်မပြေနိုင်ဘူးလို့ အငှားယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။
ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် အဖမ်းအဆီးများနေသဖြင့် ဆန္ဒပြရန်ခက်ခဲ 18.03.2023 2:58
ရန်ကုန်အထွေထွေသပိတ်စစ်ကြောင်းအပါအဝင် တခြားမြို့နယ်သပိတ်အဖွဲ့တွေက သပိတ်ကော်မတီဝင် ၇၀ နီးပါးဖမ်းဆီးခံရပြီး စစ်ကောင်စီက လုံခြုံရေးတင်းကျပ် အဖမ်းအဆီးတွေလုပ်နေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု သပိတ်တွေဆက်လက်ဖော်ဆောင်ဖို့ အခက်အခဲရှိနေတယ်လို့ ရန်ကုန်အထွေထွေသပိတ် စစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။
မြန်မာအရေးကုလသမဂ္ဂဆွေးနွေးပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(18-MAR -2023) 18.03.2023 29:27
မြန်မာအရေးကုလသမဂ္ဂဆွေးနွေးပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(18-MAR -2023)
ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၁၀၀၀၀ ကျော်ထပ်မံစစ်ဘေးရှောင် 17.03.2023 2:58
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ လူတွေကိုဖမ်းဆီးတာတွေကြောင့် ဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ချင်းပြည်နယ်ကိုတက်မည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 16.03.2023 3:13
စစ်ကောင်စီလက်အောက်ခံ တပ်မ ၉၉ ဘီလူးစစ်ကြောင်းဟာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှာ ၅ ရက်ကြာ ထိုးစစ်ဆင် နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ ချင်းပြည်နယ်ကိုတက်မယ့် စစ်ကောင်စီယာဉ်တန်းကို မကွေး၊ ထီးလင်းနယ်ထဲမှာ PDF တွေက ၃ကြိမ်တိုင် ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။
DVB Vox Pop အစီအစဉ်ကို နားဆင်ပြီး သဘောထားအမြင်တွေပေးနိုင်ပါတယ်။ 15.03.2023 0:39
DVB Vox Pop အစီအစဉ်ကို နားဆင်ပြီး သဘောထားအမြင်တွေပေးနိုင်ပါတယ်။
ယူကရိန်းကလေးငယ်များကို ရုရှားနိုင်ငံသားအဖြစ်စာရင်းသွင်းရန် ဖိအားပေးခံနေရ 15.03.2023 4:36
သိမ်းပိုက်ခံနယ်မြေက ယူကရိန်းကလေးသူငယ်တွေကို ရုရှားနိုင်ငံသားအဖြစ်မှတ်ပုံတင်စာရင်းသွင်းဖို့ အတင်းအကြပ် ဖိအားပေးခံနေရတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
လူထုထောက်ခံမှုများ၍ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ရန်ကုန်တိုင်း တာဝန်ခံအဖြစ် ကျားဖြူပါတီက ရွေးချယ်ခဲ့ဟု ဆို 14.03.2023 4:00
လူထုထောက်ခံမှုများတဲ့အတွက် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဌေးကို ရန်ကုန်တိုင်းတာဝန်ခံအဖြစ် ကျားဖြူပါတီက ရွေးချယ်ခဲ့တာလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
နန်းနိမ်းကျေးရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စစ်ကောင်စီတပ်များလက်ချက်ဟုဆို 14.03.2023 3:55
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ်းကျေးရွာမှာ ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာဟာ စစ်ကောင်စီတပ်တွေရဲ့လက်ချက်ဖြစ်ကြောင်း သက်သေအထောက်အထားတွေ ရရှိထားတယ်လို့ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက ပြောဆိုပါတယ်။
တအာင်းသီလရှင်ငယ်လေးများအား ညှဉ်းပန်းနှိပ်စက်ခဲ့သူ အမှုဖွင့်အရေးယူ မခံရသေး 14.03.2023 5:42
တအာင်းတိုင်းရင်းသား သီလရှင်ငယ်လေးတွေအပေါ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ရန်ကုန်၊ ကျောက်တန်းမြို့နယ်ရှိ သုခိတာရာမကျောင်းတိုက်နဲ့ ကျူးလွန်တဲ့ သီလရှင်တွေကို စစ်ကောင်စီက အမှုဖွင့်အရေးယူတာမရှိသေးဘူးလို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေး အကောင်အထည်မပေါ်သေး 14.03.2023 3:43
ကရင်တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းရေးကြိုးစားနေတာ ဆယ်စုနှစ်တခုကျော်ကြာမြင့်လာပြီဖြစ်ပေမဲ့ ပေါင်းစည်းဖို့အတွက် လက်နက်ကိုင်ခေါင်းဆောင်တွေက ဒီကနေ့အထိ ပြည်သူတွေကို တိကျသေချာတဲ့ အဖြေမပေးနိုင်တဲ့အပေါ် ကျေနပ်မှုမရှိကြဘူးလို့ လူထုအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်များ အကျအဆုံးများလာသဖြင့် တပ်ရင်းတပ်ဖွဲများတွင် စစ်သည်အင်အား နည်းပါးလာ 12.03.2023 2:12
ပြည်သူ့ခုခံစစ်ကြောင့် နိုင်ငံအနှံ့တိုက်ပွဲတွေများနေပြီး အကျအဆုံးတွေများတာကြောင့် အာဏာသိမ်း စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့တွေမှာ စစ်သည်အင်အားတွေ နည်းပါးလာနေပြီလို့ CDM တပ်သားတွေက ပြောပြကြပါတယ်။
ကမ္ဘာ့လေထုညစ်ညမ်းမှုအဆိုးဆုံး ၁၀ မြို့တွင် ရန်ကုန်ပါဝင် 11.03.2023 3:19
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဝါးဆုံးမြို့ ၁၀ မြို့ မှာ ရန်ကုန်မြို့ ပါဝင်နေပြီး ရန်ကုန်ရဲ့ လေထု အရည်အသွေးဟာ PM ၂ ဒသမ ၅ အနီရောင်အဆင့်မှာရှိတာကြောင့် ပြည်သူတွေရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။
အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023) 11.03.2023 29:02
အမျိုးသမီးနေ့လှုပ်ရှားမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(11-MAR -2023)
NUG ယာယီသမ္မတနှင့် အီးယူအထူးကိုယ်စားလှယ် ဆွေးနွေး၊ မြန်မာစစ်ဘေးသင့်ပြည်သူများကို ကူညီမည်ဟုပြော 10.03.2023 3:40
မြန်မာစစ်ဘေးသင့်ပြည်သူတွေဘက်က ရပ်တည်ပြီး အကူအညီတွေ ပေးသွားမယ်လို့ ဥရောပသမဂ္ဂ မြန်မာအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီးပြော 10.03.2023 3:31
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
နေပြည်တော်အထိခြိမ်းခြောက်နိုင်မှ တော်လှန်ရေးပြီးနိုင်မည်ဟု ကျောင်းသားတပ်မတော် တာဝန်ရှိသူပြော 09.03.2023 4:21
ကိုယ့်ဒေသကို ကာကွယ်နေရုံနဲ့မပြီးဘဲ နေပြည်တော်အထိ ခြိမ်းခြောက်နိုင်မှ တော်လှန်ရေးကြီးပြီးဆုံးပြီး စစ်အာဏာရှင်ချုပ်ငြိမ်းနိုင်မယ်လို့ ကျောင်းသားတပ်မတော် တာဝန်ရှိသူက ပြောပါတယ်။
အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် 09.03.2023 15:33
အစ္စရေးအစိုးရရဲ့ တရားစီရင်ရေး ပြုပြင်မွမ်းမံမှုလုပ်ဆောင်ချက်အပါအဝင် ကမ္ဘာတဝှမ်းက ထူးထူးခြားခြားသတင်းတွေနဲ့အတူ စီးပွားရေး လူမှုရေး စစ်ရေး သတင်းတွေကိုစုစည်း တင်ဆက်ပေးထားတဲ့ ဒီဗွီဘီရဲ့ လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကို နားဆင်နိုင်ပါတယ်။ (မတ်လ ၈)
၁၀ တန်းစာမေးပွဲကာလ လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေ 08.03.2023 2:40
တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မီးမှန်အောင်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပေမယ့် လျှပ်စစ်မီးအချိန်မှန်မရဘဲ မကြာခဏပျက်နေတာကြောင့် ကျောင်းသားတွေနဲ့ မိဘတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
Hasonló podcastok
A Replaio nem podcastkiadó; a műsorok nevei, borítóképei és hanganyagai a szerzőiket illetik, és nyilvános RSS-csatornákon keresztül terjednek.