Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: burmese.dvb.no
Δημιουργός
Democratic Voice of Burma
Κατηγορία
Ιστοσελίδα του podcast
Τελευταίο επεισόδιο
25 Νοε 2026
Πού να ακούσεις;
Podcast στην εφαρμογή Replaio Radio Έρχεται σύντομαΤα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast
Επεισόδια
သင်္ကြန်ပိတ်ရက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အိမ်ပြန်သူနည်းပါး 10.04.2023 3:19
သင်္ကြန်မတိုင်မှီ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အိမ်ပြန်ကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သင်္ကြန်ပိတ်ရက်မှာ မြန်မာပြည်ကို ပြန်သွားသူတွေ မရှိလောက် နည်းပါးနေပါတယ်။
စစ်ကောင်စီ၏ အခွန်အကောက်ဥပဒေသစ်ကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပိုမိုနစ်နာနိုင် 10.04.2023 3:05
စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုအခွန်အကောက်ဥပဒေကြောင့် နိုင်ငံခြားအရက်နဲ့ ဆေးလိပ်တွေပိုမိုဈေးတက်သွားနိုင်သလို မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို ပိုပြီးထိခိုက်နစ်နာသွားစေမယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
ထိုင်းကဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲပြန်အပ်ခဲ့သည့် လူငယ် ၃ ဦး၏ အသက်အန္တရာယ်စိုးရိမ်ရ 09.04.2023 2:53
မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဆေးကုဖို့လာရောက်ချိန် ထိုင်းလဝကရဲက ဖမ်းလိုက်တဲ့ Lion Battalion စစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် မြန်မာလူငယ် ၃ ယောက်ဟာ စစ်ကောင်စီလက်ထဲရောက်သွားတာကြောင့် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရှိနေပါတယ်။
တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးခိုလှုံလာသည့် ဒုက္ခသည် ၁၀၀၀၀ ခန့်ရှိလာ 09.04.2023 2:59
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ KNLA - PDF ပူးပေါင်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံ BGF တွေအကြား တိုက်ပွဲပြင်းထန်နေတာကြောင့် နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည် ဦးရေ တသောင်းဝန်းကျင်ထိရှိလာပြီဖြစ်ပါတယ်။
မြဝတီ ရွှေကုက္ကိုလ်တိုက်ပွဲ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(08-APR -2023) 08.04.2023 29:31
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ မြဝတီ ရွှေကုက္ကိုတိုက်ပွဲ၊ အင်းစိန်ထောင်တွင်းက ဖိနှိပ်ခံနိုင်ငံရေးအကျဉ်းသားတွေ၊ တရားခွင်ကိုရောက်လာတဲ့ ဒေါ်နယ်ထရမ့် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မုံရွာ ကျောက္ကာရေနံချက်ဖိုများ လုပ်ငန်းရပ်ဆိုင်းရန်နှင့် သယ်ယူရောင်းချခြင်းမပြုရန် စစ်ကောင်စီ တားမြစ် 07.04.2023 4:01
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရေနံချက်လုပ်တာနဲ့ ချက်လုပ်ပြီးရေနံချက်ဆီတွေကို သယ်ဆောင်ရောင်းချတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းအစိုးရ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဧပြီ ၃ ရက်မှာ ကြေညာပါတယ်။
လျှပ်စစ်မီးအကြပ်အတည်းကြောင့် အများပြည်သူအခက်ကြုံနေရ 06.04.2023 3:29
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးအကြပ်အတည်းက အများပြည်သူတွေကိုအခက်အခဲတွေနဲ့ ကြုံရစေတဲ့အပြင် ကုန်ကျစရိတ်တွေလည်းပိုပြီးတိုးလာစေပါတယ်။
စစ်ကောင်စီကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံကို EAO အဖွဲ့များ အယုံအကြည်မရှိ 06.04.2023 3:12
အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ငြိမ်းချမ်းရေးညီလာခံကို အယုံအကြည်မရှိဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေကပြောပါတယ်။
ရန်ကုန်တွင် အပူချိန်ပြင်းထန်သဖြင့် နေ့လယ်ပိုင်း အိမ်အပြင်မထွက်ရန် ကျန်းမာရေးဝန်ထမ်းများတိုက်တွန်း 05.04.2023 3:34
ရန်ကုန်မှာ ပြင်းထန်တဲ့နေ့အပူချိန်ကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ ဖျားနာတာတွေ ပြည်သူတွေ ခံစားနေရပြီး မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီထိ အိမ်အပြင်မထွက်ကြဖို့ကို ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းပါတယ်။
အင်းစိန်ထောင်တွင်းနိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ကို သာယာဝတီထောင်ပြောင်း 04.04.2023 4:02
အင်းစိန်ထောင်ကနိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ကို ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းမှာ ပဲခူးတိုင်း သာယာ၀တီထောင်ကို ရွေ့ပြောင်းလိုက်ကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။
ကရင်နီတွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၁၀ ကြိမ်ရှိခဲ့ 03.04.2023 3:18
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခု မတ်လ ကုန်အထိ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းတို က်ခိုက်မှုပေါင်း အကြိမ်ရေ ၃၁၀ အထိ ပြုလုပ်ထားပြီး ပြီးခဲ့တဲ့ မတ်လတစ်လအတွင်းမှာတင် အကြိမ်ရေ ၉၀နဲ့ စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူနဲ့ စစ်ဘေးရှောင် သေဆုံးသူအရေအတွက်ကလည်း ၄၄၀ ကျော်ရှိ လာနေပြီဖြစ်ပါတယ်။
World Press Photo ဆုရှင် ဓာတ်ပုံဆရာမောက်ခမ်းဝါနှင့် DVBမေးမြန်းချက် 02.04.2023 15:08
ကရင်နီရှေ့တန်းစစ်မြေပြင်မှာရိုက်ကူးခဲ့တဲ့ဓာတ်ပုံနဲ့ World Press Photo ဆုရခဲ့တဲ့ ဓာတ်ပုံဆရာမောက်ခမ်းဝါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။
မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီ 01.04.2023 4:25
မင်းတပ်မြို့နယ်၌ စစ်ဘေးရှောင်ကူညီနေသည့် ဘုန်းကြီး ၁ ပါးကို အဓမ္မလူဝတ်လဲပြီး စစ်တပ်က ဖမ်းဆီ
တရားစွဲခံသမ္မတဟောင်းဒေါ်နယ်ထရမ့်အမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01-APR -2023) 01.04.2023 29:30
တရားစွဲခံသမ္မတဟောင်းဒေါ်နယ်ထရမ့်အမှုသုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01-APR -2023) ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်နားဆင်နိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့ တရားစွဲခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်၊ နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရမှု၊ ကရင်နဲ့ ကရင်နီဒေသတိုက်ပွဲတွေအကြောင်း စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်း...
ပြည်သူ ၈ ဦးသေဆုံးခဲ့ရတဲ့ ခွာဖိုးကျေးရွာ လေကြောင်းမှုတိုက်ခိုက်မှု အရေးယူပေးဖို့ CNF တောင်းဆို 31.03.2023 3:39
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကိုစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် ပြည်သူ ၈ ဦးကျဆုံးခဲ့ပြီး နိုင်ငံ တကာကမျက်ကွယ်မပြုဖို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူကမေတ္တာရပ်ခံလိုက်ပါတယ်။ စစ်ကိုင်း၊ ရွှေဘိုနယ်မှာ ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေဟာ ဗိုလ်ချုပ်ဇော်မင်းထွန်းအောင်မြေလာနင်းမယ့်လမ်းကြောင်းကို ဦးတည်တိုက်ခိုက်ခဲ့ တာသာဖြစ်တယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
ပဲခူးတိုင်းတွင်းက စိုက်ပျိုးစားရိတ်ချေးငွေမဆပ်သူများရဲ့ ပုံစံ(၇) နှင့် လယ် သိမ်းခံရ 31.03.2023 5:17
ပဲခူးတိုင်း၊ အနောက်ခြမ်းထဲက မိုးစပါး စိုက်ပျိုးစားရိတ်ချေးငွေမဆပ်တဲ့သူတွေကို စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေက ပုံစံ(၇)သိမ်းတာ၊ လယ်သိမ်းတာ နဲ့ဖမ်းဆီးချုပ်နှောင်တာတွေ စတင် ပြုလုပ်နေပါတယ်။
ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိ 30.03.2023 3:50
ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိဟု သပိတ်ခေါင်းဆောင်များပြော
PTTEP ကုမ္ပဏီ တခုတည်းက စစ်အသုံးစရိတ် တဝက်ကျော် ပေးဆောင်ခဲ့ဟုဆို 29.03.2023 3:01
အာဏာသိမ်း ၂ နှစ်အတွင်း စစ်တပ်က စစ်အသုံးစရိတ် ဒေါ်လာ ၁.၈ ဘီလီယံ သုံးစွဲခဲ့မှုမှာ PTTEP ကုမ္ပဏီတခုတည်းကပဲ စစ်အသုံးစရိတ် တဝက်ကျော်ကို ပေးဆောင်ခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကပြောဆို လိုက်ပါတယ်။
အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီ ဖျက်သိမ်း 29.03.2023 3:32
တည်ဆဲနိုင်ငံရေးပါတီ ၉၀ကျော်ထဲ ထက်ဝက်ကျော်က စစ်ကောင်စီလက်အောက်မှာ မှတ်ပုံပြန်တင်ခဲ့ပါတယ်။ စစ်ကောင်စီရွေးကော်က မှတ်ပုံမတင်တဲ့ပါတီတွေကို ဖျက်သိမ်းပြီး ပါတီပိုင်ဆိုင်မှုတွေကို သိမ်းယူမယ်ဆိုရင်တချိန်မှာ တာဝန်ခံရမယ်လို့ NLD ပါတီဘက်က ပြောဆိုပါတယ်။
ကရင်နီတွင် တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးမှု ၂၀၀ကျော်ရှိလာပြီးလို့ KNDF ပြော 27.03.2023 3:04
စစ်ကောင်စီက အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတဲ့ကရင်နီဒေသမှာ တိုက်ပွဲတွေက ဆက်လက်ပြင်းထန် နေပါတယ်။ တစ်လအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုဟာ ၂၀၀ကျော်ရှိလာပြီး အထိနာနေတယ်လို့ KNDF ဘက်က ပြောဆိုပါတယ်။
စစ်တပ်နှင့်နီးစပ်သည့် ဥပဒေအကြံပေး ၁ ဦး ပစ်သတ်ခံရ 26.03.2023 2:44
ရန်ကုန်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ မတ်လ ၂၄ ရက် နေ့လယ်က စစ်တပ်နဲ့နီးစပ်သူ ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီသင်္ကြန်ပွဲတွင် နိုင်ငံတကာ DJ အနုပညာရှင်များမပါဝင်ရန် တောင်းဆို 26.03.2023 3:09
ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပမယ့် သင်္ကြန် EDM ပွဲတပွဲမှာ နိုင်ငံတကာက DJ artist တွေ ပါဝင်မယ်လို့ သိရပြီး အဲဒီ အနုပညာရှင်တွေကို မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေမှန်ကို သိစေဖို့နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု ယန္တရားလည်ပတ်မှုအောက်မှာ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
ICC ဝရမ်းပြေးပူတင်နှင့် တရုတ်သမ္မတ၏ ရုရှားခရီးစဉ်အပါအဝင် DVB Weekly News Digest အစီအစဉ်။(25-MAR -2023) 25.03.2023 43:26
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကို နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ICC ဝရမ်းပြေး ပူတင်နဲ့ တရုတ်သမ္မတရှီ၊ ဒဲရက်ခ်ချောလက်ရဲ့ အာဆီယံခရီးစဉ်၊ PTTEP ကိုတရားစွဲမယ့်အန်ယူဂျီ စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
နိုင်ငံသားဖြစ်ခွင့် မဖြေပေးနိုင်လို့ နေရပ်ပြန်ရေးကိစ္စမဖြစ်နိုင်ကြောင်း ရိုဟင်ဂျာဒုက္ခသည်များဆို 24.03.2023 3:58
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ တောင်းဆိုတဲ့ နိုင်ငံသားဖြစ်ခွင့်၊ မူလနေရာတွေပြန်ရေးစတာတွေကို စစ်ကောင်စီ ကိုယ်စားလှယ်ဘက်က အဖြေမပေးနိုင်တဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအဆင်မပြေကြဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေး လမ်းပိုပွင့်သွားပြီလို့ NUG ပြော 24.03.2023 3:32
ရုရှားသမ္မတပူတင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICCက အရေးယူဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှု အောင်မြင်ခဲ့တာကြောင့် မြန်မာစစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေးလည်း လမ်းပိုပွင့်သွားတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောပါတယ်။
Παρόμοια podcast
Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS