Democratic Voice of Burma
DVB News
The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.
Μην παραλείψεις να επισκεφτείς τη σελίδα του podcast και να στηρίξεις τον δημιουργό: burmese.dvb.no
Δημιουργός
Democratic Voice of Burma
Κατηγορία
Ιστοσελίδα του podcast
Τελευταίο επεισόδιο
24 Νοε 2026
Πού να ακούσεις;
Podcast στην εφαρμογή Replaio Radio Έρχεται σύντομαΤα podcast έρχονται σύντομα στην εφαρμογή. Εγκατάστησέ την τώρα και δες πρώτος μια εντελώς νέα προσέγγιση στα podcast
Επεισόδια
ကုန်စည်တွေကို ထိုင်းဘတ်ငွေနဲ့ တွက်ပြီးရောင်းချနေတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက် 15.08.2024 4:14
ကရင်ပြည်နယ်က မြို့တွေမှာ ကုန်စည်တွေကို ထိုင်းဘတ်ငွေနဲ့ တွက်ပြီးရောင်းချနေတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ အောင်ခန့် သတင်းပေးပို့ထားပါတယ်။
တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချပြောဆိုမှု ဆန့်ကျင်ကြောင်း တရုတ်ဝန်ကြီးဝမ်ယိကပြော 15.08.2024 2:52
တရုတ်-မြန်မာ ဆက်ဆံရေးကို သွေးကွဲအောင် လုပ်ဆောင်နေမှုနဲ့ တရုတ်နိုင်ငံအား အိုးမဲသုတ်အပုပ်ချနေတဲ့ ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၁၄ ရက် မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမှာ စစ်ခေါင်းဆောင် ဗ...
DVB Newsbreak ( ဩဂုတ် ၁၄ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 14.08.2024 5:55
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ စိုးရိမ်စရာ ဆက်လက် ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်တဲ့သတင်း -ရှမ်းပြည်နယ် တာချီလိတ်နဲ့ ကျိုင်းတုံမှာ ရေကြီးနေတဲ့ သတင်းနဲ့ -ထိုင်းသင်္ဘောကျင်းလုပ်ငန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ သွားတဲ့သတင်းတွေ နားဆ...
မန္တလေးနဲ့ ပြင်ဉီးလွင်မှာ တိုက်ပွဲတွေဖြစ်လာတော့မလား 14.08.2024 2:57
တိုက်ပွဲတွေနဲ့ အနီးဆုံးဖြစ်လာတဲ့ မန္တလေးနဲ့ ပြင်ဉီးလွင်မှာ တိုက်ပွဲတွေဖြစ်လာတော့မလား ဆိုတာနဲ့ ပတ်သက်လို့ စစ်ရေနဲ့ နိုင်ငံရေးစောင့်ကြည့်သူတွေရဲ့ အမြင်တွေကို ထက်အောင်က ပြောပြပေးမှာပါ။
DVB Newsbreak ( ဩဂုတ် ၁၃ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 13.08.2024 5:48
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသွားမယ့်သတင်း - AEON Orange ဒါရိုက်တာ ဂျပန်နိုင်ငံသား ပြန်လွတ်မြောက်တဲ့သတင်းနဲ့ -နမ့်ဆန်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့သတင်းတွေနားဆင်ရမှာပါ
၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် KNU တပ်မဟာ ၇တွင်းကျင်းပ 13.08.2024 3:29
ကရင့်ခေါင်းဆောင်စောဘဦးကြီး ကျဆုံးခဲ့တဲ့ ၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ဖားအံခရိုင်မှာ ကျင်းပပါတယ်။
DVB Newsbreak ( ဩဂုတ် ၁၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 12.08.2024 5:08
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တဲ့ သတင်း -ဦးဝီရသူ၊ ဝါသဝကိုယ်တော်နဲ့ ပေါက်ကိုယ်တော်တို့အား အရေးယူပေးဖို့ ရွှေဝါရောင်သံဃာတွေက မဟနကို တိုက်တွန်းလိုက်တဲ့သတင်းနဲ့ -ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်တန်းသားတွေကို စစ်ကောင်စီက နေရပ်ပြန်ခ...
ပြင်ဦးလွင်မှ စစ်တပ်နှင့် ရဲအရာရှိ မိသားစုများ အလုံးအရင်းဖြင့် ရွှေ့ပြောင်း 10.08.2024 4:03
MNDAA ကိုးကန့်တပ်ဖွဲ့ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေက လားရှိုးမြို့ကို သိမ်းယူပြီးနောက် စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်း (DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ မန္တလေးမြို့ကိုပါ ဆက်လက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် ဩဂုတ် ၈ ရက် မနက်ကစ ပြီး စစ်တပ်နဲ့ရဲ ထိပ်ပိုင်းအသိုက်အဝန်းက မိသားစုတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့နေကြတယ်လို့ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
DVB Newsbreak ( ဩဂုတ် ၉ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 09.08.2024 5:44
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးတဲ့သတင်း -NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း ကွယ်လွန်သွားတဲ့ သတင်းနဲ့ -ပြင်ဦးလွင်မှ စစ်တပ်နဲ့ ရဲအရာရှိ မိသားစုတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းနေကြတဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ဩဂုတ် ၈ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 08.08.2024 5:57
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ ရှစ်လေးလုံး စိတ်ဓာတ်ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်မယ်လို့ ၈၈ လူထုအရေးတော်ပုံ ၃၆ နှစ်ပြည့်နေ့မှာ NUG အစိုးရက ပြောကြားလိုက်တဲ့သတင်း -မြန်မာရေဘေးသင့်ပြည်သူ ၁ သိန်းကျော်ကို WFP က အရေးပေါ် စားနပ်ရိက္ခာကူညီပေးအပ်တဲ့ သတင်းနဲ့ -လားရှိုးထောင်မှာ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အကျဥ်းသား...
လားရှိုးမြို့ကို ဒီရက်ပိုင်း ဝင်ထွက်သွားလာလို့ ရနေပြီလို့ ဒေသခံတွေကပြော 08.08.2024 1:47
MNDAA ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ဒီရက်ပိုင်း ဝင်ထွက်သွားလာလို့ ရနေပြီလို့ ဒေသခံတွေကပြောပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။
စစ်ခေါင်းဆောင် လမ်းဆုံးရောက်ရန် သိပ်မကြာတော့ဟု KNU တုံ့ပြန် 08.08.2024 4:51
အကြမ်းဖက်တဲ့နည်းနဲ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချိုးဖောက်တာ ဘယ်သူလဲဆိုတာ ပြောစရာ မလိုတော့ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ အောင်ခန့် ပေးပို့ထားပါတယ်။
DVB Newsbreak ( ဩဂုတ် ၇ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 07.08.2024 5:32
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်ကောင်စီနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံဆွေးနွေးဖို့ရှိနေတဲ့ သတင်း -ဓနုဖြူမှာ မိုးသည်းထန်ရေကြီးပြီး အိမ်ခြေ ၃၀၀ ကျော် ရေဘေးသင့်နေတဲ့သတင်းနဲ့ -ရခိုင်ပြည်နယ်မှာ မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့သတင်းတွေ နားဆင်ရမှာပါ
ဆီဆိုင်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ မြို့ခံများ ကြိုတင်စစ်ရှောင် 07.08.2024 2:52
မြို့ပျက်ကြီးလိုဖြစ်ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ရဲ့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ မြို့ခံတွေ စိုးရိမ်ပြီး နောက်တစ်ခါ ကြိုတင်စစ်ရှောင်နေကြပါပြီ။ အပြည့်အစုံကို စိုးသူအောင်က သတင်းပေးပို့ထားပါတယ်။
အိမ်နီးခြင်းနိုင်ငံတွေဟာ နွေဦးတော်လှန်ရေးအပေါ် ကြိုးဆွဲ ချုပ်ကိုင်နေကြတယ်လို့ KNU ခေါင်းဆောင်က ပြော 07.08.2024 2:50
အိမ်နီးခြင်းနိုင်ငံတွေဟာ နွေဦးတော်လှန်ရေးအပေါ် ကြိုးဆွဲ ချုပ်ကိုင်နေကြတယ်လို့ KNU ခေါင်းဆောင်က ပြောလိုက်ပါတယ်။
DVB Newsbreak ( ဩဂုတ် ၆ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 06.08.2024 5:29
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြန်လည်တိုက်ခိုက်မယ်လို့ စစ်ခေါင်းဆောင်က ပြောလိုက်တဲ့ သတင်း -ရန်ကုန်မှာ YBS ယာဉ်အစီး ၇၀ ကျော် ချောဆွဲပြီး အကြမ်းဖက်စစ်တပ် ထောက်ခံပွဲကျင်းပခဲ့တဲ့ သတင်းနဲ့ -ကျောက်မဲမြို့ကို TNLA က သိမ်းပိုက်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
DVB Newsbreak ( ဩဂုတ် ၅ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 05.08.2024 6:00
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နဲ့ ဗိုလ်မှူးချုပ် ၂ ဦးတို့ကို MNDAA က အရှင် ဖမ်းမိတဲ့သတင်း -စဥ့်ကူးမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာနဲ့ -ကျုံပျော်မြို့နယ်မှာ မြစ်ရေကြီးပြီး လူနေအိမ်တွေရေမြုပ်၊ သ...
လားရှိုးပရဟိတအဖွဲ့များ ပစ်ခတ်ခံရတာတွေကြောင့် သေဆုံးဒဏ်ရာရမှုများရှိ၊ ကယ်ဆယ်ရေးဆက်မလုပ်နိုင် 05.08.2024 1:52
လားရှိုးမြို့မှာ ပရဟိတအဖွဲ့တွေ ပစ်ခတ်ခံရတာတွေကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိနေလို့ လူမှုကယ်ဆယ်ရေးတွေ ဆက်မလုပ်ဆောင်နိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ခွန်ဇော်ဦး ပေးပို့ထားပါတယ်
အာဏာအသက်ဆက်လိုက်ပြန်တဲ့ စစ်ကောင်စီ၊ (WeeklyNewsDigest 04082024) 04.08.2024 29:52
ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest နားဆင်နိုင်ပါနိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ အာဏာအသက်ဆက်လိုက်ပြန်တဲ့ စစ်ကောင်စီ၊ လားရှိုးရမခ ကျပြီလား၊ ဟားမတ်စ်ခေါင်းဆောင်အသတ်ခံရမှုက ဂါဇာစစ်ပွဲပိုဆိုးနိုင်၊ ထူးခြားဆန်းသစ် ပါရီအိုလံပစ် စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
မြန်မာပြည် သမဝါယမစနစ်ပြန်သွားပါက တိုင်းပြည်စီးပွားရေး ပိုဆိုးနိုင် 03.08.2024 3:57
စစ်ခေါင်းဆောင်ပြောဆိုထားတဲ့အတိုင်း သမဝါယမစနစ်ကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက အခုထက် ပိုဆိုးလာဖို့ရှိပြီး ငွေကြေးဖောင်းပွမှုတွေက ထိန်းချုပ်လို့မရနိုင်တဲ့အထိ Hyperinflation ဖြစ်သွားနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ https://burmese.dvb.no/post/663199
DVB Newsbreak ( ဩဂုတ် ၂ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 02.08.2024 5:55
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -မိုးမိတ်မြို့နယ်ကို TNLA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့သတင်း -ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှာ ရေကြီးနေတဲ့သတင်းနဲ့ -နိုင်ငံခြားငွေကစား၊ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူ ၉၀ ကျော်ကို စစ်ကောင်စီက အရေးယူလိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ
DVB Newsbreak ( ဩဂုတ် ၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 01.08.2024 5:45
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဩဂုတ် ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -စစ်အာဏာသိမ်းသက်တမ်းထပ်တိုးမှုဟာ မြန်မာလူထုဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ အမေရိကန်က ပြောလိုက်တဲ့သတင်း -သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေတဲ့သတင်းနဲ့ -ရန်ကုန်မှာ စားသုံးဆီဝယ်ယူခွင့်ရဖို့ ပြည်သူတွေအချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်းနေရတဲ့ သတင...
ဝတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေပိုင်ဆိုင်မှုဟာ ပိုမိုကျယ်ပြန့်လာနိုင် 01.08.2024 4:22
ဝ တပ်ဖွဲ့ရဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ဆိုတဲ့ တိုက်တွန်းချက်ဟာ တရုတ်နိုင်ငံရဲ့ မူဝါဒကို ဖော် ဆောင် ပေးတာဖြစ်ပြီး ဝ တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေပိုင်ဆိုင်မှုဟာ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုပါတယ်။ ဒီသတင်းကို အောင်သူ ပေးပို့ထားပါတယ်။
DVB Newsbreak ( ဇူလိုင် ၃၁ ရက် ၂၀၂၄၊ ညနေခင်းသတင်း) 31.07.2024 5:25
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၃၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -အာဏာသိမ်းထားတဲ့ အရေးပေါ်ကာလသက်တမ်းကို စစ်ခေါင်းဆောက်က နောက်ထပ် ၆ လ ထပ်တိုးလိုက်တဲ့သတင်း -မြန်မာ့အရေး တရုတ် ဝင်ရောက်မစွက်ဖက်ဖို့ ကမ္ဘာ့နိုင်ငံတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ သတင်းနဲ့ -အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ UWSA ‘ဝ’ တပ်ဖွဲ့က တိုက်တွန်းလိုက်တဲ့သတင်းတွေ နားဆင...
မိုးမိတ်ဗျူဟာနှင့် လက်ကျန်တပ်ရင်းတွေနားမှာ တိုက်ပွဲပြင်းထန်နေ 31.07.2024 3:03
မိုးမိတ်ဗျူဟာနဲ့လက်ကျန်တပ်ရင်းတွေနားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဗျူဟာကုန်းပေါ်အထိ လေကြောင်း ပစ်ခတ်မှုရှိနေကြောင်း TNLA က ထုတ်ပြန်ပါတယ်။ ဗျူဟာကုန်းကျသွားရင် စစ်ကောင်စီအနေနဲ့ မြို့ကို လက်လွှတ်လိုက်ရနိုင်ကြောင်း ဒေသခံတွေ ခန့်မှန်းနေကြပါတယ်။ စိုးသူအောင် သတင်းပေးပို့ ထားပါတယ်။
Παρόμοια podcast
Το Replaio δεν είναι εκδότης podcast - τα ονόματα των εκπομπών, τα εξώφυλλα και ο ήχος ανήκουν στους δημιουργούς τους και διανέμονται μέσω δημόσιων ροών RSS