Democratic Voice of Burma

DVB News

News MY ↓ 1544 episoder

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Husk at besøge podcastens hjemmeside og støtte skaberen: burmese.dvb.no

Forfatter

Democratic Voice of Burma

Kategori

News

Podcastens hjemmeside

burmese.dvb.no

Seneste episode

10. nov. 2026

Hvor kan du lytte?

Podcasts i appen Replaio Radio Kommer snart

Podcasts kommer snart til appen. Installer nu, og vær den første til at se en helt ny tilgang til podcasts

Hent den på Google Play Installer gratis Android næsten 10 mio. downloads · 4,7+ i bedømmelse iOS snart

Episoder

ဖြတ်လေးဖြတ်အပြင် အလှူရှင်နည်းပါးလာမှုရင်ဆိုင်နေရသော ကရင်နီစစ်ရှောင်အခက်အခဲ 02.03.2023

စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်အပြင် အလှူရှင်တွေနည်းပါးလာတဲ့ အခြေအနေရင်ဆိုင်နေရတဲ့ ကရင်နီ စစ်ဘေးရှောင်တွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့  အကြောင်းကို တင်ဆက်ပေးထားပါတယ်။

ပါတီမထောင်ဘဲ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟု တာဝန်ခံမည့်သူရှိပါက ပါတီဖျက်သိမ်းပေးမည်ဟု ဦးကိုကိုကြီးပြော 01.03.2023

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို  ဖြေရှင်းနိုင်မယ်လို့  တာဝန်ခံမယ့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေရှိပါက ပါတီဖျက်သိမ်းမယ်လို့  ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ  ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ် 28.02.2023

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့  ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ  ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ  ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။  စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့  ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မ...

လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေဟုဆို 27.02.2023

လောင်စာဆီဈေးနူန်းအဆမတန်တက်နေတဲ့ပါကစ္စတန်မှာ ဆင်းရဲသားတွေ ဘဝပျက်အောင် အစိုးရကလုပ်နေတယ်လို့ ပါကစ္စတန်သုံးဘီးယာဉ်မောင်းတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကိုလေကြောင်းတိုက်ခိုက်မှု ဘာသာရေးခြိမ်းခြောက်မှုဖြစ် 27.02.2023

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ခရစ်ယာန်မယ်တော်ဂူကို စစ်ကောင်စီက ဒီလဆန်းပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဟာ ဘာသာရေးနဲ့ပတ်သက်လို့ ခြိမ်းခြောက်မှုလို့ ဒေသခံတွေကပြောဆိုပါတယ်။

မြန်မာ့ရေးလှုပ်ရှားသူများ အမေရိကန်သမ္မတအိမ်ဖြူတော်နှင့် နိုင်ငံခြားရေးရုံးအထိ ချီတက်ဆန္ဒပြ 26.02.2023

စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအတွက် တိုင်းရင်းသားပေါင်းစုံ တညီတညွတ်တည်းရှိကြောင်းပြသတဲ့အနေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက  အမေရိကန်သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွေကို ချီတက်လမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ် (25-FEB -2023 ) 25.02.2023

25-FEB -2023 အပတ်စဉ် DVB Weekly News Digest အစီအစဉ်။ ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့  DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်တယ်။ ဒီတပတ်အစီအစဉ်မှာတော့  ယူကရိန်းစစ်ပွဲ ၁ နှစ်ပြည့်သုံးသပ်ချက်၊ ပဲခူးတိုင်းခုခံတွန်းလှန်စစ်ပွဲ၊ ဂျပန်-မြန်မာဆက်ဆံရေး စတာတွေနဲ့ပတ်သက်ပြီး ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့်ပြန်ဖွင့်၊ ဝက်ဆိုက်ဘ်ဝင်မရသဖြင့်အခက်ကြုံ 25.02.2023

နိုင်ငံကူးလက်မှတ်ပတ်စ်ပို့တွေ လျှောက်ထားတာကို စစ်ကောင်စီက ဖေဖော်ဝါရီ  ၂၄ ရက်မှာ အွန်လိုင်း ဘွတ်ကင် စနစ်အသစ်နဲ့ ပြန်ဖွင့်လိုက်တဲ့ ပထမဆုံးနေ့မှာတင် လျှောက်တဲ့သူများတာကြောင့် ဝက်ဘ်ဆိုက်ကိုဝင်မရတဲ့ အခက်အခဲနဲ့ကြုံနေရပါတယ်။

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီ သီဟတင်စိုး၏ ဈာပနအခမ်းနားကျင်းပ 24.02.2023

အသက် (၅၇) အရွယ်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး ရဲ့ ဈာပနအခမ်းနားကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာကျင်းပရာမှာ အနုပညာအသိုက်အဝန်းနဲ့  ပရိတ်သတ်တွေ အများအပြား လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းတွင်စစ်အုပ်ချုပ်ရေးကြညာထားသည့် ၁၄ မြို့နယ်ရှိလာ၊ အဆုံးစွန်ထိရက်စက်မှုများကျူးလွန်လာနိုင် 24.02.2023

ရွှေဘို၊ ဝက်လက်၊ အရာတော် ၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးထပ်မံကြေညာခဲ့တဲ့အတွက် နိုင်ငံတဝန်းမှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၄၇ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းတခုတည်းပဲ ၁၄ မြို့နယ်အထိရှိလာပါတယ်။ စစ်ခေါင်းဆောင်က နမခ စစ်တိုင်းမှူးကို တရားစီရင်ခွင့်အာဏာကိုပါ ပေးအပ်ပြီး အဆုံးစွန်အထိရက်စက်မှုတွေပြုလုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့  ဒေသခံ PDF တွေက သုံးသပ်ပြောပါတယ်။ 

မြောက်ကိုရီးယားနဲ့ ယူကရိန်းစစ်ဘေးဒုက္ခအပါအဝင် လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ် 23.02.2023

ကမ္ဘာတဝန်း ထူးထူးခြားခြားသတင်းတွေနဲ့အတူ စီးပွားရေး လူမှုရေး စစ်ရေး သတင်းတွေကို  စုစည်း တင်ဆက်ပေးထားတဲ့ ဒီဗွီဘီရဲ့ လှုပ်လှုပ်ရှားရှားကမ္ဘာတလွှားအစီအစဉ်ကိုနားဆင်နိုင်ပါတယ်။ (ဖေဖော်ဝါရီ ၂၃) 

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ငွေဒဏ်ချမှတ်သည့်အပေါ် ဥပဒေပညာရှင်များဝေဖန် 23.02.2023

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီတရားရုံးက ငွေဒဏ် ကျပ် ၁ သိန်း ပဲချမှတ်လိုက်တာဟာ အာဏာသိမ်းစစ်တပ်ဆီမှာ ညီမျှတဲ့ တရားစီရင်ရေး မရှိဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပြောပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်များကို အီးယူ၏ပိတ်ဆို့ဒဏ်ခတ်မှု မလုံလောက် 21.02.2023

ဥရောပသမဂ္ဂ (အီးယူ)က  မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟာ အောင်မြင်တဲ့ခြေလမ်း တစ်ခုဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ မြန်မာလူထုအပေါ် လူ့အခွင့်ရေး ချိုးဖောက်ကျူးလွန်တာတွေ ရပ်တန့်သွားအောင် ဒဏ်ခတ်ပိတ်ဆို့မှု တစ်ခုတည်းနဲ့တင် မလုံလောက်ဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုပိုများလာ 21.02.2023

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲခွင့်ပိုမိုရလာနေပြီး ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲဖြစ်သွားမှာကို မိဘတွေက စိုးရိမ်နေကြပါတယ်၊ 

စစ်ကောင်စီက ဘယ်လိုပင် ဖိနှိပ်ဖိနှိပ် အရှုံးပေးမည်မဟုတ်ဟု ချင်းတိုင်းရင်းသားများပြော 19.02.2023

စစ်ကောင်စီက ဘယ်လိုပဲ အကြမ်းဖက် ဖိနှိပ်ဖိနှိပ် အရှုံးပေးမှာ မဟုတ်ဘူးဆိုတာက ဒီနှစ် ချင်းအမျိုးသားနေ့ရဲ့ သတင်းစကားဖြစ်တယ်လို့ အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေက ပြောဆိုလိုက်ပါတယ်။

နွေဦးတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားအားလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ရန်တိုက်တွန်း 19.02.2023

လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို  ဆန့်ကျင်တိုက်ပွဲဝင်နေရာမှာ ချင်းတိုင်းရင်းသားအားလုံးအနေနဲ့ အတူညီညွတ်စွာ  ပူးပေါင်းပါဝင်ကြဖို့  ချင်းအမျိုးသားတပ်ဦး (CNF/CNA)က  တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီကို ပိုမိုပြင်းထန်စွာအရေးယူရန်၊ ဒီမိုကရေစီတိုက်ပွဲဝင်သူများကို ပိုမိုကူညီရန် အမေရိကန်ကို NUGဝန်ကြီး တောင်းဆို 18.02.2023

အာဏာသိမ်းစစ်ကောင်စီကို ပိုမိုပြင်းထန်စွာအရေးယူဖို့နဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်အင်အားစုတွေကို ငွေကြေးအရပိုမိုထောက်ပံ့ကူညီပေးဖို့ အမေရိကန်ကို  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နှင်းဆီပါတီကို အမည်ပြောင်းပြီး တနိုင်ငံလုံးဝင်ပြိုင်မည့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင် 17.02.2023

ဖျက်သိမ်းခံထားရတဲ့ နှင်းဆီပါတီကို  ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)  အဖြစ် အမည်ပြောင်းပြီး စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး  ဝင်ပြိုင်မယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လိုက်ပြီလို့ ဦးဆောင်ပါဝင်သူတွေက  ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးနဲ့  ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ နှင်းဆီပါတီလို့ လူသိများတဲ့  ညီညွတ်သောဒီမို...

မီဒီယာလုပ်ငန်းများတွင် အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်းသတ်မှတ် ခန့်အပ်ရန်တိုက်တွန်း 17.02.2023

မြန်မာသတင်းမီဒီယာလောကထဲမှာ အမျိုးသမီးတွေဦးဆောင်နိုင်မှုနှုန်းက နည်းပါးနေပြီး မီဒီယာလုပ်ငန်းခွင်မှာ အမျိုးသမီးတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထိသတ်မှတ် ခန့်အပ်ထားသင့်တယ်လို့ အမျိုးသမီးသတင်းသမားတွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။ 

အရပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့်ပြုတာဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေမယ် 15.02.2023

အရပ်သားတွေ လက်နက်ကိုင်ဆောင်ခွင့်ပြုတာဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေသာ ဖြစ်စေမယ်။

ဂါဇာတွင် ပါလက်စတိုင်းအမျိုးသမီးလက်ဝှေ့ကလပ် ပထမဆုံးပေါ်လာ 15.02.2023

ဂါဇာမှာပါလက်စတိုင်းအမျိုးသမီးလက်ဝှေ့ကလပ် ပထမဆုံးပေါ်လာပါတယ်။ သူတို့ရဲ့ အားမာန်ယုံကြည်မျှော်လင့်ချက်တွေက ဘာတွေလဲ ဆိုတာ နားဆင်ကြည့်နိုင်ပါတယ်။ 

NUG နှင့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော 15.02.2023

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မိတ်ဖက်တွေအဖြစ် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက ပြောကြားလိုက်ပါတယ်။

DPDM Global Season Finale (DVB Host Tea Talk) 16.01.2023

ရေခြားမြေခြား တို့ပြည်တို့မြေ မှတ်မှတ်ရရများ ရေခြားမြေခြားက အဝေးရောက်မြန်မာနိုင်ငံသားတွေရဲ့ ဘဝအဖုံဖုံအတွေ့အကြုံတွေကို တင်ဆက်ခဲ့တဲ့ US, Canada, Europe, Australia, Thailand က တင်ဆက်သူတွေရဲ့ ကင်မရာနောက်ကွယ်က မှတ်မှတ်ရရများ   #RoadShowGlobal #OverseasBurmese #roadshow #WhatsHappeningInMyanmar  DVB TV - 15.1.2023

DPDM Global Episode 21 (Vancouver, Canada) 10.01.2023

ကနေဒါ ဗန်ကူးဗားမြို့က အဝေးရောက်မြန်မာပြည်ဖွားများ - တို့ပြည်တို့မြေ Global Episode 21 ကနေဒါနိုင်ငံ ရဲ့အနောက်ဖက်ခြမ်း၊ မြန်မာပြည်နဲ့ မိုင်ပေါင်း ၇၀၀၀ ကျော် ဝေးကွာတဲ့ ၊ ဗန်ကူးဗားမြို့မှာနေထိုင်ကြတဲ့ အဝေးရောက်မြန်မာပြည်ဖွားတွေရဲ့ကြောင်း.... သူတို့ ရဲ့နိုင်ငံရပ်ခြားဘ၀ အတွေ့အကြုံ၊ ရုန်းကန်ရှင်သန်မှုတွေနဲ့  နွေဦးတော်လှန်ရေး အတွက် ပံ့ပိုးကူညီပေးနေမှု တွေ စီစဉ်တက်ဆက်ထားပါတယ်။   #RoadShowGlobal #...

DPDM Global Episode 20 (Sydney, Australia) 02.01.2023

ဆစ်ဒနီမြို့ရောက် မြန်မာပြည်ဖွားများ- တို့ပြည်တို့မြေ Global Episode 20 မတူညီကွဲပြားမှုတွေနဲ့ လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရောက် မြန်မာပြည်ဖွားတွေရဲ့ လူနေမှုဘဝပုံစံများ   #RoadShowGlobal #Australia #Sydney #OverseasBurmese #roadshow #WhatsHappeningInMyanmar  DVB TV - 1.1.2023

Lyt til podcasten DVB News i Replaio

Radio og podcasts i én app - gratis og uden tilmelding. Installer i dag, og gå ikke glip af lanceringen

Hent den på Google Play

Replaio er ikke podcastudgiver; programmernes navne, coverbilleder og lyd tilhører deres ophavsmænd og distribueres via offentlige RSS-feeds.