Mratt Kyaw Thu

The Mratt Podcast

News MY ↓ Epizody: 119

An independent journalist engages in conversations with commentators, researchers, and experts, primarily focusing on topics such as politics, war, and religion. Occasionally, I share insights about my own experiences, love, and society. If you would like to support my journalistic work, please consider contributing here: https://buymeacoffee.com/mratt. Thank you for your support!

Určitě navštivte web podcastu a podpořte jeho tvůrce: redcircle.com

Autor

Mratt Kyaw Thu

Kategorie

News

Web podcastu

redcircle.com

Nejnovější epizoda

2. kvě 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

ဘင်္ဂလားဒေ့ရှ် တကျော့ပြန် ဆန္ဒပြပွဲနောက်ကွယ်က အကြောင်းရင်း 19.12.2025

ပြီးခဲ့တဲ့ရက်ပိုင်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာ သတင်းစာတိုက်ကြီးတွေ မီးရှို့ခံရပြီးတော့ နိုင်ငံအနှံ့မှာလည်း အကြမ်းဖက် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။ ရှိတ်ဟာဆီနာ ထွက်ပြေးသွားပြီးကတည်းက ဆွေးနွေးညှိနှိုင်းမှုတွေ တောက်လျှောက်လုပ်နေခဲ့တဲ့ မိုဟာမက်ယူနွတ်စ်ရဲ့ ယာယီအစိုးရက လာမဲ့နှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီး ရက်ပိုင်းအလိုမှာ ဒီမင...

အစ္စရေးရဲ့ အတွင်းကြိတ် ပဋိပက္ခ 18.12.2025

အစ္စရေးအစိုးရ အကြပ်ရိုက်နေရတဲ့ အလွန်အကျွံရှေးရိုးစွဲ ဂျူးဘာသာရေးသမားတွေနဲ့ပတ်သက်လို့ သူ့တို့သမိုင်းကြောင်း၊ ဘာကြောင့် အထူးအခွင့်အရေး ရခဲ့ကြသလဲ၊ ဘာကြောင့် အစိုးရကို ကန့်ကွက်ဆန္ဒပြနေကြတာလဲ၊ အစ္စရေးပြည်သူတွေကရော ဒီအပေါ် ဘယ်လိုမြင်ကြသလဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

တကျော့ပြန် ထိုင်းနဲ့ ကမ္ဘောဒီးယား တိုက်ပွဲ 08.12.2025

ထိုင်းနဲ့ကမ္ဘောဒီးယားမှာ ပြည်တွင်းနိုင်ငံရေးတွေ လှုပ်ခတ်တိုင်း ပေါ်ပေါ်လာတတ်တဲ့ နယ်စပ်မျဉ်းပေါ်က နယ်မြေအငြင်းပွားမှုပြဿနာဟာ ခု ထိုင်းဝန်ကြီးချုပ်သစ် အနုတင်လက်ထက်မှာလည်း ထပ်ဖြစ်ပြန်ပါပြီ။ ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သဘောတူစာချုပ်လည်း ဘယ်အခြေအနေ ရောက်သွားပြီဆိုတာ မသိရပါဘူး။​ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

NUG ပြုပြင်ပြောင်းလဲရေး တိုင်းတာချက် 05.12.2025

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်တိုင်းတာနိုင်တာက အစိုးရအဖွဲ့အတွင်းက အကျင့်ပျက်ခြစားမှုတွေ၊ လက်သင့်ရာစားတော်ခေါ်တဲ့ ကိစ္စတွေနဲ့ တိုင်တန်းမှုတွေကို ဘယ်လောက်ထိ သမာသမတ်ကျကျ ဖြေရှင်းနိုင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ Mratt Channel ရဲ့ သဘောထားအာဘော်ကို နားဆင်ရမှာ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အမေရိကန်ရဲ့ ကျားဖြန့်နှိမ်နင်းရေး ဥပဒေ 05.12.2025

အမေရိကန်လွှတ်တော်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ အရှေ့တောင် အာရှက ကျားဖြန့်အရေး၊ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးချက်တွေနဲ့ ဘယ်အခြေအနေရောက်နေပြီလဲ ဒီကနေ ဘယ်လောက်ထိ မျှော်လင့်လို့ရသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဥရောပရဲ့ နောက်ဆုံး အာဏာရှင် 01.12.2025

ဥရောပရဲ့ နောက်ဆုံး အာဏာရှင်၊ ဥရောပမှာ သက်တမ်းအကြာဆုံး နိုင်ငံ့ခေါင်းဆောင်၊ ကိုဗစ်ကိုကာကွယ်ဖို့ ချွေးထုတ်ခန်းဝင်ပြီး ဗော့ဒ်ကာသောက်ရင် ရတယ်လို့ပြောတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကာအကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ဝန်ကြီးချုပ်ရုံး အရှုပ်တော်ပုံ 24.11.2025

ဝန်ကြီးချုပ်ရုံးမှာ အလုပ်လုပ်ခဲ့သူ ၁၂ ဦးရဲ့ တိုင်ကြားစာမှာ အလုပ်ထွက်ခဲ့တဲ့ ဝန်ထမ်းတွေဟာ “အမြဲတမ်း အတွင်းဝန် မကြည်ပြာ၏ ရိုင်းစိုင်းမောက်မာမှု၊ မလျော်သြဇာသုံးစွဲမှု၊ အလွဲသုံးစားမှု၊ အထက်ဖာ အောက်ဖိ စရိုက်များကြောင့် ဝန်ကြီးချုပ်ရုံးကို စွန့်ခွာခဲ့ကြသူများဖြစ်ပါသည်” လို့ ရေးထားပါတယ်။ ခု တိုင်ကြားသူတွေထဲမှာ CDM ဝန်ထမ်း ၅ ဦး၊ NLD ပါတီဝင် ၂ ဦး၊ နိုင်ကျဉ်းဟောင်း ၁ ဦး၊ တက်ကြွလှုပ်ရှားသူ ၄ ဦးတို့ ပါဝင်ပါတယ်...

ကျားဖြန့်တယောက်ရဲ့ ဖွင့်ဟဝန်ခံချက် 19.11.2025

လက်ရှိ ကျားဖြန့်နှိမ်နင်းရေးဟာ တကယ်လား၊ အယောင်ပြလား၊ နောက်ကွယ်က ထုထည်က ဘယ်လောက်ကြီးမားသလဲ၊ ရွှေကုက္ကိုလ်ထဲက ကျားဖြန့် ကုမ္ပဏီ ၂ ခုမှာ လပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသူတယောက်နဲ့ ကျနော် မေးမြန်းထားပါတယ်။ သူက အောက်ခြေ ဝန်ထမ်းမဟုတ်ဘဲ အလယ်အလတ်အဆင့် ရာထူးနဲ့ အလုပ်လုပ်ခဲ့သူပါ။ နားဆင်ကြပါခင်ဗျား။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

တရုတ်-ဂျပန် သံတမန်ရေး ပဋိပက္ခ 17.11.2025

ဂျပန်နဲ့ တရုတ်ကြားက လတ်တလော သံတမန်ရေး ပဋိပက္ခ၊ ဝန်ကြီးချုပ်သစ်ရဲ့ တရုတ်အပေါ် သဘောထား၊ အမေရိကန်အပေါ် သဘောထားနဲ့ တရုတ်နဲ့ဂျပန်ကြားမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အမေရိကန်က ကျားဖြန့်တွေ့ကို နှိမ်နင်းတော့မှာလား 13.11.2025

ကျနော် ခေါင်းစဉ် နှစ်ခုခွဲပြီး ပြောပါ့မယ်။ ပထမတခုက ကျားဖြန့်ခေါင်းဆောင် ရှဲကျီကျန်းကို ဘာလို့ ဒီလောက် မြန်မြန်ဆန်ဆန် တရုတ်ကို ပို့လိုက်ရတာလဲဆိုတာရယ်၊ အမေရိကန်က မြန်မာပြည်တွင်းမှာ အခြေစိုက်တဲ့ ကျားဖြန့်တွေကို နှိမ်နင်းဖို့ နှိမ်နင်ရေးတပ်ဖွဲ့တခု ဖွဲ့လိုက်တယ်ဆိုတဲ့အကြောင်းရယ်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ရွှေတြိဂံရဲ့ ခေါင်းကိုင်ဖခင်ကြီး ကျောက်ဝေ 07.11.2025

ရွှေတြိဂံဒေသကို ထိန်းချုပ်ထားတဲ့ သူဌေးကြီး ကျောက်ဝေအကြောင်း၊ စစ်တပ်နဲ့ပလဲနံပါးသင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ NDAA မိုင်းလားနဲ့ ကျောက်ဝေ ဘယ်လိုဆက်စပ်မှုတွေ ရှိသလဲ၊ 'ကျောက်ဝေ' ဆိုတာ ဘယ်လိုလူမျိုးလဲ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ကမ္ဘောဒီးယားအစိုးရ အကြံပေး၊ ကျားဖြန့်သူဌေးကြီး ချန်းကျီ 22.10.2025

ကမ္ဘောဒီးယားမှာ အခြေစိုက်ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင်နေတယ်လို့ အမေရိကန်က စွတ်စွဲပြီး စွဲချက်တင်ထားတဲ့ လူငယ်ဘီလျံနာ ချန်းကျီအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ကာတာနိုင်ငံ အတိတ်နဲ့ပစ္စုပ္ပန် 08.10.2025

ကာတာနိုင်ငံဘယ်လိုဖြစ်ပေါ်လာသလဲ၊ ဘာကြောင့် ဒီနေ့အခြေအနေထိ ရောက်လာခဲ့သလဲ၊ ကာတာနိုင်ရဲ့ သမိုင်းကြောင်း၊ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့နိုင်ငံရေးမှာ ကာတာက ဘာကြောင့် အရေးပါရသလဲ စတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်ကြားက ဆက်ဆံရေး 30.09.2025

အမေရိကန်က ပိတ်ဆို့မှုလုပ်လိုက်တဲ့ အထဲက မြောက်ကိုရီးယား လက်နက်ကုမ္ပဏီတွေအကြောင်း၊ ဒီမြောက်ကိုရီးယား ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အာဏာသိမ်းစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေတဲ့ လက်နက်ပွဲစား မြန်မာနိုင်ငံသားတွေအကြောင်းအပြင် မြန်မာနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်းတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

မြန်မာစစ်တပ် သုံးနေတဲ့ တရုတ်ရဲ့ အင်တာနက် မဟာရံစနစ် 22.09.2025

တရုတ်အစိုးရက သုံးနေတဲ့ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်နဲ့ ဒီစနစ်နဲ့တူတဲ့ စနစ်တခု မြန်မာအာဏာသိမ်းစစ်တပ်က သုံးနေတဲ့အကြောင်း၊ ရေရှည်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

စိန်ခေါ်မှု အသစ်တွေနဲ့ နီပေါနိုင်ငံအနာဂတ် 11.09.2025

နီပေါဆန္ဒပြပွဲတွေ ဘာကြောင့် ဖြစ်လာရသလဲ၊ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကနေ ဘာကြောင့် မီးရှို့လုယက်တဲ့အထိ ဖြစ်ခဲ့သလဲ၊ နီပေါလ်ရဲ့ နိုင်ငံရေးသမိုင်းကြောင်းနဲ့ လက်ရှိအခြေအနေကို ရောက်အောင် တွန်းပို့လိုက်တဲ့ နောက်ခံအကြောင်းတရားတွေကို လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

စစ်တပ်ရွေးကောက်ပွဲနဲ့ ဝေဝါးနေတဲ့ တော်လှန်ရေး 27.08.2025

လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး အခြေအနေအပေါ် အမြင်နဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဘာလုပ်ကြရမလဲ Mratt Channel ရဲ့ သဘောထားအာဘော် ကိုနားဆင်ကြရမှာ ဖြစ်ပါတယ်။​ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ယူကရိန်းအတွက် လုံခြုံရေး အာမခံချက် 19.08.2025

ဒီထဲမှာ အဓိက ပြောကြတဲ့အကြောင်းအရာက ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးဖို့ကိစ္စ ဖြစ်ပါတယ်။ ခု သူတို့ ပြောနေတဲ့ လုံခြုံရေးအာမခံချက်ကို ကျနော်တို့ ကြည့်ကြည့်ရအောင်ပါ။ ဒီကိစ္စမှာ အကြမ်းဖျဉ်းအားဖြင့် ကဏ္ဍ ၆ ခုခွဲထားတာကို တွေ့ရပါတယ်။ ဒီအချက်တွေဟာ လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေရဲ့ အဓိက သော့ချက်တွေလည်းပဲ ဖြစ်ပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အာရှရဲ့ အကြီးဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် ရှဲကျစ်လော့ 18.08.2025

မြန်မာနိုင်ငံကို ခြေကုပ်ယူပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ သြစတြေးလျား၊ နယူးဇီလန်တို့ထိ မူးယစ်ဆေးဝါး ဖြန့်ချိခဲ့တဲ့ မူးယစ်ခေါင်းဆောင်၊ ဘီလျံနာ ရှဲကျစ်လော အကြောင်း လေ့လာကြည့်ရအောင်ပါ။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

တရုတ်၊ အမေရိကန်နဲ့ မြေရှား နိုင်ငံရေး 15.08.2025

တရုတ်ရဲ့ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတဲ့ မြန်မာ့မြေရှားတူးဖော်မှုမှာ အမေရိကန် ပါဝင်လာမလား။ အရင်က အမေရိကန်အတွက် တိုက်ရိုက်အကျိုးစီးပွားမရှိတဲ့ မြန်မာ့အရေးမှာ မြေရှားသတ္တုကြောင့် အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှု ဖြစ်လာနိုင်သလား။ မြေရှားအရေးကြောင့် မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအခြေအနေတွေအပေါ်မှာရော သက်ရောက်မှု ရှိသွားနိုင်သလား။ ဒီအကြောင်းအရာတွေကို အောက်စ်ဖို့တက္ကသိုလ်မှာ အကြီးတန်း လက်ထောက်ပညာရှင် လုပ...

ခုကာလက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ် ကြားကာလလိုမျိုး ပြန်ဖြစ်နေတယ် 31.07.2025

ဒီနေ့ကမ္ဘာမှာ စစ်ပွဲတွေ ဘာကြောင့် အဲ့လောက် လွယ်လွယ်ကူကူ ဖြစ်လာရတာလဲ၊ ကျနော်တို့ နေ့စဉ်ဘဝတွေက ဘာကြောင့် အရင်လို နေပျော်စရာမကောင်းရတော့တာလဲ၊ အချင်းချင်းသွေးကွဲတာ၊ ဘက်ရွေးတာနဲ့ သွေးထွက်သံယိုမှုတွေ ဘာကြောင့် များလာရသလဲ၊ လူပြိန်းကြိုက် လူများကြိုက်ဝါဒီတွေ၊ လက်ယာစွန်းသမားတွေ ဘာကြောင့် ခေါင်းထောင်လာရသလဲ။ ဆရာမ မသီတာ (စမ်းချောင်း) နဲ့ မေးမြန်းထားပါတယ်။ Support this podcast at — https://redcircle.com/the-mr...

စစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ဆန်ရှင်စာရင်းက ဖျက်လိုက်တဲ့ အကြောင်းရင်း 29.07.2025

စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ၄ ဦးကို အမေရိကန် အစိုးရက ပိတ်ဆို့မှုစာရင်းက ဖယ်ရှားလိုက်တာဟာ စစ်ခေါင်းဆောင်ရဲ့ပြန်စာကြောင့်လား၊ Gold Card ဝယ်ခဲ့ကြလို့လား စတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်နေခဲ့ပေမဲ့ အမေရိကန် အခြေစိုက် လော်ဘီအဖွဲ့အစည်းတခုကြောင့်ဆိုတဲ့ အထောက်အထားတွေ တရက်က ထွက်လာပါတယ်။ ဒီအကြောင်းအပြည့်အစုံကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်သူလည်းဖြစ် နိုင်ငံရေးလေ့လာသူလည်းဖြစ်...

KKK နဲ့ Spanish Inquisition 26.07.2025

အမေရိကန်က Ku Klux Klan ပြီးတော့ စပိန်သမိုင်းထဲက Spanish Inquisition အကြောင်းကို နားဆင်ရမှာပါ။ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေနဲ့ စပိန်က ဘာသာရေးပွဲတော်တခုကိုလည်း ပြောပြသွားပါမယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

ထိုင်းနဲ့ကမ္ဘောဒီးယား ဘာဆက်ဖြစ်ကြသလဲ 25.07.2025

ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးဟာ နှစ်နိုင်ငံ အနိုင်အရှုံးတိုက်မဲ့ စစ်ပွဲမျိုးထိ ရောက်မလာနိုင်ပါဘူး။ အာဏာရှင်လက်ဟောင်း အုပ်ချုပ်နေတဲ့နိုင်တဲ့ နိုင်ငံရေးရှုပ်ထွေးနေတဲ့ နိုင်ငံတို့အကြား သက်တမ်းရင့် နိုင်ငံရေးသမားတွေက စစ်တိုက်ပြီး နိုင်ငံရေးကစားနေကြတယ်လို့ပဲ မြင်ရပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

အာဏာတည်မြဲရေးအတွက် နေတန်ယာဟု စစ်တိုက်နေသလား 24.07.2025

အစ္စရေး ဂါဇာစစ်ပွဲ ဘာကြောင့် ဒီလောက် ကြာနေရသလဲ၊ အစ္စရေးဟာ ဂါဇာအပြင် လက်ဘနွန်၊ ဆီးရီးယား နောက်ဆုံး အီရန်ထိ ဘာကြောင့် စစ်ဘောင်ချဲ့ခဲ့သလဲ။ အစ္စရေးနိုင်ငံကို ကာကွယ်ရေးမဟုတ်ဘဲ နေတန်ယာဟုဟာ သူ့အာဏာအသက်နိုင်ရေးအတွက် ဒီစစ်ပွဲတွေကို တိုက်နေသလား ဆွဲဆန့်နေသလားဆိုတဲ့ ယူဆချက်တွေ ရှိလာပါတယ်။ Support this podcast at — https://redcircle.com/the-mratt-podcast/exclusive-content

Poslouchej podcast The Mratt Podcast v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály