SBS
SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်
Independent news and stories connecting you to life in Australia and Burmese-speaking Australians. - သင့်ကို သြစတြေလျမှာရှိတဲ့ ဘ၀နဲ့ မြန်မာစကားပြောတဲ့ သြစတြေလျံတွေကို၊ လွတ်လပ်တဲ့သတင်းနဲ့ အကြောင်းရာများကို ဆက်နွယ်ပေးထားပါတယ်။
Určitě navštivte web podcastu a podpořte jeho tvůrce: www.sbs.com.au
Kde poslouchat?
Podcasty v aplikaci Replaio Radio Už brzyPodcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty
Epizody
စားဝတ်နေရေးအတွက် မိမိတို့၏ ဆံပင်ကို ရောင်းချနေကြသော အမျိုးသမီးများ။ 20.08.2026 8:48
ရန်ကုန်မြို့ အင်းစိန်နဲ့ သာကေတအပါအဝင် ဆံပင်ဝယ်ယူတဲ့ နေရာတွေမှာ နေ့စဉ် အမျိုးသမီး အများအပြားဟာ သူတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ဆံပင်တွေကို ဖြတ်ရောင်းနေကြမှု တနေ့ထက် တနေ့များပြားလာတယ်လို့ဆံပင်ဝယ်ရောင်း လုပ်နေသူတွေ ဆီကသိရပါတယ်။
သြစတြေးလျတွင် ဘုံဘိုင်မှ ရေကို သောက်သုံးခြင်း။ 19.08.2026 15:14
ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိနိုင်မှုသည် မရှိမဖြစ်လိုအပ်လှပြီး ဩစတြေးလျ၏ မကြာခဏဆိုသလို ကြမ်းတမ်းလေ့ရှိသော သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေအရင်းအမြစ်များသည် အထူးပင် တန်ဖိုးကြီးမားလှပါသည်။
တစ်စုံတစ်ယောက်ရဲ့ ဥယျာဉ်ထဲက သစ်သီးတွေကို ခူးလို့ရပါသလား။ 18.08.2026 12:18
သြစတြေးလျမြို့ပြဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လမ်းလျှောက်သွားလာစဉ် အိမ်ရှေ့ဥယျာဉ်များ သို့မဟုတ် လမ်းဘေးမြက်ခင်းစပ်များ၌ စိုက်ပျိုးထားသော ဟင်းခတ်အရွက်များ (curry leaves) နှင့် သံပုရာသီးများမှစ၍ ခရမ်းချဉ်သီးများနှင့် ဟင်းခတ်အပင်များအထိ အမျိုးမျိုးသော အပင်များကို သင်တွေ့မြင်နိုင်ပါသည်။
ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေ။ 18.08.2026 13:32
ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။
ALC: SBS မြန်မာ ၂၀၂၆ ဇူလိုင် ၁၇ ရက် News Flash သတင်းများ။ 17.08.2026 3:26
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။
Starlink ဝန်ဆောင်မှု ရပ်တန့်မှုများကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်။ 13.08.2026 10:10
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အများအပြားတွင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သည်။
ဆီစျေးနှုန်းအပေါ် အာရုံစိုက်ခြင်း 13.08.2026 9:28
အမေရိကန်နဲ့ အီရန် စစ်ပွဲ အချိန်ကြာ လာတာနဲ့အမျှ သြစတြေးလျနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် စျေးနှုန်းတွေဟာ ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။
သန့်စင်ထားသော မိလ္လာရေကို ကျွန်ုပ်တို့ သောက်သုံးသင့်ပါသလား။ 11.08.2026 11:07
ရာသီဥတုဖောက်ပြန်မှုနှင့် လူဦးရေ တိုးမြင့်လာမှုနှင့်အတူ ရေပေးမှု ဖိအားအောက် တွင် အနာဂတ် အတွက် သန့်စင်ထားသော မိလ္လာရေကို သောက်သုံးခြင်းက အဖြေ တစ်ခုဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများကဆိုသည်။
စစ်ကိုင်းမှာ ဆည်ရေလွှတ်လို့ မြို့ နယ် ၁၀ ခုထက်မနည်းမှာ ရေကြီးရေလျှံနေ။ 11.08.2026 11:17
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆည်ရေလွှတ်ချမှုတွေကြောင့် စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသတစ်ခုလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုနဲ့လူပျောက်မှုတွေပါ ဖြစ်ပွားနေပါတယ်။
ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးတဲ့အခါ သင့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိသလဲ။ 11.08.2026 14:57
ရဲအရာရှိများသည် ဥပဒေအရ ကျင့်သုံးနိုင်သော လုပ်ငန်းဆောင်တာဆိုင်ရာ လုပ်ပိုင်ခွင့်အမျိုးမျိုးရှိကြပြီး၊ ယင်းတို့တွင် မေးမြန်းစုံစမ်းခြင်း၊ ထိုနေရာမှ ထွက်ခွာသွားရန် ညွှန်ကြားခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းတို့ ပါဝင်သည်။
SBS မြန်မာပိုင်း News Flash - တနင်္လာနေ့၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။ 10.08.2026 4:38
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။
Census နှင့် ပတ်သက်၍ Wyndham Settlement Services Team Leader ဦးမေစီဝင်းကို မေးမြန်းခန်း။ 06.08.2026 11:30
၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီညမှာ ဩစတြေးလျနိုင်ငံအတွင်း ရှိနေသူတိုင်း စာရင်းထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။
ICRC Redcross ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ။ 06.08.2026 12:06
၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပါတယ်။
SBS မြန်မာပိုင်း Newsflash ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၅ ရက်။ 05.08.2026 4:16
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။
ရေကာတာကျိုးလို့ ဒေသခံသောင်းချီရေဘေးသင့်နေ။ 04.08.2026 10:39
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။
Garma ဆိုတာဘာလဲ၊ ပြီးတော့ ဒါက ဘာကြောင့် အရေးကြီးတာလဲ။ 04.08.2026 11:44
နှစ်စဉ် သတင်းတွေမှာ Garma Festival ဂါးမ ပွဲတော်အကြောင်း ကြားဖူးကြပါလိမ့်မယ်။ အထူးသဖြင့် သြစတြေးလျရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက Arnhem Land မြောက်အရှေ့ပိုင်းဆီ သွားရောက်တက်ရောက်ကြတဲ့ အခါမျိုးမှာ အဲဒီအကြောင်း ကြားကြရနိုင်ပါတယ်။
ရန်ပုံငွေမရှိလို့ STUM ရပ်လိုက်ရ 03.08.2026 18:43
မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းမှ ထုတ်ဖော်ပေးနေသည့် "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" သည် ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။
စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂက လေဘာပါတီကို တောင်းဆို 30.07.2026 10:18
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဟာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေးတို့အတွက် နှစ်ရှည်လများ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် လေဘာပါတီရဲ့ အခြေနေတွေကို ပြောင်းဖို့ Ben Carroll ကြိုးပမ်း 30.07.2026 15:33
ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အသစ် ဘန် ကာရိုးလ်ဟာ ဂျာစင်တာ အလန် (Jacinta Allan) ကို ရာထူးကနေ ဖယ်ရှားပြီး ထိပ်တန်းခေါင်းဆောင်နေရာကို ရယူခဲ့ပြီးနောက်၊ လေဘာပါတီရဲ့ ကျဆင်းနေတဲ့ မျက်နှာပန်းကို ပြန်လည် ဆယ်တင်ဖို့အတွက် လေးလအချိန် ရရှိထားပါတယ်။
When can my teenager start work in Australia? - အသက်မပြည့်သေးတဲ့ လူငယ်တွေ အလုပ်လုပ်လို့ ရပါသလား 28.07.2026 13:48
Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။
စစ်အုပ်စုနှင့်ဆက်ဆံမှုရပ်ဖို့ နိုင်ငံတကာရေနံကုမ္ပဏီ ၁၁ ခုကို JFM တောင်းဆို 28.07.2026 10:02
လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ “မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) ထဲ ဇူလိုင်လအတွင်း ထပ်မံထည့်သွင်းခံရတဲ့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှု ရပ်ဆိုင်းရန် ဒါမှမဟုတ် တာဝန်သိသိဖြင့် လုပ်ငန်းတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
၂၈ ဇူလိုင် ၂၀၂၆ အတွက် သတင်းများ 28.07.2026 9:26
ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက ဗစ်တိုးရီယားပြည်နယ် ဝန်ကြီးချုပ် Jacinta Allan ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း၊ Western Australia ပြည်နယ်မှာ စွမ်းအင်စက်ရုံအသစ် တည်ဆောက်မယ့်အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
"ပိုးဟပ်"ပါတီဆိုတာ ဘာလဲ? ဝန်ကြီးချုပ်အတွက် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာတဲ့ လူငယ်လှုပ်ရှားမှုအကြောင်း 24.07.2026 13:48
အိန္ဒိယ ဝန်ကြီးချုပ် Narendra မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတစ်ခုမှာ၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဆန္ဒပြသူ သောင်းနဲ့ချီပြီး အိန္ဒိယပါလီမန်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။
စစ်တပ်ရဲ့ တဖွဲ့ချင်း အပစ်ရပ်ရေး အစီအစဉ် ဘယ်ကို ဦးတည်နေလဲ။ 24.07.2026 9:03
နေပြည်တော် ခေါင်းဆောင်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAOs) တစ်ဖွဲ့ချင်းစီရဲ့ နယ်မြေအကျိုးစီးပွား၊ သီးခြား လိုလားချက်တွေနဲ့ စစ်ရေးဖိအားတွေအပေါ် မူတည်ပြီး "သီးခြား အပစ်ရပ်ရေး စေ့စပ်မှုများ" ကို ပြုလုပ်နေပါတယ်။
ဂျူလိုင်လ ၂၇ ရက်နေ့ အချက်ပေးသံက အမျိုးသမီးအချို့အတွက် စိုးရိမ်စရာဖြစ်နိုင် 22.07.2026 16:34
ဂျူလိုင်လ ၂၇ ရက်နေ့ကြရင် ဩစတေးလျတစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းဖုန်းတိုင်းကနေ အချက်ပေးသံ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ AusAlert စနစ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲမှာ စတင်အသုံးပြုနိုင်တော့မယ့်အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်မစတင်ခင်မှာ ဒီစနစ်ကို သြစတြေးလျတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စမ်းသပ်ဖို့ လိုအပ်ပါတယ်။
Podobné podcasty
Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály