Democratic Voice of Burma

DVB News

News MY ↓ Epizody: 1459

The Democratic Voice of Burma is a non-profit Burmese media organization committed to independent and responsible journalism. The DVB Foundation was registered in Oslo, Norway in 1992. DVB started as a shortwave radio service into Burma (Myanmar) but expanded its programming to begin satellite television broadcasts in 2005. DVB started broadcasting on a free-to-air digital TV channel on March 24, 2018. Since the 2021 military coup, it launched DVB Podcasts and DVB Radio to get critical news and information into the country via shortwave and online.

Určitě navštivte web podcastu a podpořte jeho tvůrce: burmese.dvb.no

Autor

Democratic Voice of Burma

Kategorie

News

Web podcastu

burmese.dvb.no

Nejnovější epizoda

10. čvc 2026

Kde poslouchat?

Podcasty v aplikaci Replaio Radio Už brzy

Podcasty míří do aplikace už brzy. Nainstaluj si ji teď a jako první uvidíš úplně nový pohled na podcasty

Stáhnout z Google Play Nainstaluj zdarma Android téměř 10 mil. stažení · hodnocení 4,8 iOS už brzy

Epizody

DVB Newsbreak 5.5 ( ၁၂ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 12.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့  -ကချင်စစ်ရှောင်စခန်း တိုက်ခိုက်မှုအပေါ်  တော်လှန်ရေးအင်အားစုတွေက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း  -မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ သိုလှောင်ထားတဲ့ယမ်းတွေပေါက်ကွဲခဲ့တာလို့ စစ်ကောင်စီက ပြောတဲ့အပေါ်   KIO ကတုံ့ပြန်လိုက်တဲ့သတင်း  -ပဲခူးမှာ ရေပြန်ကျသွားပေမဲ့  လှည်းကူးမှာတော့  ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော် အကူအညီလိုအပ်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

DVB Newsbreak 5.5 ( ၁၁ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 11.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ ကချင်စစ်ရှောင်စခန်းကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  နိုင်ငံတကာက ကန့်ကွက် ရှုတ်ချလိုက်တဲ့သတင်း ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ် တသက်တကျွန်းချမှတ်လိုက်တဲ့ သတင်းနဲ့  ပဲခူးရေဘေး ကူညီကယ်ဆယ်ရေး သွားရောက်သူတွေကို စစ်ကောင်စီက  ခေါ်ယူစစ်ဆေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ

DVB Newsbreak 5.5 ( ၁၀ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 10.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လိုင်ဇာအနီး စစ်ရှောင်စခန်းကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူ အများအပြား သေဆုံး ဒဏ်ရာရသွားတဲ့သတင်း -စစ်ဘေးရှောင်စခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်းနဲ့  -ပဲခူးမှာ ရေဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိလာပြီး နေအိမ်အတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေရတဲ့သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။

DVB Newsbreak 5.5 ( ၉ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်းသတင်း) 09.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၉  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ပဲခူး၊  သထုံနဲ့ မှော်ဘီတိုက်ကြီးမှာ ပြည်သူတွေ ရေဘေးနဲ့ ကြုံနေရတဲ့သတင်း  -တန့်ဆည်မြို့နယ်မှာ  ဆန္ဒပြသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတဲ့သတင်းနဲ့  -အန်စီအေ ၈ နှစ်ပြည့်ပွဲတက်ဖို့ စ ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြားလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

အန်စီအေ ၈ နှစ်ပြည့်ပွဲ တက်ရန် ကေအိုင်အေကို စစ်ကောင်စီ ဖိတ်ကြား 09.10.2023

အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်ဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အဖွဲ့ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ၈ နှစ်ပြည့် အခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့  စစ်ကောင်စီက ဖိတ်ကြားထားတယ်လို့ ကေအိုင်အေက ပြောပါတယ်။ စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ပြီး လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် ကေအိုင်အေနဲ့တပ်တွေ တိုက်ပွဲတွေပြင်းထန် ဖြစ်နေသလို ဒေ...

နိုဘယ်ဆုရှင်များ၏ ရှာဖွေတွေ့ရှိမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(08102023) 08.10.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ကမ္ဘာ့ဆရာများနေ့နဲ့ မြန်မာပြည်က ဆရာများ၊ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှု၊ မြန်မာစီးပွားရေးနဲ့ နိုင်ငံရေး သုံးသပ်ချက်စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

မြန်မာ့အရေးအတွက် အမေရိကန်က ငွေကြေးပိုထောက်ပံ့ရန် တွန်းအားပေးနေ 07.10.2023

Burma Act နဲ့ဆက်စပ်တဲ့ မြန်မာ့အရေး ငွေကြေးထောက်ပံ့မှုပမာဏကို လာမယ့် နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော် ၂ ရပ်က အတည်ပြုဆုံးဖြတ်ဖို့ရှိနေပြီး အကူအညီတွေပိုရလာအောင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တွန်းအားပေး ဆောင်ရွက်နေပါတယ်။ Burma Act တခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေမူကြမ်း NDAA ထဲမှာ အမေရိကန်လွှတ်တော် ၂ ရပ်က ထည့်သွင်းခဲ့တာ၊ မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်းဘဲ...

DVB Newsbreak 5.5 ( ၆ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 06.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၆  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံတောင်ပိုင်းမှာ စစ်တပ်က ပိုမိုရက်စက်ကြမ်းကြုတ်သတ်ဖြတ်မှုတွေ ကျူးလွန် လာနေတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့က  ထုတ်ပြန်လိုက်တဲ့သတင်း -ဘန်ကောက် ကုန်တိုက် ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးအတွက် ဝမ်းနည်းကြောင်း သေနတ်သမား ထိုင်းလူငယ်ရဲ့ မိဘက ပြောကြားလိုက်တဲ့သတင်းနဲ...

DVB Newsbreak 5.5 ( ၅ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 05.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၅  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်း  -မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုတွေ ကျူးလွန်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့   ILO စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့  -ကိုးကန့် လုပ်ငန်းရှင်...

DVB Newsbreak 5.5 ( ၄ ရက်၊ အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 04.10.2023

ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ကုန်တိုက်တခုမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ  မြန်မာအမျိုးသမီး တယောက် သေဆုံးသွားတဲ့သတင်း -မြန်မာစစ်တပ်အတွက် အင်ဒိုနီးရှားက လက်နက်ရောင်းနေတဲ့ကိစ္စ စုံစမ်းစစ်ဆေးပေးဖို့ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်တဲ့သတင်းနဲ့ -ကေအန်ယူ ဥက္ကဋ္ဌဟောင်းနဲ့  စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှုဟာ ကေအန်ယူအဖွဲ့အစည်းနဲ့  မသက်ဆိုင်ဘူးလို့  ကေအန်ယူဗဟိုက  တုံ့ပြန်လိုက်...

DVB Newsbreak 5.5   ( ၃ ရက်၊ အောက်တိုဘာ   ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 03.10.2023

DVB Newsbreak 5.5   ( ၃ ရက်၊ အောက်တိုဘာ   ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) ဒီနေ့နားဆင်ရမယ့် သတင်းများ -မြန်မာပြည်သူလူထု ၂ သန်းလောက် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နိုင်ငံအနှံ့ မြေမြုပ်မိုင်းကြောင့် သေဆုံးသူတွေများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် -အာဆီယံ- အီးယူ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဖိုရမ်မှာ  စစ်ကောင်စီကို တက်ခွင့်ပြုတဲ့ အပေါ်  NUG အစိုးရက ကန့်ကွက်ရှုတ်ချ မြန်မာ့စီးပွားရေး GDP တိုးတက်နှုန်းဟာ လာမယ့်န...

DVB Newsbreak 5.5 ( ၂ ရက် အောက်တိုဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 02.10.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဖမ်းဆီးခံ နိုင်ငံခေါင်းဆောင် နှစ်ယောက်ရဲ့  အမှုတွေအတွက် အထူးအယူခံတက်ဖို့ ကြန့်ကြာနေတဲ့သတင်း  -ထားဝယ်အကျဉ်းထောင်ကနေ  နိုင်ငံရေးအကျဥ်းသား ၁၄ ဦး လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့သတင်းနဲ့  -ခရိုနီနဲ့ စစ်တပ်ပိုင်ဟိုတယ်တွေမှာ  မတည်းခိုကြဖို့  အင်းလေးလူထုက တောင်းဆိုလိုက်တဲ့ သတင်းတွေနားဆင...

ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းနေ 01.10.2023

၂၀၂၃ ခုနှစ်မတိုင်ခင်မှာ ချင်းပြည်နယ်အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက် ချင်းပြည်ကောင်စီညီလာခံကို မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးက ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။ ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကနေ ဆောင်ရွက်နေရာမှာ တ...

ဆီပါမစ်အတွက် စစ်ဗိုလ်ချုပ်တွေကိုလာဘ်ထိုးရတဲ့ ဂါကြေး၊ သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(01102023) 30.09.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေး သုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ ဆီပါမစ်နဲ့ စစ်ဗိုလ်ချုပ်တွေကို လာဘ်ထိုးရတဲ့ ဂါကြေး၊ ပြည်ပရောက်တွေအတွက် ၁၀% အခွန်၊ NLD ၃၅ နှစ်ဖြတ်သန်းမှု စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး သံရေးတမန်ရေးအောင်မြင်မှုရခဲ့ဟု NUG ပြော 30.09.2023

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာ့အရေးကို ထဲထဲဝင်ဝင်ဆွေးနွေးတာမျိုးမရှိဘူးလို့ ဝေဖန်တာတွေရှိခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက်တော့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံခွင့်ရပြီး ကောင်းမွန်တဲ့ သံတမန်ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့တယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာ ၁၈ ရက်ကနေ ၂၆ ရက်အထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ကျင်းပခဲ့တာပ...

DVB Newsbreak 5.5 (၂၉ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 29.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -အန်စီအေ ၈ နှစ် ပြည့်ပွဲ လာတက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ခေါင်းဆောင်က ဖိတ်ခေါ် လိုက်တဲ့သတင်း -လိုင်ဇာရှိ အေအေ တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ အေအေ ဗိုလ်ကြီး ၁ ဦး ကျဆုံးသွားတဲ့သတင်နဲ့   -ဝန်းသိုမြို့နယ္မှာ ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီနဲ့ ပစ်ခ...

နှစ်၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ တော်လှန်ရေးမှာပါဝင်လာတဲ့ မနန္ဒာ 29.09.2023

နှစ်ပေါင်း ၂၀ကျော်ကြာ မိတ်ကပ်အလှပညာရှင်ဘဝကနေ စစ်အာဏာရှင်အမြစ်ပြတ် ဖြုတ်ချရေးအတွက် တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာကနေပါဝင်လာခဲ့တဲ့ မနန္ဒာအကြောင်းကို ဟန်နက ပြောပြပေးသွားမှာပါ။

DVB Newsbreak 5.5 (၂၈ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 28.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မြန်မာနိုင်ငံအရေး ICC  ဆီလွှဲပြောင်းကိုင်တွယ်ဖို့ ကုလမဟာမင်းကြီးတောင်းဆိုချက်ကို NUG  က ကြိုဆိုလိုက်တဲ့သတင်း -မြိတ်မြို့နယ်မှာ မိုးသည်းထန်ပြီး လူနေအိမ်တွေ ရေနစ်မြုပ် မြေပြိကျတဲ့သတင်းနဲ့  -မြန်မာနိုင်ငံမှာ  မလေးရှားနိုင်ငံသား အယောက် ၁၀၀၀ လောက် လူကုန်ကူးခံနေရတယ်ဆိုတဲ့ သတင်းတွေ နား...

ကရင်ပြည်နယ်တွင် အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာ 28.09.2023

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းက အိုင်ဒီပီဦးရေ ၆ သိန်းကျော်အထိ တိုးလာပြီး စစ်ဘေးရှောင်ပြည်သူတွေ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေသလို နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေဟာ အမှန်တကယ် ရောက်သင့်တဲ့ နေရာတွေကို မရောက်ဘူးလို့ ကရင်အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ကြောင်း ပါမောက္ခ ရှောင်တာနယ် ပြော 28.09.2023

စစ်ကောင်စီရဲ့ အဓိက ဘဏ်တွေကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်တာတွေဟာ ထိရောက်မှု ကြီးကြီးမားမား ရှိနေပြီး မြန်မာ့စီးပွားရေး အကျပ်ရိုက်မှုကို ရုရှားလည်း မကယ်တင်နိုင်ဘူးလို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က ပြောပါတယ်။ ဒီသတင်းကို ဇွဲသစ် ပေးပို့ထားပါတယ်။

DVB Newsbreak 5.5 (၂၇ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 27.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -မွန်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ မိုးများ ရေကြီးပြီး မြေပြိုဘေး ကြုံရနိုင်တယ်လို့ သတိပေးထားတဲ့သတင်း  -တိုက်ပွဲတွေကြောင့်  ကြာအင်းဆိပ်ကြီးဒေသခံ ၁၅၀၀၀ လောက် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်းနဲ့  -စစ်ကောင်စီက အန်အယ်လ်ဒီပါတီဝင် ၁၀၀ လောက်ကို သတ်ဖြတ်ပြီး ၁၇၀၀...

DVB Newsbreak 5.5 (၂၆ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 26.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -ဒု-ဗိုလ်ချုပ်ကြီး ၂ ဦးကို စစ်ကောင်စီက ထုတ်ပယ်လိုက်တဲ့သတင်း -လုပ်အားခ ၂၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည့်အပေါ်  ထိုင်းရောက် မြန်မာလုပ်သားတွေက ကန့်ကွက် ဆန္ဒပြကြတဲ့သတင်းနဲ့  -မိုးမောက်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ။

ဝင်ငွေ ၁၀ ရာခိုင်နှုန်းကို စစ်ကောင်စီအခွန်ကောက်မည့်အပေါ် ထိုင်းရောက်မြန်မာအလုပ်သမားများ ကန့်ကွက် 26.09.2023

လစဉ်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်ကောင်စီက အခွန်ကောက်မည့်အပေါ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေက ဘန်ကောက်မြို့ UN ရုံးရှေ့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

DVB Newsbreak 5.5 (၂၅ စက်တင်ဘာ ၂၀၂၃၊ ညနေခင်း ပေါ့ဒ်ကတ်စ်သတင်း) 25.09.2023

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ  ၂၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ရမယ့် သတင်းတွေကတော့ -လေဖိအားနည်းရပ်ဝန်းနဲ့ လေပွေလှိုင်းတွေကြောင့်  လေပြင်းတိုက်၊ ရေကြီးနိုင်တဲ့သတင်း  -ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတော်အလံကို အလေးပြုဖို့နဲ့ နိုင်ငံတော်သီချင်းဆိုဖို့ စစ်ကောင်စီ အမိန့်ထုတ်လိုက်တဲ့သတင်းနဲ့ -ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရတဲ့  စစ်ရှောင်ပြည်သူ ၁၀၀ ကျော် ရှိလာတဲ့သတင...

စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု သုံးသပ်ချက်အပါအဝင် DVB Weekly News Digest အစီအစဉ်။(23092023) 24.09.2023

ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။ ဒီတပတ်အစီအစဉ်မှာတော့ စစ်အုပ်စုတွင်းအကျင့်ပျက်ခြစားမှု၊ ရွှေဝါရောင်တော်လှန်ရေး ၁၆ နှစ်၊ မြန်မာမပါတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ စတာတွေကို ဒီဗွီဘီဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

Poslouchej podcast DVB News v Replaio

Rádio a podcasty v jedné aplikaci - zdarma a bez registrace. Nainstaluj si ji ještě dnes a nepropásni premiéru

Stáhnout z Google Play

Replaio není vydavatelem podcastů; názvy pořadů, obálky a audio patří jejich autorům a šíří se přes veřejné RSS kanály